အီလွန်မက်စ်က တွစ်တာရဲ့ပိုင်ရှင်အသစ်ဖြစ်လာပြီး စီအီးအိုအပါအဝင် ထိပ်တန်းအကြီးအကဲတွေကို အလုပ်က ထုတ်ပစ်

26-10-2022-yyl-17.jpg

အီလွန်မက်စ်က ဒေါ်လာ ၄၄ သန်းနဲ့ တွစ်တာဝယ်ယူမှုလုပ်ငန်းစဉ်ကို အပြီးသတ်ခဲ့ပြီး တွစ်တာရဲ့ပိုင်ရှင်အသစ်ဖြစ်လာခဲ့ပါပြီ။ သူဟာ တွစ်တာရဲ့စီအီးအို ပါရက်ဂျ် အာဂရာဝဲလ် အပါအဝင် ထိပ်တန်းအမှုဆောင်အရာရှိအများအပြားကို ချက်ချင်းအလုပ်ထုတ်ပစ်ခဲ့ပါတယ်။

သူက စီအီးအို ပါရက်ဂျ်၊ ဘဏ္ဍာရေးအရာရှိချုပ် နက်တ် ဆီဂယ်နဲ့ ဥပဒေရေးရာနဲ့မူဝါဒရေးရာအကြီးအကဲ ဗီဂျာရာ ဂတ်ဒီတို့ကို ရာထူးကနေ ရပ်စဲလိုက်တယ်။ အထွေထွေအကြံပေး ရှောင် အက်ဂတ်တ်ကိုလည်း ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အရောင်းဝယ်ပြီးသွားချိန်မှာ ပါရက်ဂျ်နဲ့ ဆီဂယ်တို့က တွစ်တာဌာနချုပ်မှာ ရှိနေကြပြီး သူတို့ကို အစောင့်အကြပ်တွေနဲ့ ရုံးအပြင်ထုတ်လိုက်ကြတယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

တွစ်တာရဲ့ခေါင်းဆောင်ပိုင်းအဖွဲ့က တွစ်တာပေါ်မှာ Spam အကောင့်တွေနဲ့ သူ့ကို ရင်းနှီးမြှုပ်နှံသူတွေ အထင်အမြင်မှားအောင်လုပ်ခဲ့ကြတယ်လို့ အီလွန်မက်စ်ဟာ အရင်က စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ အောက်တိုဘာ ၂၈ ရက်နေ့မတိုင်ခင် တွစ်တာဝယ်ယူမှုကို အပြီးသတ်ရမယ်လို့ သဘောတူထားတာဖြစ်တဲ့အတွက် အောက်တိုဘာ ၂၇ ရက်နေ့မှာ လုပ်ငန်းစဉ်ပြီးမြောက်သွားခဲ့တာပါ။

ကြော်ငြာရှင်တွေကို ရည်ရွယ်ပြီး အီလွန်မက်စ် တင်ထားတဲ့ တွစ်တာပို့စ်မှာ သူဟာ အကြမ်းဖက်မှုမလှုံ့ဆော်ဘဲ ကျယ်ပြောလှတဲ့ ယုံကြည်ချက်တွေကို အပြုသဘောဆောင်တဲ့ပုံစံနဲ့ ဆွေးနွေးနိုင်တဲ့ ဘုံဒီဂျစ်တယ်မြို့လေးတစ်ခုရှိဖို့ အနာဂတ်လူ့အဖွဲ့အစည်းအတွက် အရေးကြီးတာကြောင့် တွစ်တာကို ဝယ်ယူခဲ့တာဖြစ်ကြောင်း၊ တွစ်တာက အားလုံးကို နွေးထွေးစွာနဲ့ ကြိုဆိုသင့်ကြောင်း ဆိုထားပါတယ်။ သူ့ရဲ့တွစ်တာအကောင့်ပရိုဖိုင်းမှာလည်း “Chief Twit” (တွစ်တာရဲ့အကြီးအကဲ) လို့ ရေးသားထားပါတယ်။

Ref: Mothership “Elon Musk takes over Twitter, fires CEO”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top