နောက်ဆုံးပေါ် SAMSUNG ဖုန်းများကို အတိုးနှုန်းမဲ့ (၆) လ အရစ်ကျဝယ်ယူနိုင်မယ့် SAMSUNG နဲ့ KBZ ဘဏ်တို့ရဲ့ အစီအစဉ်

shutterstock_237645046.jpg

Samsung ဖုန်းမော်ဒယ်မြင့်မြင့် အသစ်ထွက်တာလေးကိုလည်း အရမ်းလိုချင်နေပြီ။ ကိုယ့်ရဲ့ဘဏ်စုငွေကို လည်း တစ်လုံးတစ်ခဲတည်းထုတ်ပြီး ဝယ်ဖို့နှမြောနေသူတွေအတွက် SAMSUNG နှင့် KBZ BANK တို့ ပူးပေါင်းပြီး အစီအစဉ်လေးတစ်ခု ပြုလုပ်ပေးနေပါပြီ။ နောက်ဆုံးပေါ် SAMSUNG ဖုန်း နဲ့ Tablet တွေကို ဝယ်ယူလိုသူတွေအနေနဲ့ KBZ ဘဏ်မှာ စုငွေရှိထား တယ်ဆိုရင် ထိုစုငွေကိုလည်း သုံးစရာမလိုပဲ မိမိရဲ့ပုံမှန်ဝင်ငွေထဲက ၆ လ အရစ်ကျပေးချေသွားရုံနဲ့ SAMSUNG ဖုန်းတစ်လုံးကို အတိုးလုံးဝပေးစရာမလိုပဲ ကုန်ကျစရိတ်ဝန်သိပ်မပိစေပဲ ပိုင်ဆိုင်နိုင်သွားမှာဖြစ်ပါတယ်။

ဘဏ်အကောင့်မဖွင့်ရသေးသူတွေအနေနဲ့လည်း ကိုယ့်မှာ ဖုန်းဝယ်ဖို့စုထားတဲ့ငွေလေးကို KBZ ဘဏ်မှာအပ်၊ ဘဏ်အကောင့်လေးဖွင့်ပြီး ကိုယ့်စိတ်ကြိုက်ဖုန်းလေးကို ပိုင်ဆိုင်ရယူလိုက်ပါ။ ပြီးမှ ကိုယ့်ရဲ့လစဉ်ဝင်ငွေထဲက အရစ်ကျဆပ်သွားမယ်ဆိုရင်တော့ ကိုယ့်ဘဏ်စာရင်းထဲလည်းငွေရှိမယ်၊ အတိုးလည်းပုံမှန်ရနေမယ်၊ ကိုယ်ရ ချင်တဲ့ဖုန်းကိုလည်း အချိန်မီကိုင်ရမယ်၊ လစဉ်ဝင်ငွေထဲက တချို့တဝက်ကိုပဲ ၆ လအရစ်ကျပေးချေနေရမယ်၊ ဒီလို အစီအစဉ်မျိုးဖြစ်ပါတယ်။ KBZ ဘဏ်မှာ အပ်ထားတဲ့ငွေ (သို့) အပ်မယ့်ငွေဟာ ကိုယ်ဝယ်ယူလိုတဲ့ဖုန်းရဲ့ ဈေးနှုန်းနဲ့ကိုက်ညီတဲ့ ငွေပမာဏတော့ ဖြစ် ဖို့လိုအပ်ပါတယ်။

အရစ်ကျဖြင့် ဝယ်ယူလို့ရမယ့် ဖုန်း Model တွေက Galaxy S7 Edge | S7, Note 5, A7 (2016), A5 (2016), Tab S2 9.7” နဲ့ Tab S2 8.0” တို့ဖြစ်ပြီး ဈေးနှုန်းနဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ Samsung Mobile Myanmar Facebook Page https://www.facebook.com/SamsungMobileMyanmar/ နဲ့ https://goo.gl/SQ5C70 မှာ ဝင်ရောက်ကြည့်ရှုနိုင် ပါတယ်။

လုပ်ဆောင်ဖို့လိုအပ်တဲ့အချက်များ

  • မိမိဝယ်ယူမည့် ဖုန်းအမျိုးအစားရဲ့ တန်ဖိုးပမာဏရှိတဲ့ BANK ACCOUNT ကို KBZ ဘဏ်မှာ ပြုလုပ်ထားရပါမယ်။
  • ACCOUNT မရှိသေးပါက ACCOUNT အသစ်ဖွင့်ပြီး ဖုန်းတန်ဖိုးပမာဏနှင့်ညီမျှတဲ့ ငွေကို ဖြည့်သွင်းထားရပါမယ်။
  • ဘဏ်အကောင့် တစ်ခုအတွက် မိမိနှစ်သက်ရာ ဖုန်း (သို့) တက်ပလက် နှစ်လုံးအထိ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
  • Bank တွင် form ဖြည့်တဲ့အခါ အိမ်ကိုလာရောက်ပို့ဆောင်စေလိုပါက နေရပ်လိပ်စာ အပြည့်အစုံဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။
  • ပစ္စည်းဈေးနှုန်းမှာ မှာယူတဲ့နေ့မှာ ကျသင့်တဲ့ဈေးနှုန်း (ပေါက်ဈေး) အတိုင်းဖြစ်ပြီး အရစ်ကျဝယ်ယူသူတွေဟာ Samsung မှ ပေးတဲ့ Promotion များကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
  • ပစ္စည်းကို အိမ်အရောက်ပို့ဆောင်ပေးမှာဖြစ်ပြီး ပို့ဆောင်ရာမှာ နေရာဒေသအကွာအဝေး ပေါ်မူတည်ပြီး ကြာမြင့်ချိန်ကွာခြားမှာဖြစ်ပါတယ်။
  • အရစ်ကျငွေခွဲသွင်းရာမှာ စာရင်းစတင်သွင်းတဲ့နေ့ကစပြီး ရက် ၃၀ ပြည့်တိုင်း ကျန်အရစ်များကို ပုံမှန်ပေးသွင်းသွားရမှာဖြစ်ပါတယ်။

ပေးသွင်းဖို့နောက်ကျသွားတယ်ဆိုရင်တော့ KBZ ကနေ ဝယ်ယူသူထံမှ နောက်ကျကြေးနဲ့ အတိုးနှုန်းကို ကောက်ခံမှာဖြစ်ပါတယ်။ ပုံမှန်ပေးသွင်းသွားမယ်ဆိုရင် ဘဏ်ထဲမှာရှိနေတဲ့ ဘဏ်စာရင်းထဲက ငွေတွေအတွက်လည်း အတိုးနှုန်း ပုံမှန်ရရှိနေမှာ ဖြစ်ပါတယ်။

ဝယ်ယူနိုင်မယ့် ပစ္စည်းစာရင်း နဲ့ ဝယ်ယူနိုင်မယ့် မြို့များစာရင်းကို https://goo.gl/Wh95yT မှာကြည့်နိုင်ပါတယ်။ မိမိဝယ်ယူမည့် ဖုန်း၊ အရောင်အမျိုးအစားတို့ကို ကြိုတင်ပြီး ရှိမရှိ မေးမြန်းစုံစမ်းထားဖို့တော့ လိုအပ်လို့ Hot line number 09 9772 33356 , 09 26333 5050 တို့မှာ (မနက် (၉) နာရီမှ – ညနေ (၆) နာရီအတွင်း ၊ ရုံးဖွင့်ရက်များတွင်သာ)စုံစမ်းမေးမြန်းနိုင်ပါတယ်။

https://www.youtube.com/watch?v=VKSFrvxvXW8&feature=youtu.be

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top