အမျိုးသမီးတစ်ယောက်ရဲ့ ဦးနှောက်ထဲက တီကောင်အရှင်ကို ဖယ်ရှားခဲ့ရ

30.8.23-yyl-1.jpg

အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်ထဲကနေ တီကောင်အရှင်တစ်ကောင် တွေ့ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်ဟာ ကမ္ဘာ့ပထမဆုံးပါပဲ။ ပြီးခဲ့တဲ့နှစ်က သြစတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးရဲ့ ဦးနှောက်ထဲကနေ ၃ လက်မအရှည်ရှိတဲ့ တီကောင်ကို ဖယ်ရှားပေးခဲ့ရတာပါ။

ဒီအမျိုးသမီးဟာ ဗိုက်အောင့်၊ ချောင်းဆိုး၊ ညဘက် ချွေးစိုရွှဲတဲ့ ဝေဒနာတွေကို လနဲ့ချီ ခံစားခဲ့ရပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ဆေးရုံတက်ခဲ့တာပါ။ scan ဖတ် စစ်ဆေးမှုအရ သူ့ရဲ့ဦးနှောက်ညာခြမ်းမှာ သိသိသာသာ ယောင်ယမ်းနေတာ တွေ့ရပြီး ၂၀၂၂ ခုနှစ် ဇွန်လမှာ ခွဲစိတ်မှု လုပ်တော့မှ တီကောင်အရှင် ဝင်နေမှန်း တွေ့ရတာပါ။

တီကောင်က သူ့ဦးနှောက်ထဲမှာ ရှင်သန်နေတာ ၂ လလောက် ကြာနေပြီလို့ ဆရာဝန်တွေက ဆိုပါတယ်။ ဒီအမျိုးသမီးဟာ နယူးဆောက်ဝေးလ်ပြည်နယ် အရှေ့တောင်ပိုင်းက ရေကန်တစ်ဝိုက်မှာ နေထိုင်သူဖြစ်ပြီး မြက်ရှင်းနေတုန်း သူ့ခန္ဓာကိုယ်ထဲကို တီကောင်ဝင်သွားတာ ဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ သူ့ရဲ့ ဦးနှောက်ထဲကနေ တီကောင်ကို ဖယ်ရှားခဲ့ပြီးနောက်မှာတော့ အမျိုးသမီးရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်သွားခဲ့ပါတယ်။

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top