အချစ်

mature-couple-still-in-love-3JA9E7U.jpg

Mature couple still in love

အေးချမ်းလှသော ညနေခင်းအချိန်လေးတွင် ကျွန်ုပ်နှင့်မိတ်ဆွေ တို့သည် ရေနွေးကြမ်း၊ လက်ဖက်သုတ်တို့ဖြင့် ရောက်တတ် ရာရာလေးများ ပြောဖြစ်သည်။

ယခုကဲ့သို့ ညချမ်းအချိန် လေးတွင် သာယာလှသောရာသီဥတုကို အကြောင်းပြု၍ ငယ်စဉ်ကအကြောင်းများ ပြန်ပြောဖြစ်ကြလေသည်။

ငယ်ကအကြောင်းကို ပြန်ပြောင်းပြောကြရင်း လူငယ်ဘဝကို အကြောင်းပြုလျက် ကျွန်ုပ်တို့စာကားဝိုင်းလေး တွင် အချစ်ဆို သည့် ခေါင်းစဉ်တစ်ခု ပေါ်လာလေသည်။ ကျွန်တော်တို့လည်း နက်နဲသော အဘိဓမ္မာဿနများမပါဘဲ ကလေးသူငယ် တစ်ယောက်လို အချစ်ကို တွေးဆကြည့်မိသည်။

ချစ်ခြင်းကို အဓိပ္ပါယ်ဖွင့်ပုံများစွာရှိရာ (၁၅၀၀)နှင်(၅၂၈) စသည့်ဖြင့် ဖွဲ့ဆိုကြလေ၏။(၁၅၀၀) မေတ္တာချစ်ခြင်းကို အချို့က ပူလောင်သောသဘောရှိသည်ဟုပြောလေ၏ ၊အချို့က အေးချမ်းသည်ဟုဆိုပြန်လေ၏ ။(၁၅၀၀) ချစ်ခြင်းတွင် အချို့က ရယူခြင်းကို ဆိုလိုသည်ဟုဆိုလာပြန်၏၊ ထိုရယူခြင်း ဆိုသည့် မူဝါဒကို ကိုင်လျက် ပိုင်ဆိုင်နိုင်ရေးအတွက် နည်မျိုးစုံဖြင့် ကြိုးစားကြသကဲ့သို့ ပေးဆပ်ခြင်းဟု ခံယူသူများကလည်း အသက်ကိုပင် လိုအပ်ပါကပေးဆပ်တော့မည့်ဟု စိတ်ကိုပိုင်းဖြတ်လျက် မိမိ၏ချစ်ခြင်းအပေါ်ခံယူချက်ကို ခိုင်မြဲအောင် ဆုတ်ကိုင်ထားသည်ပင်ဖြစ်၏။ ချစ်ခြင်းသည် ပူလောင်သလို အေးမြပေသည် ချစ်ခြင်းသည် ရိုးသားသကဲ့သို့ တစ်ခါတစ်ရံ ညာဏ်များတတ်ပေသည် ချစ်ခြင်းသည် တစ်ခါတစ်ရံ ကလေးငယ်ကဲ့သို့ အပြစ်မရှိသော အရာဖြစ်သော်လည်း တစ်ခါတစ်ရံ စစ်သူရဲကောင်းကဲ့သို့ ဖြစ်လေ၏။ အချစ်သည်အရာရာကိုဖန်ဆင်းနိုင်သကဲ့သို့ အချို့သောလူငယ်တို့ကထင်ကြလေသည်။ ထိုအရာတို့သည် အချစ်၏စွမ်းအားပင်တည်း ၊အချစ်အကြောင်းအား ရေဖွဲ့၍ မကုန်နိုင်ပြီ ဟု မိတ်ဆွေတစ်ဦးက အစပျိုးလေတော့သည်။

