မြန်မာနိုင်ငံသားများအတွက် Samsung ၏ Digital Inverter Compressor များက လျှပ်စစ်စွမ်းအင်ချွေတာနိုင်ရန် ကူညီထောက်ပံ့ပေးလျက်ရှိ

Samsung-Digital-Inverter-Compressor-2.jpg

Samsung ၏ Digital Inverter Compressor သည် လျှပ်စစ်နှင့် အအေးခန်းပစ္စည်းများဖြစ်သော ရေခဲသေတ္တာများ၊ လေအေးပေးစက်များနှင့် အဝတ်လျှော်စက်များအတွက် ထုတ်လုပ်သည့် အင်ဗာတာနည်းပညာဖြစ်သည်။ ဤနည်းပညာသည် ထိုအိမ်သုံးပစ္စည်းများ၏ စွမ်းအင်အလွန်အကျွံဖြုန်းတီးမှုကို ထိန်းချုပ်နိုင်ပြီး သမားရိုးကျလျှပ်စစ်ထုတ်ကုန်များနှင့် နှိုင်းယှဉ်လျှင် စွမ်းအင်အသုံးပြုမှုကို ၂၀-၄၀% မှ သက်သာ စေသည်။

Samsung’s Refrigerator Digital Inverter Compressor

Samsung ရေခဲသေတ္တာတွင်ပါရှိသည့် ခေတ်မီဆန်းသစ်သော Digital Inverter Compressor သည် လျှပ်စစ်စွမ်းအင်အသုံးပြုမှုကို သက်သာစေပြီး အစာများကိုကြာရှည်စွာထိန်းသိမ်းထားသည့်အတွက် လျှပ်စစ် မီတာခများလည်း လျော့ကျရန်ကူညီပေးသည်။ Digital Inverter Compressor သည် Samsung ၏ အဓိကကျသော ရေခဲသေတ္တာထုတ်ကုန်များအတွက် ‘အင်ဂျင်’ အဖြစ်လည်ပတ်နေပြီး ရေခဲသေတ္တာတစ်ခုတွင် မည်မျှစွမ်းအင်သုံးသင့်သည်ကို ခွဲခြားစိတ်ဖြာပေး လျက်ရှိသည်။

လက်ရှိတွင် Samsung ၏ ရေခဲသေတ္တာ solutions အားလုံးနီးပါးတွင် အဆင့်မြင့်အပူချိန်ထိန်းချုပ်မှု တပ်ဆင်ထားသည့် Digital Inverter ပါဝင်ပြီး ၎င်းတို့သည် ပိုမိုထိရောက်ရန်အတွက်ရေခဲသေတ္တာ၏အတွင်းလည်ပတ်ပုံအ‌ေခြအနေနှင့်အညီမတူညီသောအမြန်နှုန်းခုနစ်ခုဖြင့်လည်ပတ်လှုပ်ရှားနေသည်။

သမားရိုးကျ compressor များသည် သတ်မှတ်ထားသောအမြန်နှုန်းဖြင့်သာလည်ပတ်နေစဉ်တွင် Samsung Digital Inverter Compressor သည် လိုအပ်သည့်အချိန်တွင် လိုအပ်သည့်အတိုင်း 1,050 နှင့် 4,300RPM အကြားအမြန်နှုန်းကို အလိုအလျောက်ချိန်ညှိနိုင်သည်။ Samsung digital inverter Compressor သည် single-speed induction motor compressors နှင့်နှိုင်းယှဉ်လျှင်စွမ်းအင် အသုံးပြုမှု ၃၀% လျော့နည်းသောကြောင့် Greenhouse Gas ထုတ်လွှတ်မှုလျှော့ချရာတွင်လည်း အထောက်အကူပြုသည်။

Samsung’s Air Conditioner Digital Inverter Compressor

Samsung Air Conditioner များရှိ Digital Inverter Compressor Technology သည် လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို သာမာန်လေအေးပေးစက်များ သုံးစွဲမှုနှင့် နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်နီးပါး နည်းပါးပြီး အခန်းအပူချိန်ကို ထိန်းညှိပေးနိုင်ခြင်းကဲ့သို့ အပိုဆောင်းစွမ်းဆောင်ရည်ပါရှိခြင်းကြောင်း သုံးစွဲသူများအတွက် ပိုမိုသက်သောင့်သက်သာရှိစေသည်။ စက်လည်ပတ်နေစဉ်အတွင်း Samsung ၏ Air Conditioner များသည် ဆူညံသံမရှိ ခြင်းကြောင့် မိသားစုများအေးချမ်းစွာ အနားယူနိုင်သည်။

