Samsung ဖုန်းမော်ဒယ်မြင့်မြင့် အသစ်ထွက်တာလေးကိုလည်း အရမ်းလိုချင်နေပြီ။ ကိုယ့်ရဲ့ဘဏ်စုငွေကို လည်း တစ်လုံးတစ်ခဲတည်းထုတ်ပြီး ဝယ်ဖို့နှမြောနေသူတွေအတွက် SAMSUNG နှင့် KBZ BANK တို့ ပူးပေါင်းပြီး အစီအစဉ်လေးတစ်ခု ပြုလုပ်ပေးနေပါပြီ။ နောက်ဆုံးပေါ် SAMSUNG ဖုန်း နဲ့ Tablet တွေကို ဝယ်ယူလိုသူတွေအနေနဲ့ KBZ ဘဏ်မှာ စုငွေရှိထား တယ်ဆိုရင် ထိုစုငွေကိုလည်း သုံးစရာမလိုပဲ မိမိရဲ့ပုံမှန်ဝင်ငွေထဲက ၆ လ အရစ်ကျပေးချေသွားရုံနဲ့ SAMSUNG ဖုန်းတစ်လုံးကို အတိုးလုံးဝပေးစရာမလိုပဲ ကုန်ကျစရိတ်ဝန်သိပ်မပိစေပဲ ပိုင်ဆိုင်နိုင်သွားမှာဖြစ်ပါတယ်။
ဘဏ်အကောင့်မဖွင့်ရသေးသူတွေအနေနဲ့လည်း ကိုယ့်မှာ ဖုန်းဝယ်ဖို့စုထားတဲ့ငွေလေးကို KBZ ဘဏ်မှာအပ်၊ ဘဏ်အကောင့်လေးဖွင့်ပြီး ကိုယ့်စိတ်ကြိုက်ဖုန်းလေးကို ပိုင်ဆိုင်ရယူလိုက်ပါ။ ပြီးမှ ကိုယ့်ရဲ့လစဉ်ဝင်ငွေထဲက အရစ်ကျဆပ်သွားမယ်ဆိုရင်တော့ ကိုယ့်ဘဏ်စာရင်းထဲလည်းငွေရှိမယ်၊ အတိုးလည်းပုံမှန်ရနေမယ်၊ ကိုယ်ရ ချင်တဲ့ဖုန်းကိုလည်း အချိန်မီကိုင်ရမယ်၊ လစဉ်ဝင်ငွေထဲက တချို့တဝက်ကိုပဲ ၆ လအရစ်ကျပေးချေနေရမယ်၊ ဒီလို အစီအစဉ်မျိုးဖြစ်ပါတယ်။ KBZ ဘဏ်မှာ အပ်ထားတဲ့ငွေ (သို့) အပ်မယ့်ငွေဟာ ကိုယ်ဝယ်ယူလိုတဲ့ဖုန်းရဲ့ ဈေးနှုန်းနဲ့ကိုက်ညီတဲ့ ငွေပမာဏတော့ ဖြစ် ဖို့လိုအပ်ပါတယ်။
အရစ်ကျဖြင့် ဝယ်ယူလို့ရမယ့် ဖုန်း Model တွေက Galaxy S7 Edge | S7, Note 5, A7 (2016), A5 (2016), Tab S2 9.7” နဲ့ Tab S2 8.0” တို့ဖြစ်ပြီး ဈေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ Samsung Mobile Myanmar Facebook Page https://www.facebook.com/SamsungMobileMyanmar/ နဲ့ https://goo.gl/SQ5C70 မှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။
လုပ်ဆောင်ဖို့လိုအပ်တဲ့အချက်များ
- မိမိဝယ်ယူမည့် ဖုန်းအမျိုးအစားရဲ့ တန်ဖိုးပမာဏရှိတဲ့ BANK ACCOUNT ကို KBZ ဘဏ်မှာ ပြုလုပ်ထားရပါမယ်။
- ACCOUNT မရှိသေးပါက ACCOUNT အသစ်ဖွင့်ပြီး ဖုန်းတန်ဖိုးပမာဏနှင့်ညီမျှတဲ့ ငွေကို ဖြည့်သွင်းထားရပါမယ်။
- ဘဏ်အကောင့် တစ်ခုအတွက် မိမိနှစ်သက်ရာ ဖုန်း (သို့) တက်ပလက် နှစ်လုံးအထိ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
- Bank တွင် form ဖြည့်တဲ့အခါ အိမ်ကိုလာရောက်ပို့ဆောင်စေလိုပါက နေရပ်လိပ်စာ အပြည့်အစုံဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။
- ပစ္စည်းဈေးနှုန်းမှာ မှာယူတဲ့နေ့မှာ ကျသင့်တဲ့ဈေးနှုန်း (ပေါက်ဈေး) အတိုင်းဖြစ်ပြီး အရစ်ကျဝယ်ယူသူတွေဟာ Samsung မှ ပေးတဲ့ Promotion များကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
- ပစ္စည်းကို အိမ်အရောက်ပို့ဆောင်ပေးမှာဖြစ်ပြီး ပို့ဆောင်ရာမှာ နေရာဒေသအကွာအဝေး ပေါ်မူတည်ပြီး ကြာမြင့်ချိန်ကွာခြားမှာဖြစ်ပါတယ်။
- အရစ်ကျငွေခွဲသွင်းရာမှာ စာရင်းစတင်သွင်းတဲ့နေ့ကစပြီး ရက် ၃၀ ပြည့်တိုင်း ကျန်အရစ်များကို ပုံမှန်ပေးသွင်းသွားရမှာဖြစ်ပါတယ်။
ပေးသွင်းဖို့နောက်ကျသွားတယ်ဆိုရင်တော့ KBZ ကနေ ဝယ်ယူသူထံမှ နောက်ကျကြေးနဲ့ အတိုးနှုန်းကို ကောက်ခံမှာဖြစ်ပါတယ်။ ပုံမှန်ပေးသွင်းသွားမယ်ဆိုရင် ဘဏ်ထဲမှာရှိနေတဲ့ ဘဏ်စာရင်းထဲက ငွေတွေအတွက်လည်း အတိုးနှုန်း ပုံမှန်ရရှိနေမှာ ဖြစ်ပါတယ်။
ဝယ်ယူနိုင်မယ့် ပစ္စည်းစာရင်း နဲ့ ဝယ်ယူနိုင်မယ့် မြို့များစာရင်းကို https://goo.gl/Wh95yT မှာကြည့်နိုင်ပါတယ်။ မိမိဝယ်ယူမည့် ဖုန်း၊ အရောင်အမျိုးအစားတို့ကို ကြိုတင်ပြီး ရှိမရှိ မေးမြန်းစုံစမ်းထားဖို့တော့ လိုအပ်လို့ Hot line number 09 9772 33356 , 09 26333 5050 တို့မှာ (မနက် (၉) နာရီမှ – ညနေ (၆) နာရီအတွင်း ၊ ရုံးဖွင့်ရက်များတွင်သာ)စုံစမ်းမေးမြန်းနိုင်ပါတယ်။
https://www.youtube.com/watch?v=VKSFrvxvXW8&feature=youtu.be
Team (ရိုးရာလေး)