နောက်ဆုံးပေါ် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ အသစ်ထွက်ရှိလာတဲ့ Galaxy S24 FE စမတ်ဖုန်းကို အတန်ဆုံးစျေးနှုန်း၊ အထူးအကျိုးခံစားခွင့်တွေနဲ့ ကြိုတင် Pre-order မှာယူနိုင်

27.9.2024-yyl-6.png

Fan Edition စမတ်ဖုန်းအသစ်ဖြစ်တဲ့ Galaxy S24 FE ကို ငွေကျပ် (၃၀) သိန်းကျော်နဲ့ Pre-order မှာယူနိုင်မှာဖြစ်ပြီး မှာယူသူများ အနေနဲ့ ငွေကျပ် (၅) သိန်းအထိတန်ဖိုးရှိ လက်ဆောင်များအပါအဝင် အထူးအကျိုးခံစားခွင့်များရရှိနိုင်

ဆန်းသစ်တီထွင်မှုတွေနဲ့ Galaxy AI ရဲ့ ခေတ်ကို ဖော်ဆောင်လျက်ရှိတဲ့ Samsung ဟာ သုံးစွဲသူတွေ နှစ်သက်သဘောကျမယ့် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးထားတဲ့ Fan Edition စမတ်ဖုန်းအသစ်အဖြစ် Galaxy S24 FE ကို ယူဆောင်လာပြီ ဖြစ်ပါတယ်။ Samsung ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Flagship စမတ်ဖုန်းတွေမှာလိုပဲ နောက်ဆုံးထွက် Galaxy AI လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy S24 FE ကို စက်တင်ဘာလ (၂၇) ရက်နေ့ကနေ အောက်တိုဘာလ (၃) ရက်နေ့ အတွင်း ကြိုတင် Pre-order မှာယူနိုင်မှာ ဖြစ်ပါတယ်။

Samsung Galaxy S24 FE စမတ်ဖုန်းအသစ်ကို Galaxy AI စတင်ပါဝင်လာတဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Galaxy S24 မှာလိုပဲ လှပပြီး ပရီမီယံဆန်တဲ့ ဒီဇိုင်းအမှတ်အသားတွေနဲ့ ဖန်တီးထားတာဖြစ်တဲ့အပြင် သုံးစွဲသူတွေ သဘောကျနှစ်ခြိုက်ခဲ့တဲ့ Galaxy AI လုပ်ဆောင်ချက်တွေကို ပိုမို အဆင့်မြင့်တင်ပြီး ထည့်သွင်းပေးတားတာကြောင့် သူမတူတဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်သွားမှာပါ။ ဖုန်းမျက်နှာပြင်မှာရှိတဲ့ မည်သည့်အကြောင်းအရာကိုမဆို Home Button ကို ဖိထားပြီး တစ်ချက်ဝိုင်းရုံနဲ့ သက်ဆိုင်ရာ အကြောင်းအရာရဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြပေးနိုင်တဲ့ မူလ Circle To Search လုပ်ဆောင်ချက်ကို သင်္ချာ Equation တွေနဲ့ QR Code တွေပါ ကူညီရှာဖွေပေးနိုင်ပြီး Generative AI ရဲ့ အကူအညီနဲ့ ပိုမိုပြည့်စုံစွာ ရှင်းပြပေးနိုင်စေတဲ့အထိ အဆင့်မြှင့်တင်ကာ ထည့်သွင်းပေးလာတာဖြစ်ပါတယ်။

မူလ Galaxy AI မှာပါဝင်တဲ့ လုပ်ဆောင်ချက်ထက် ပိုမိုအဆင့်မြင့်လာတဲ့ Photo Assist လုပ်ဆောင်ချက်မှာဆိုရင်လည်း AI နည်းပညာနဲ့ ဓာတ်ပုံများကို ပြုပြင်နိုင်တဲ့ Generative Edit စတဲ့ လုပ်ဆောင်ချက်တွေအပြင် Generative Portrait လုပ်ဆောင်ချက်ပါ ပါဝင်လာတဲ့အတွက် Portrait ဓာတ်ပုံတွေကို Comic, 3D Cartoon, Watercolor, Sketch စတဲ့ ပုံစံအမျိုးမျိုးကိုလည်း AI နည်းပညာအသုံးပြုပြီး ဖန်တီးနိုင်စေဦးမှာဖြစ်ပါတယ်။

မတူညီတဲ့ ဘာသာစကားတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် ဖုန်းပြောဆိုချိန်မှာ အချိန်နဲ့တပြေးညီ ဘာသာပြန်ဆိုပေးမယ့် Live Translate လုပ်ဆောင်ချက်၊ လူချင်းတွေ့ဆုံစကားပြောချိန်မှာလည်း ချောမွေ့စွာ သာဘာပြန်ဆိုပေးဦးမယ့် Interpreter လုပ်ဆောင်ချက်၊ ဘာသာပြန်ဆိုမှုတင်မကဘဲ မိမိ ပို့လိုတဲ့ စာရဲ့ အရေးအသားပုံစံကို Professional, Casual, Social, Polite, Emojify စသဖြင့် ပြောင်းလဲနိုင်ဦးမယ့်အပြင် ရေးလိုတဲ့ Caption အကြောင်းအရာကိုပါ AI နဲ့ ရေးသားခိုင်းလို့ရဦးမယ့် Chat Assist လုပ်ငန်းခွင်မှာ အသုံးချဖို့နဲ့ စာလေ့လာသူတွေအတွက် အသုံးဝင်တဲ့ Note Assist၊ Transcript Assist၊ Browising Assist စတဲ့ အကျိုးရှိစွာ အသုံးချနိုင်တဲ့ Galaxy AI လုပ်ဆောင်ချက်များလည်း ပါဝင်ဦးမှာဖြစ်ပါတယ်။

