realme ၏တစ်ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာပြောင်းလဲရာတွင် အရှေ့တောင်အာရှစျေးကွက်မှာ နောက်တစ်ဆင့်အလေးထားမည့်စျေးကွက်ဖြစ်လာမည်

27-10-2022yyl20.jpg

ကမ္ဘာတစ်ဝန်းလုံးတွင် အလုံးရေ ၁၅သန်း ပမာဏတင်ပို့ရောင်းချနိုင်သည့် စျေးကွက်များ တိုးမြှင့်တည်ဆောက်သွားမည်realme အနေဖြင့် လုပ်ငန်းစတင်လုပ်ကိုင်မှုအချိန်မှစ၍ ဒုတိယတိုးတက်မှုအဆင့်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်ရာ ၄င်းတို့ရှေ့ဆက်သွားမည့် နောက်ထပ်အဆင့်တွင် ပစ်မှတ်ထားသော ရေရှည်တိုးတက်မှုအပေါ်တွင် ၄င်းတို့၏အလေးထားအာရုံစိုက်ခြင်းကို နောက်ထပ်ကောင်းမွန်စေရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

အဆိုပါအချက်က ထုတ်ကုန်အရည်အသွေးနှင့် စျေးကွက်အလေးထားခြင်းအပေါ်တွင် ဖြည့်စွက်အာရုံစိုက်သွားမည်ဟု ရည်ရွယ်ခြင်းလည်းဖြစ်ကြောင်း realme ၏ CEO နှင့် တည်ထောင်သူဖြစ်သူ Sky Li က ထုတ်ဖော်ပြောဆိုသွားသည်။ စွန့်စားကျော်ဖြတ်မည့် “Dare to Leap” စိတ်ဓာတ်ခံယူချက်နှင့်အတူ realme အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ လူငယ်လူရွယ်များအတွက် သင့်တင့်သည့် စျေးနှုန်းမျိုးဖြင့် ထိပ်တန်းရှေ့ပြေးစွမ်းဆောင်ရည်နှင့် ခေတ်ရှေ့ပြေးဒီဇိုင်းတို့ကို ဆက်လက်ဖန်တီးပံ့ပိုးပေးသွားမည်ဖြစ်သည်။

ဒုတိယတိုးတက်မှုအဆင့်သို့ဝင်ရောက်လာရာတွင် realme အနေဖြင့် ပိုပို၍ကောင်းသော ထုတ်ကုန်မဟာဗျူဟာနှင့် စျေးကွက်ရိတ်သိမ်းခြင်း မဟာဗျူဟာတို့ကို လက်ကိုင်ထားသွားမည်ဖြစ်သည်။ စျေးကွက်ရိတ်သိမ်းခြင်း မဟာဗျူဟာအပေါ်တွင် အလေးထားလုပ်ဆောင်ရာ၌ realme အနေဖြင့် ၄င်းတို့၏ ၁၀သန်း ပမာဏ တင်ပို့ရောင်းချနိုင်သည့် စျေးကွက် ၂ ခုကို အထူးအလေးပေးအာရုံစိုက်ပြီး နောက် ၃နှစ်တာ ကာလအတွင်း ၁သန်း ပမာဏတင်ပို့ရောင်းချနိုင်မည့် အမာခံစျေးကွက် ၁၅ ခု အထိတည်ဆောက်နိုင်ရန်အတွက်ပါ ရည်ရွယ်လုပ်ဆောင်သွားမည်ဖြစ်သည်။

realme ၏ တစ်ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာပြောင်းလဲရာတွင် အရှေ့တောင်အာရှစျေးကွက်သည်လည်း နောက်တစ်ဆင့်သို့တက်လှမ်းရာတွင် အဓိကကျသည့်အာရုံစိုက်စရာစျေးကွက်ဖြစ်လာမည်ဖြစ်သလို တစ်ကမ္ဘာလုံးအတိုင်းအတာအရ အလုံးရေ ၁၅ သန်းပမာဏအထိ တင်ပို့ရောင်းချနိုင်မည့် စျေးကွက်များကိုပါ ကြိုးပမ်းတည်ဆောက်သွားမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်မည့်ရည်ရွယ်ချက်မှာ ဒေသတွင်းကိုယ်စားပြုအသင်းအဖွဲ့များ တည်ဆောက်သွားမည့် realme ၏ အားထုတ်ကြိုးပမ်းမှုဖြစ်ပြီး သက်ဆိုင်ရာစျေးကွက်၏ ပြည်တွင်းဝန်ထမ်းများ၊ ပြည်တွင်းအရင်းအမြစ်များနှင့် ပြည်တွင်းအသိဉာဏ်ဗဟုသုတများကို တည်ဆောက်ရယူအသုံးပြုသွားမည်ဖြစ်သည်။

