HUAWEI XMAGE Photography Exhibition အား အောင်မြင်စွာကျင်းပပြုလုပ်

29.7.23-yyl-1.jpg

Huawei Device Business Group (မြန်မာ) သည် HUAWEI XMAGE Photography Exhibition ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၊ The Secretariat Office ၌ ခမ်းနားသိုက်မြိုက်စွာ ပြုလုပ်ခဲ့ပြီး Exhibition အား ဇူလိုင်လ ၂၉ ရက်မှ ဇူလိုင်လ ၃၀ ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Huawei XMAGE Photography Exhibitionတွင် ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာများဖြစ်ကြသည့် Night School အပါအဝင် ဓါတ်ပုံသင်တန်းပေါင်းများစွာကို ပို့ချပေးနေသော ကိုအောင်ပြည်စိုး၊ Love Diary Wedding Professional မှ Founder ဖြစ်သူ ကိုဝေလင်းနှင့် Sense Photography ၏ Founder ဖြစ်သူ ကိုJason Ya တို့အပြင် အခြားဝါသနာရှင် ဓါတ်ပုံဆရာများမှ Huawei ဖုန်းများဖြင့် ရိုက်ကူးထားသည့်ဓါတ်ပုံများအား ခင်းကျင်းပြသထားပြီး Huawei Device Business Group (မြန်မာ) မှ တာဝန်ရှိသူများ၊ ပရော်ဖက်ရှင်နယ်ဓါတ်ပုံဆရာများ၊ ဓါတ်ပုံဝါသနာရှင်များ၊ စာနယ်ဇင်းမီဒီယာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်၊၊

Huawei သည် နိုင်ငံတကာစျေးကွက်တွင် လျင်မြန်တိုးတက်သောနည်းပညာများဖြင့် ထိုးဖောက်၀င်ရောက်လျက်ရှိသော နိုင်ငံတကာအသိအမှတ်ပြု Brand တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၁၇၀ကျော်တွင် Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများပေးကာ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထို့ပြင် ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့တွင်လည်း သုတေသနစင်တာများကို တည်ထောင်ထားပါသည်။

Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၃၀ ကျော်သက်တမ်းရှိသော အတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေး ကွန်ယက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည်။ ထို့ပြင်မြန်မာနိုင်ငံတွင် ၂၀၀၃ ခုနှစ်မှစတင်၍ အင်တာနက် စတင်လွှမ်းမိုးလာသောအချိန် Digital World နှင့် အဆက်အသွယ်မပြတ်စေရန် မြန်မာပြည်အတွက် ICT Products and Services များကို ထောက်ပံ့ပေးနေသော ကမ္ဘာကြီးနှင့် ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားတစ်ခုလည်း ဖြစ်ပါသည်၊၊

ယနေ့အခမ်းအနားတွင် Huawei Consumer Business Group, South-East Asia Multinational Countries မှ Head of Marketing ဖြစ်သူ မခင်ရတနာဝင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပါသည်၊၊ ထို့နောက် ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာများဖြစ်ကြသည့် ကိုအောင်ပြည်စိုး၊ ကိုဝေလင်းနှင့် ကို Jason Ya တို့မှ Huawei ၏ Flagship ဖုန်း Series များဖြစ်သည့် HUAWEI Mate 50 Pro၊ HUAWEI P60 Pro နှင့် HUAWEI nova 11 Pro တို့အား အသုံးပြု၍ ဓါတ်ပုံရိုက်ကူးရသည့် အတွေ့အကြုံများနှင့် Huawei ၏ ကိုယ်ပိုင် XMAGE ကင်မရာနည်းပညာများနှင့်ပက်သတ်၍ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ကိုအောင်ပြည်စိုးမှ Huawei P60 Pro ၏ Portrait mode ကိုစမ်းကြည့်သည့်အခါ 3x zoom ဆွဲပြီးရိုက်သည့်အချိန်တွင် pixel မဖွာသည့်အပြင် မျက်နှာ detail များကိုပါ အသေအချာမြင်ရကြောင်း၊ သဘာဝအလင်းရောင်နှင့်ပင် Lowlight တွင် Landscape ရိုက်၍အဆင်ပြေပြီး Focus ပြတ်သည့်အပြင် detail မှအစမြင်ရကြောင်း၊ Silky water mode တွင်လည်း Filter ခံစရာမလိုဘဲ Exposure Time အားစိတ်ကြိုက်ထားလို့ရကြောင်း၊ Huawei P60 Pro တွင် အကြိုက်ဆုံး ၊ အကြမ်းဆုံး Feature မှာ Super Macro mode ဖြစ်ပြီး Macro ရိုက်ရသည်ကို ကြိုက်သူများအား စိတ်ပျက်စေမည်မဟုတ်ကြောင်း၊ ကိုဝေလင်းမှ Huawei XMAGE camera ၏ lowlight performance သည် mobile phone photography တွင်လည်း class leading ဖြစ်သည်ကိုတွေ့ရကြောင်း၊ 1x camera သာမက wide နှင့် telephoto camera များ၏ သိသိသာသာ အားသာချက်ကြောင့် Composition မျိုးစုံ ရိုက်နိုင်ပြီး အဓိကအားဖြင့် ကြိုက်သည့်အချက်မှာ Blue hour မှာ ကောင်းကင်၏ အအေးဘက်သမ်းသော အလင်း၊ မြေပြင်မှ tungsten lights များ၏ အနွေးဘက်သမ်းသော အလင်းတွေကြား ကာလာမှန်မှန်ကန်ကန်ရရှိသည့်အတွက် သဘောကျကြောင်း၊ ကို Jason Ya မှလည်း Huawei P60 Pro ဖြင့်ရိုက်ကူးရာတွင် Professional Camera တစ်လုံးကဲ့သို့ ရိုက်ကူးနိုင်ကြောင်း၊ အလင်းအမှောင်အားစိတ်ကြိုက်ချိန်ညှိပြီး လိုသလို ရိုက်ကူးနိုင်ကြောင်းနှင့် Huawei XMAGE ကင်မရာနှင့်ပက်သတ်သည့် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြပါသည်။