အကောင်းမွန်ဆုံး AI လုပ်ဆောင်ချက်တွေ ပါဝင်လာတဲ့ Galaxy S24 FE ကို အကောင်းဆုံးကြည့်ရှုမှုအတွေ့အကြုံကိုပေးစွမ်းမယ့် ၆.၇ လက်မရှိ Dynamic AMOLED 2X မျက်နှာပြင်၊ ပရီမီယံဆန်ပြီး သုံးစွဲမှုအတွေ့အကြုံကို အကောင်းဆုံးပေးစွမ်းသွားမယ့် ဒီဇိုင်း၊ အကြမ်းခံမှုအမြင့်ဆုံးနဲ့ အသုံးပြုနိုင်အောင် ထည့်သွင်းပေးထားတဲ့ Gorilla Glass Victus+ Aluminum frame နဲ့ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ဦးမယ့် iP68၊ ကြာရှည်အားခံမယ့် 4,700mAh ဘက်ထရီနဲ့ စွမ်းဆောင်ရည် မြင့်မားပြီး ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ချောမွေ့စွာ အသုံးပြုနိုင်စေမယ့် Exynos 2400e Chipset တို့နဲ့ ရရှိနိုင်မှာပါ။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို အကောင်းမွန်ဆုံးရိုက်ကူးနိုင်ဖို့ 50MP OIS Main ကင်မရာ၊ 12MP Ultrawide ကင်မရာ၊ 8MP Telecamera နဲ့ 10MP Selfie ကင်မရာတွေထည့်သွင်းပေးထားတဲ့အပြင် Intelligent Zoom၊ Nightography စတဲ့ အဆင့်မြင့် AI လုပ်ဆောင်ချက်တွေလည်း ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Galaxy S24 FE ကို ၃,၄၉၉,၀၀၀ ကျပ် နဲ့ ကြိုတင် Pre-order မှာယူနိုင်မှာဖြစ်ပြီး ရွေးချယ်စရာ အရောင်တွေအနေနဲ့ Blue, Mint, Grey တို့နဲ့ ရရှိနိုင်မှာပါ။ Pre-order ကာလဖြစ်တဲ့ စက်တင်ဘာလ (၂၇) ရက်နေ့ကနေ အောက်တိုဘာလ (၃) ရက် အတွင်းမှာဝယ်ယူမယ်ဆိုရင် အထူးအကျိုးခံစားခွင့်တွေကိုလည်း အောက်ပါအတိုင်းရရှိသွားနိုင်ဦးမှာပါ။
(၅) သိန်းကျပ်အထိတန်ဖိုးရှိတဲ့လက်ဆောင်တွေဖြစ်တဲ့ Double Storage (8/128 GB Storage မှ 8/256 GB Storage သို့ တိုးမြင့်ပေးခြင်း) နဲ့ 25W Travel Adapter လက်ဆောင်၊
Original Silicone Case ဝယ်ယူမှုအတွက် ၃၀% လျှော့စျေးနဲ့ Galaxy Watch7 နဲ့ Galaxy Buds3 ဝယ်ယူမှုအတွက် ၂၅ % လျှော့ဈေး၊
Samsung Care+ ဝန်ဆောင်မှုအနေနဲ့ မတော်တဆဖြစ်ပြီး ဖုန်းအနောက် မျက်နှာပြင် ပျက်စီးခြင်း အတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၁၀၀ % သက်သာခွင့်၊ ဖုန်းအရှေ့မျက်နှာပြင် ပျက်စီးခြင်းအတွက် လက်ခနဲ့ ပစ္စည်းတန်ဖိုး ၇၀ % သက်သာခွင့် တွေကို ဝယ်ယူတဲ့နေ့မှ ၁၈ လအတွင်း ၁ ကြိမ် ခံစားခွင့် တွေ ပေးအပ်နေတာပဲ ဖြစ်ပါတယ်။
ATOM နဲ့ Ooredoo အသုံးပြုသူတွေ အနေနဲ့လည်း Operator Bundle Benefit တွေပါ ထပ်မံရယူနိုင်ဦးမှာဖြစ်ပါတယ်။
မိမိရဲ့ ဖုန်းလက်ရှိဖုန်း နဲ့ Trade-in ပြုလုပ်ပြီး လဲလှယ်ဝယ်ယူချင်ရင်တော့ ဖုန်းအဟောင်းတန်ဖိုးအပြင် Trade-in Discount အနေနဲ့ ၃ သိန်းကျပ်အထိသက်သာခွင့်ရသွားနိင်ဦးမှာပါ။
AYA Credit Card အသုံးပြုပြီး Simple Pay Plan လျှောက်ထားဝယ်ယူမယ်ဆိုရင် Down Payment လုံးဝပေးသွင်းစရာမလိုဘဲ “၉” လ အတိုးမဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး၊
AYA Pay ရဲ့ Buy Now Pay Later နဲ့ချိတ်ဆက်မှာယူမယ်ဆိုရင်တော့ Down Payment ၃၀% ပေးသွင်းပြီး ကျန်ငွေကို “၉” လ အတိုးမဲ့အရစ်ကျစနစ်နဲ့ ဝယ်ယူရရှိနိုင်မှာပါ။

Galaxy S24 FE ကို Preorder မှာယူမယ်ဆိုရင်တော့ ဒီ လင့်ခ် [https://bit.ly/3XZAfEg) ကနေ Preorder Form ကိုဖြည့်ပြီး အောက်တိုဘာလ (၃) ရက်နေ့မတိုင်ခင် ကြိုတင်မှာယူနိုင်မှာပဲ ဖြစ်ပါတယ်။ အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Samsung #GalaxyS24FE #GalaxyAI

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top