အူရီဒူးမြန်မာမှ ရေဘေးသင့်‌ဒေသများမှ ပြည်သူများအား ပံ့ပိုးကူညီရန် အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် SMS ပေးပို့ခွင့်များ ပေးအပ်

16.9.2024-yyl-7.png

သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီး အချိန်နှင့်အမျှ အရေးကြီးနေသည့် ကာလများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှုများရရှိနိုင်ရေးမှာ လူ့အသက်များကယ်ဆယ်နိုင်ရေးအတွက် အထူးအရေးကြီးပါသည်။

အူရီဒူးမြန်မာမှ ရေဘေးကြုံတွေ့နေရသည့်ပြည်သူများ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိနေစေရေးအတွက် ရေဘေးသင့်ဒေသများဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၇၂ မြို့နယ်တို့တွင် စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ၇ ရက်တာ အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်နှင့် SMS ပေးပို့ခွင့်များဖြင့် ပံ့ပိုးပေးလိုက်ပါသည်။

ဆက်လက်ပြီး အူရီဒူးမြန်မာမှ ရေဘေးသင့်ပြည်သူများအတွက် အရေးတကြီးလိုအပ်သည့် အခြေခံစားသောက်ကုန်များကိုလည်း ပို့ဆောင်ပေးသွားပါမည်။

အူရီဒူးမြန်မာမှ မြန်မာပြည်သူများအား တတ်အားသ၍ ဆက်လက်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top