တွစ်တာဘုတ်အဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့ အီလွန်မက်စ်

2-11-2022yyl01.jpg

တွစ်တာကုမ္ပဏီကို ဝယ်ယူခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ်က တွစ်တာဘုတ်အဖွဲ့က ဖျက်သိမ်းလိုက်ပါပြီ။ အမှုဆောင်ချုပ်သစ် ဖြစ်လာမယ့် အီလွန်မက်စ်က တွစ်တာရဲ့ အကောင့်စစ်ဆေးမှု နည်းလမ်းတွေကို ပြောင်းလဲဖို့ ရှိနေပြီး ဝန်ထမ်းအရေအတွက်ကိုလည်း လျှော့ချသွားမှာပါ။ ပထမအဆင့်အနေနဲ့ ဝန်ထမ်း ၂၅ ရာခိုင်နှုန်းအထိ လျှော့ချဖွယ်ရှိတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြပါတယ်။

အီလွန်မက်စ်က တွစ်တာဘုတ်အဖွဲ့ကို ဖျက်သိမ်းပြီး သူ့ရဲ့လူရင်းတွေကို ကုမ္ပဏီမှာ နေရာပေးထားပါတယ်။ လက်ရှိအချိန်မှာ အီလွန်မက်စ်က တွစ်တာ၊ Tesla ၊ SpaceX အစရှိတဲ့ ကုမ္ပဏီ ၃ ခုရဲ့ အမှုဆောင်ချုပ်ရာထူးတွေ ရယူထားပေမဲ့ တွစ်တာကုမ္ပဏီရဲ့ အမှုဆောင်ချုပ်အဖြစ် ယာယီပဲ လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

အီလွန်မက်စ်လက်ထက် တွစ်တာရဲ့ ပြောင်းလဲမှုတွေထဲမှာ အကောင့်စစ်ဖြစ်ကြောင်း အမှတ်အသားလုပ်တဲ့ အပြာရောင်အမှတ်အသား Blue Tick အတွက် တစ်လကို ဒေါ်လာ ၂၀ ပေးရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ တစ်နှစ်ကျော်ကြာ အသုံးမပြုတဲ့ တွစ်တာအကောင့်တွေကို ရှင်းလင်းဖယ်ရှားပေးဖို့ အသုံးပြုသူတစ်ယောက်ရဲ့ တိုက်တွန်းမှုကိုလည်း အီလွန်မက်စ်က ” သေချာပေါက် လုပ်ရမှာပေါ့” လို့ တုံ့ပြန်ခဲ့ပါတယ်။

Ref:Elon Musk dissolves Twitter’s board of directors

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top