အချစ်ဆိုသည်မှာ တစ်ခဏတာ ပျော်ရွှင်ငြိမ်းချမ်းခြင်းတို့ကို တခါတစ်ရံတွင်ဖြစ်ပေါ်စေသော်လည်း ရင်တွင်းဝယ် ပူဆွေခြင်း ငိုကြွေးခြင်း စိတ်ပင်ပန်းခြင်း ပြင်းစွာစိုးရိမ်ပူပန်ရခြင်း သောကတို့ကြောင့် အမှားအမှန်ကို မသိခြင်းတို့သည် ချစ်ခြင်းကြောင့်ခံစားရသော ခံစားချက် များဖြစ်လေ၏။မိမိက ချစ်ရသောချစ်သူအား အခြားသောသူတစ်ဦး တစ်ယောက်က လာရောက်လုယူသွားမည်ကို ကြောက်နေတတ်သူများလည်း များစွာရှိလေ၏။ အချစ်အတွက် မိမိကချစ်သကဲ့သို့ သူကလည်း မိမိအား ပြန်မချစ်မည်ကို စိုးရိမ်ပူပန်ရပြန်လေ၏။ မိမိချစ်သူက မိမိကိုထားခဲ့ပြီး သူတပါးအား ပြောင်းချစ်သွားမည်ကို စိုးရိမ်သည့် သောကစိတ်သည် အချိန်နှင့်အမျှ စိတ်ဖိစီးနေတတ်လေ၏။ အချစ်အတွက် မိမိအား မိမိချစ်သည်ထက် ပိုချစ်ခြင်း ကိုလိုလား ကြပေရာ သူတပါးအပေါ်ကို မိမိချစ်ရသူက စိတ်တွေ မယိမ်းမယိုင်၊ မတိမ်းမညွတ် မလွင့်ပါးစေဘဲ မိမိပေါ်တွင်ရှိ နေစေလိုပြီး အမြဲတမ်းဆိုသလိုလည်း သံသယဖြစ်နေတတ် လေ၏၊ ချစ်ခြင်းကပေးသော ရောဂါတစ်ခုကဲ့သို့ပင်ဖြစ်ကြောင်း မိတ်ဆွေတစ်ဦးက ပြောပြန်ပါတယ်။

ချစ်ခြင်းသည် သတ္တိကိုဖြစ်စေ၏ ချစ်ခြင်ကြောင့် ရန်ငြိုး ဒေါသတွေဖြစ်ပြီး အဲဒီအနောက်က အချစ်ကြီးတော့ အမျက်ကြီးလို့ ရန်ငြိုးတွေတွယ်တတ်တာပါဘဲ။ မြတ်စွာဘုရားအလောင်းတော်ဆင်မင်းဘဝက ချစ်ခြင်းကြောင့်ဖြစ်ရတဲ့ ရန်ငြိုးတွေမပြေနိုင်တဲ့ စူဠသုဘဒ္ဒါလို လူမျိုးတွေလည်းရှိခဲ့ပါတယ်၊ချစ်ခြင်းကြောင်ဘဲ တရားလက်လွတ် ပညာတွေပျောက်လို့ ထင်ရာတွေစိုင်းမိရာက နောင်တစ်ချိန်မှာ ကုက္ကုစ္စ ဆိုတဲ့-နောင်တတရား တွေလည်း ရကြရမှာပါ။ဒါကြောင့် အမှန်ကိုဆန်းစစ်ကြည့်ရင် ချစ်ခြင်းဆိုသည့်အရာသည် ပျော်ရွှင်ငြိမ်းချမ်းနေခြင်းထက် ပူလောင်သောက ရောက်ရသည်ကများလှရာ ချစ်ခြင်သည် ပူလောင်စေတတ်သော သဘောရှိပြီး နောက်ဆုံးခွဲခွာချိန်အထိ ပူဆွေသောကရောက်ရ ပင်ပန်းရဖြစ်တတ်လေသဖြင့် မြတ်စွာဘုရားရှင်တော်မှ ထိုချစ်ခြင်းတို့ဖြင့်နှေင်ဖွဲ့တတ်သော သံယောဇဉ်များအား အပြီးတိုင်ဖြတ်တောက်သုတ်သင်နိုင်ပြီး သံသရာလွတ်ကြောင်းတရားများ ဟောကြားတော်မူခဲ့သည်ပင် မဟုတ်ပါလား ဟုမိတ်ဆွေတစ်ဦးကလည်း အကိုး အကားများဖြင့် ချစ်ခြင်း၏အပစ်များကို ပြောပြနေလေ၏။

ချစ်ခြင်းသည် ကြယ်ပြောလှပါပေ၏၊ ချစ်ခြင်းကြောင့် လောကီအကျိုးတွင် သာယာကောင်းသာယာ နိုင်သော်လည်း ချစ်ခြင်းသည် အကျိုးထက် အပြစ်က ပို၍များသည်ဖြစ်လေ သည်။ ချစ်ခြင်း မုန်းခြင်းကင်းစေသော ဗုဒ္ဓ၏ စစ်မှန်သော တရာတော်များဖြင့် သံသယာငြိမ်းချမ်းစေရန် ကြိုးစားအား ထုတ်သင့်ကြောင်း အသက်ကြီးလှပြီဖြစ်သည့် ဓမ္မမိတ်ဆွေ တစ်ဦးမှ ကျွန်ုပ်အားပြောပြဖူးကြောင်းပြောကြရင်း မိုးလည်းအတော်ချုပ်ပြီဖြစ်သဖြင့် လူစုခွဲကာ အိမ်ပြန်ကြ လေတော့သည်။ ကျွန်ုပ်လည်း ချစ်ခြင်း၏ ကြယ်ပြောလှသော အကြောင်းအရာများအား တွေးနေမိလေတော့သည် . . . . ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top