ကိုယ့်ကိုယ်ကို အကောင်းပြော အားပေးခြင်းက ဘယ်လိုခြားနားခြင်းတွေ ပေးစွမ်းနိုင်သလဲ

13-3-2020-yyl-018.jpg

ကိုယ့်ကိုယ်ကိုယ်အကောင်းပြော အားပေးခြင်းကခြားနားမှု ဖြစ်စေနိုင်လား ကိုယ့်ကိုယ်ကို စကားပြောတယ်ဆိုတာက စိတ်ထဲမှာသင့်ကိုယ်ကို သင်စကားပြောနေခြင်းပါ။ ယုံချင်ယုံ၊ မယုံချင်နေပါ။ သင့်ကိုယ်သင် ဘယ်လိုပြောလဲဆိုတာကသင့် စိတ်ခံစားချက်နဲ့ အပြုအမူအပေါ်အများကြီး သက်ရောက်မှုရှိပါတယ်။

ဒါကြောင့်လည်းသင့်ကိုယ် သင် ပြောဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုအကြောင်းတွေ၊ ကျန်းမာရေးအကြောင်းတွေကိုသတိပြုမိဖို့လိုပါတယ်။ ဒါကသင့်ရဲ့အစီအစဉ်အတိုင်း လုပ်လုပ်မလုပ်လုပ်သင့်ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။

သင့်ကိုယ်သင် “ငါကကြံ့ခိုင်တဲ့ အကောင်မှမဟုတ်တာ၊ ဒီလိုလေ့ကျင့်ခန်းတွေ ဆက်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဒီလိုမျိုးသင်ကျရှုံးစေနိုင်မယ့် စကားတွေမပြောပါနဲ့။ ကံကောင်းစွာနဲ့ ပဲသင့်ရဲ့မကောင်းမြင်တဲ့ မိမိကိုယ်ကို ပြောစကားတွေကို လက်တွေ့ကျတဲ့ အကောင်းမြင်တဲ့ အတွေးတွေအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။

နောက်တစ်ခါ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်ပြီးသင့်အနေနဲ့မကောင်းတဲ့ အတွေးတွေးမိရင် အဲဒီမကောင်းတဲ့ အတွေးကိုပစ်ချပြီး ကောင်းမွန်တဲ့ အားပေးစကားကို မိမိကိုယ်ကို ပြန်ပြောနိုင်အောင် ကြိုးစားပါ။

အဆိုးမြင်အတွေးများနဲ့ အကောင်းမြင်အတွေးများ

အဆိုးမြင်အတွေး

ဥပမာ-ငါအရင်တစ်ပတ်ကတစ်ရက်မှ လမ်းမလျှောက်ခဲ့ဘူး။ ငါဟာလေ့ကျင့်ခန်းဘက်မှာ လုံးဝအရှုံးသမားပဲ။ အကောင်းဘက်က ပြန်တွေးရင်အရင်အပတ်က ၇ရက်မှာ၄ရက်လမ်းလျှောက်ခဲ့တယ်။ ဘာလေ့ကျင့်ခန်းမှ မလုပ်တာထက် စာရင်တော့ပိုကောင်းတာပေါ့။

အကောင်းကိုအဆိုးတွေးခြင်း

ဥပမာ-ငါကားကိုစတိုအပေါက်ဝကနေ အဝေးကြီးမှာ ပါကင်ထိုးတာက အနီးမှာထိုးစရာပါကင်ရှာမတွေ့လို့။
အကောင်းဘက်ပြန်တွေးရင် ။ ။ ငါလမ်းလျှောက်ရတာကြိုက်လို့၊ လမ်းလျှောက်တာက ကျန်းမာရေးလည်းကောင်းလို့။

အကြမ်းဖျင်းတွေးတောခြင်း

ဥပမာ-ငါမပြေးနိုင်ဘူး။ ဒါကြောင့်ငါကျန်းမာရေးကောင်းဖို့လုံလောက်တဲ့လေ့ကျင့်ခန်းမရခဲ့ဘူး။
အကောင်းဘက်ပြန်တွေးရင်။ ။ ငါလမ်းလျှောက်ဖြစ်တာဝမ်းသာတယ်။ ဘာလေ့ကျင့်ခန်းမှမလုပ်တာထက်စာရင်တော့ပိုကောင်းတာပေါ့။

အဆိုးဘက်ကအဓိပ္ပါယ်ကောက်ခြင်း

ဥပမာ-ဆရာဝန်ကငါလေ့ကျင့်ခန်းမလုပ်ခင်ခြေထောက်ကိုစစ်ဆေးခိုင်းတယ်။ ဒါက လေ့ကျင့်ခန်းလုပ်တာကငါ့ခြေထောက်အတွက်မကောင်းလို့နေမယ်။
အကောင်းဘက်ကတွေးရင်။ ။ ငါ့မှာဆီးချိုရှိတဲ့အတွက်ငါ့ခြေထောက်ကိုဂရုစိုက်ရမယ်။ ဆရာဝန်ကစစ်ဆေးခိုင်းလိုက်တာကောင်းတယ်။

တစ်ကိုယ်ကောင်းအတွေး

ဥပမာ-မိုးလေဝသကငါနဲ့ဆန့်ကျင်ဘက်ပဲ။ ငါလမ်းလျှောက်ဖို့စီစဉ်ထားပေမယ့် မိုးက သည်းကြီးမည်းကြီး တောက်လျှောက်ရွာနေတယ်။

အကောင်းဘက်ကပြန်တွေးရင်။ ။ မိုးလေဝသဆိုတာခန့်မှန်းလို့မှမရပဲ။ ငါဒီနေ့လိုမျိုးမိုးရွာတဲ့နေ့တွေမှာအိမ်ထဲမှာပဲ လေ့ကျင့်ခန်းလုပ်မယ်

Ref : Hellosayarwon

ရေးသားသူ Kyaw Thura Htun
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top