တိုက်ရိုက်ထုတ်လွှင့်နေစဉ် သတင်းထောက်က သတင်းကြေညာသူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ အခိုက်အတန့်

28.8.23-yyl-13.jpg

အမေရိကန်နိုင်ငံ၊ တင်နက်ဆီပြည်နယ်က တီဗီသတင်းချန်နယ်တစ်ခုမှာ တိုက်ရိုက်ထုတ်လွှင့်ရင်း ကြည်နူးစရာအခိုက်အတန့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါက အင်တာနက်အသုံးပြုသူတွေကို အံ့အားသင့်သွားစေခဲ့ပါတယ်။အဲဒါကတော့ အမေရိကန်သတင်းထောက်က သတင်းကြေညာသူချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ကြည်နူးစရာအခိုက်အတန့်လေးပါ။

WRCB-TV ရဲ့သတင်းကြေညာသူ ကော်နယ်လီယာ နက်ကိုဆန်ဟာ ခါတိုင်းလို သတင်းတစ်ပုဒ်ကို ကြေညာနေစဉ်မှာ သူ့ချစ်သူ သတင်းထောက်က ပန်းစည်းနဲ့လက်စွပ်ကို ကိုင်ပြီးတော့ သူ့ရှိရာကို လျှောက်လာခဲ့တာပါ။ ဒူးတစ်ဖက်ထောက်ပြီး သူ့ကို လက်ထပ်ပါလို့ တောင်းဆိုခဲ့ပါတယ်။ ကော်နယ်လီယာကလည်း ဝမ်းသာပီတိမျက်ရည်တွေနဲ့ “လက်ထပ်မယ်”လို့ ပြန်ဖြေခဲ့တာပါ။

လက်ထပ်ခွင့်တောင်းတဲ့ဗီဒီယိုက အင်စတာဂရမ်မှာ ပျံ့နှံ့သွားခဲ့တာပါ။ သတင်းကြေညာသူကောင်မလေးက တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ချစ်သူကောင်လေးဆီက လက်ထပ်ခွင့်တောင်းခံလိုက်ရတဲ့အတွက် သူ့ဘဝမှာ အကြီးမားဆုံးအံ့အားသင့်မှုကို ရရှိလိုက်တာပါ။

ဗီဒီယိုကြည့်ရှုရန်

Ref: Emotional Moment US Reporter Proposes To News Anchor Girlfriend On-air

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top