HUAWEI P60 Pro တွင် Ultra Lighting ပင်မကင်မရာအပြင် Night Vision Telephoto ဓာတ်ပုံရိုက်ရာတွင်လည်း အကြီးမားဆုံးသောတိုးတက်မှုတစ်ခုရရှိထားပြီး မိုဘိုင်းဖုန်း၏ periscope telephoto ကင်မရာအတွက် အကြီးမားဆုံးဖြစ်သော F2.1 အလင်း၀င်ပေါက်ပါရှိသည့် Ultra Lighting Telephoto Camera တို့လည်းပါဝင်ပါသည်။ ထို့ပြင် Macro photography ပါဝင်ပြီး Long Travel Slide Zoom မှန်ဘီလူးများပါ ထပ်မံထည့်သွင်းထားသည့်အတွက် အကွားအဝေးချိန်ရာတွင် အတိုးအလျော့များကို အလွယ်တကူချိန်ညှိနိုင်သည်။ Telephoto ကင်မရာသည် အဝေးမှာရှိသော အရာဝတ္ထုများအား အနီးကပ်ဆွဲယူရိုက်ကူးသည့် အခါတွင် ကြည်လင်ပြတ်သားစေပါသည်။

HUAWEI P60 Pro အား ဒီဇိုင်းပြုလုပ်ထားသော အင်ဂျင်နီယာများမှ လက်တွေ့ဘဝမှ အရာဝတ္ထုများနှင့် တူညီစေရန် နောက်ဆုံးပေါ် Texture Engine ပါဝင်သော XD Fusion Pro Algorithms အားထည့်သွင်း ထုတ်လုပ်ထားသည်။ လက်ဝတ်ရတနာများ၊ မှန်ဖြင့်ပြုလုပ်ထားသော အသုံးအဆောင်ပစ္စည်းများနှင့် မတူညီသောအရာများမှ ပြုလုပ်ထားသည့် နေ့စဉ်သုံးပစ္စည်းများအား ဓါတ်ပုံရိုက်ရာတွင် Texture Engine မှ AI machine learning ဖြင့်တည်ဆောက်ထားသော Deep Neutral Network မှ သတင်းအချက်အလက်များအား ထုတ်ပေးပြီး အသေးစိတ်တူညီသော ဓါတ်ပုံများအား ရရှိစေပါသည်။

ထို့ပြင် HUAWEI P60 Pro သည် DXOMARK မှ ၂၀၂၃ ၏ အကောင်းဆုံး စမတ်ဖုန်း Features များအားရွေးချယ်ပေးသည့် DXOMARK Awards 2023 ၏ DXOMARK Smartphone Camera Ranking တွင်အမှတ်အများဆုံးဖြင့် ပထမနေရာကို ရရှိခဲ့သည်။ TIPA Awards 2023 မှပေးအပ်သော ၂၀၂၃ တွင် အကောင်းဆုံးစမတ်ဖုန်းဓါတ်ပုံဆု (Best Photo Smartphone) အားလည်း HUAWEI P60 Pro မှရရှိခဲ့ပါသည်။ DXOMARK သည် ကင်မရာနှင့် ကင်မရာပစ္စည်းများအား အမှတ်နှင့် အဆင့်သတ်မှတ်ပေးသည့် အသိအမှတ်ပြု အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၎င်း၏ စမ်းသပ်ချက်များမှာ သိပ္ပံနည်းကျ တိုင်းတာယူဆချက်ပေါင်းများစွာအား အခြေခံထားပြီး ကျွမ်းကျင်သူများမှ အကျယ်တစ်ဝင့် အသိအမှတ်ပြုထားခြင်းဖြစ်သည်။ ၎င်း၏ နောက်ဆုံး လေ့လာဆန်းစစ်ချက်များအရ HUAWEI P60 Pro ၏ ကင်မရာလုပ်ဆောင်နိုင်စွမ်းနှင့် ပက်သတ်ပြီး စုစုပေါင်း ၁၅၆ မှတ်ရရှိခဲ့ကြောင်းသိရသည်။

HUAWEI P60 Pro ကို အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Rococo Pearl (ပုလဲရောင်/ အဖြူရောင်) တို့ဖြင့်ရရှိမှာဖြစ်ပြီး 8+256 GB အား မြန်မာကျပ် ၂,၈၉၉,၀၀၀ နှင့် 12+512 GB အား မြန်မာကျပ် ၃,၃၉၉,၀၀၀ ဖြင့် ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။ ထို့နောက် အစီအစဉ်အရ Huawei မှ တာဝန်ရှိသူများနှင့်အတူ ဧည့်သည်တော်များအားလုံး ပျော်ရွှင်ရင်းနှီးစွာဖြင့် မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီးနောက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်၊၊

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top