အမြန်နှုန်းထိန်းညှိနိုင်စွမ်းရှိသော Compressor သည် အမြင့်ဆုံးအမြန်နှုန်းဖြင့် အလိုရှိသော Temperature မရောက်မချင်းလည်ပတ်ပြီးထို Temperature ကို ရရှိပြီးသည့်အခါ အလိုအလျောက်ပိတ်နိုင်သည်။ အကယ်၍ ပထမအကြိမ်အအေးရရှိပြီး Temperature သည် အလိုရှိသောနှုန်းထက်ကျော်လွန်ပါက Temperature ကို လျှော့ချရန်အတွက် maximum output ဖြစ်သည့်အချိန်တွင် ထပ်မံပွင့်ကာလည်ပတ်နိုင်သည်။

မိမိတို့အလိုရှိသော Temperature ရရှိသည်နှင့်တပြိုင်နက် အရှိန်လျှော့နိုင်ပြီး Temperature ပြန်တက်သည်နှင့် အနည်းငယ်သာ ပြန်လည်လည်ပတ်ရန်လိုပြီးစွမ်းအင်သုံးစွဲမှု ၇၃% အထိလျှော့ချနိုင်ခြင်းကြောင့် Samsung ၏ Inverter နည်းပညာသည်လွန်စွာထိရောက်မှုရှိသည်။

Samsung’s Washing Machine Digital Inverter Compressor

Samsung ၏ Digital Inverter Compressor ပါဝင်သော အဝတ်လျှော်စက်သည် အင်ဂျင်လည်ပတ်မှုကို အလွယ်တကူ ထိန်းညှိနိုင်သည်။ ဤနည်းဖြင့် အဝတ်လျှော်ခြင်း၊ ရေကိုချွေတာခြင်း၊ လျှပ်စစ်ဓာတ်အားချွေတာခြင်းတို့ကို ပြုလုပ်ပေးနိုင်သည်။ ဥပမာအားဖြင့် Smart inverter နည်းပညာက Samsung အဝတ်လျှော်စက်များ၏ စွမ်းအင်သုံးစွဲမှု ၃၆ရာခိုင်နှုန်းခန့်ကို ချွေတာပေးနိုင်ပြီး ပစ္စည်းကို ပိုမိုကြာရှည်ခံစေပြီး တည်ငြိမ်စေသည်။

ယခုအခါ သုံးစွဲသူများသည် Samsung Customer Service အဖွဲ့၏ အကူအညီဖြင့် မိမိတို့နှစ်သက်သော ထုတ်ကုန်များကို လွယ်ကူစွာပိုမိုသုံးစွဲနိုင်ကြသည်။ Customer Service အဖွဲ့မှ ကုန်ပစ္စည်းပိုင်းနှင့်ပတ်သက်၍ အကြံဉာဏ်ရယူခြင်း၊ အပိုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းကိရိယာများပြင်ဆင်ခြင်းပြုလုပ်ရန် အစရှိသော အကူအညီများလည်းရယူနိုင်သည်။ Samsung ၏ အင်ဂျင်နီယာများနှင့် Customer Service Team တို့ကိုအလွယ်တကူဆက်သွယ်ကာ customer များအနေဖြင့်မိမိတို့၏ လုံခြုံမှုနှင့် သက်သောင့်သက်သာရှိစေရန်အတွက် showroom သို့လာရန် အိမ်ကို စွန့်ခွာရန်မလိုအပ်ဘဲ product များနှင့်ပတ်သက်၍ အကူညီပေးနိုင်ရန် ၎င်းတို့ကအဆင်သင့်ရှိနေသည်။ Samsung ၏ အသုံးအဆောင်များနှင့် customer ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက Samsung ၏ E-Commerce ဝက်ဘ်ဆိုက် www.samsung.com/mm.တွင်ကြည့်ရှုနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top