ယခုကဲ့သို့လုပ်ဆောင်ချက်မှာ လူငယ်များနှင့်ပိုမိုနီးကပ်စေမည့် ပြည်တွင်းပိုဆန်သောစျေးကွက်ဆိုင်ရာချဉ်းကပ်မှုများ အဖြစ်ရှိစေမည်ဖြစ်သည်။ သက်ဆိုင်ရာပြည်တွင်းစျေးကွက်ကို အတွင်းကျကျနားလည်ခြင်းနှင့်အတူ realme အနေဖြင့် ပြည်တွင်းသုံးစွဲသူများ၏ သုံစွဲမှုဆိုင်ရာအလေ့အထများနှင့်ပိုမိုကိုက်ညီသော ထုတ်ကုန်များကို ဖန်တီးထုတ်လုပ်ပေးသွားမည်ဖြစ်သည်။

အဆင့်မြင့် High-end ထုတ်ကုန်အမျိုးအစားများမှ အခြေခံအဆင့် entry-level ထုတ်ကုန်များအထိ သက်ဆိုင်ရာထုတ်ကုန်များအားလုံးမှာ သက်ဆိုင်ရာစျေးကွက်များတွင် ပိုမိုတင်ပို့ရောင်းချနိုင်စေမည့် ဦးတည်ချက်ကို ပြီးမြောက်နိုင်စေရန် အထူးအရေးပါလျက်ရှိသည်။ အချို့သောစျေးကွက်များတွင် နံပါတ်စဉ်လိုက် ထုတ်ကုန်များမှာ ရောင်းအားကောင်းမွန်ကြပြီး နောက်ဆက်တွဲရောင်းအားကောင်းထုတ်ကုန်များအဖြစ် entry-level ထုတ်ကုန်များက ရပ်တည်နေကြခြင်းဖြစ်သည်။

မြန်မာပြည်စျေးကွက်တွင် နံပါတ်စဉ်လိုက်ထုတ်ကုန်များနှင့် C series ထုတ်ကုန်များမှာ စုစုပေါင်းရောင်းအားပမာဏတိုးမြှင့်နိုင်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍမှရပ်တည်လျက်ရှိသည်။ ရရှိသည့်ဝင်ငွေပမာဏအပေါ် မူတည်ကာ ပိုမိုများပြားသည့်သုံးစွဲသူများက realme ၏ နံပါတ်စဉ်လိုက် ထုတ်ကုန်များကို ပိုမိုတောင်းဆိုလျက်ရှိကြသည်။ ၂၀၂၂ခုနှစ် ပထမနှစ်ဝက်အတွင်း realme အနေဖြင့် နံပါတ်စဉ်လိုက် မော်ဒယ်၂မျိုးဖြစ်သော realme 9i နှင့် realme 9 တို့ကို မိတ်ဆက်ရောင်းချပေးခဲ့ပြီး ကောင်းမွန်သည့်လုပ်ဆောင်ချက်၊ ကြည်လင်ပြတ်သားသည့် ကင်မရာအရည်အသွေးနှင့် ခေတ်ဆန်လှပသည့်ဒီဇိုင်းတို့ကဲ့သို့ realme သုံးစွဲသူများ၏လိုအပ်ချက်များကို ဖြည့်ဆည်ပေးနိုင်ခဲ့သည်။

အခြေခံအဆင့် entry-level ကဏ္ဍအတွက် realme ၏ C series ထုတ်ကုန်များဖြစ်ကြသည့် C35 နှင့် C30 တို့မှာ စျေးကွက်တွင် သုံးစွဲသူများ ပိုမိုနှစ်သက်စွာရွေးချယ်ခြင်းခံရသည့် ထုတ်ကုန်များအဖြစ် ရပ်တည်ထားနိုင်ခဲ့သည်။ သုံးစွဲသူအများစုမှာ အဆိုပါထုတ်ကုန်များ၏ ခေတ်ဆန်လှပသည့်အသွင်ဒီဇိုင်းကို သဘောကျနှစ်သက်ပြီး ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ realme Myanmar အနေဖြင့်လည်း သိပ်မကြာသည့်အနာဂတ်တွင် နောက်ထပ် C series ထုတ်ကုန်သစ်တစ်မျိုးကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး အထူးသဖြင့် ပိုကောင်းသည့် 50MP ကင်မရာနှင့်အတူ လှပဆန်းသစ်သည့်ဒီဇိုင်းမျိုး လိုချင်သူများအတွက် အထူးသင့်တော်စေမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top