အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၅-၃-၂၀၂၀ မှ ၂၁-၃-၂၀၂၀ ရက်နေ့အထိ)

baydinmar1532020.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၅-၃-၂၀၂၀ မှ ၂၁-၃-၂၀၂၀ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ လုပ်ငန်းကိုင်တာများ နှေးကွေးနေမည်၊ ထင်သလောက်ဘာမှမဖြစ်ဘဲရှိနေမည့်အချိန်ဖြစ်သည်၊ ယခုအချိန်သည် စီးပွားရေးလုပ်ငန်းအတွက် ကံကောင်းသည့်အချိန်မဟုတ်ဘဲ ဘာလုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်နေမည့်ကာလတစ်ခုဖြစ်သည်။ အထူးသဖြင့် ငွေကြေးလုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်ပကုန်သွယ်ရေး လုပ်ကိုင်သူများ အလွန်သတိထားရမည့်အချိန်ဖြစ်တယ်။ ဒီအချိန်မှာ လုပ်ငန်းတိုးချဲ့မယ်ဆိုရင် အရင်ပြန်ရဖို့ ခက်ပါလိမ့်မယ်။

ကျန်းမာရေး။ ။ ခေါင်းကိုက်ခြင်း၊ မျက်လုံးရောဂါတစ်ခုခုဖြစ်တတ်ပါတယ်၊ အထူးသဖြင့် မျက်လုံးကို ပြင်ပက တစ်ခုခုထိမိခိုက်မိတာဖြစ်ပြီး ခွဲစိတ်ရတဲ့ အခြေအနေအထိ ဖြစ်နိုင်ပါတယ်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံအနည်းငယ်ညံ့ပါတယ်။ ချစ်ရသူနဲ့ ခွဲရမယ့်အချိန်ဖြစ်တယ်။ စိတ်ဆပ်တဲ့ သူတွေအနေနဲ့ကတော့ ရန်သဘောဆောင်ပြီး ကွဲတတ်တယ်။ အိမ်ထောင်ရေးအခြေအနေကောင်းပါတယ်၊ အိမ်ခွဲနေလိုက်မယ်ဆိုရင် ပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။

ပညာရေး။ ။ ပညာရေးအနေနှင့် နိုင်ငံခြားဘာသာစကားလိုက်နေသူများ အဆင်ပြေလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း နိုင်ငံဝန်ထမ်းများ ကံကောင်းနိုင်ပါသည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၇။၉

ယတြာ။ ။ အုန်းသီးပါသော မုန့်ရဟန်းတစ်ပါးကို လှူပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့-

စီးပွားရေး။ ။ ယခုအချိန်သည် စီးပွားရေးလုပ်ငန်းများအတွက် အချိန်စောင့်ဆိုင်းရမည့်အချိန်ဖြစ်သည်။ လုပ်ငန်းစတင်နိုင်ရန်ပြင်ဆင်ထားသင့်ပြီး အမှန်တစ်ကယ်လုပ်ငန်းစတင်ရန်မှာ အချိန်လိုအပ်ပါသေးသည်။ စားသောက်ကုန်လုပ်ငန်း၊ မုန့်လုပ်ငန်း၊ အထည်အလိပ်၊ စသည့် အိမ်သုံးကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးလုပ်ငန်း၊ နိုင်ငံခြားဆေးလုပ်ငန်းများ ကောင်းပါသည်။ ပြည်ပမှ စားဆေးနှင့် ဆေးရုံးသုံးပစ္စည်းများ တင်သင်းသူများလည်း အထူးသတိထားရပါလိမ့်မည်၊ လူယုံသတိထားရန်လိုပါသည်။

ကျန်းမာရေး။ ။ ခါးနာခြင်း၊ကျောက်ကပ်နှင့်ဆိုင်သောရောဂါ၊ဆီးနှင့်ပါတ်သက်သော ရောဂါများ သတိထားပါ။ အထူးသဖြင့် ကျောက်ကပ်ဝေဒနာရှင်များ ဆေးမှန်ရန်လိုအပ်ပြီး သက်ဆိုင်ရာ သမားတော်ကြီးထံ အချိန်ယူပြ၍ကုသမှု့ခံယူသင့်ပါသည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်၊ အဝေးမှ ချစ်သူနှင့် ပြန်ဆုံရမည့်အချိန်ဖြစ်သည်။ အိမ်ထောင်ရေးသမားများ အနည်းငယ် ပြဿနာရှိနေတတ်သည်။ ခရီးသွားများမည်၊ သံသယကို လျှော့ထားရန်လိုပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် တက်ရောက်နေသော သင်တန်းအား ယယီရပ်ဆိုင်းလိုက်ရတတ်ပါသည်။ပညာရေးနှောင့်နေးသည့်အချိန်ဖြစ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် လုပ်ဖော်ကိုင်ဘက်အချင်းချင်း သဘောထားကွဲနေတတ်သည်။ ငွေဝင်မည်၊ ထီထိုးပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ဝ။

ယတြာ– ဘုရား၏ တနင်္လာဒေါင့်တွင် ကံကော်ပန်းများ ဝေနေအောင်ပူဇော်ပြီး လိုရာဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ လုပ်ငန်းများ ဖြစ်လိုက် ၊မဖြစ်လိုက်ဖြစ်နေတတ်သည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ လက်သမားလုပ်ငန်း နှင့် ဆောက်လုပ်ရေးပစ္စည်းလုပ်ကိုင်းသူများ ကံကောင်းပါမည်။သို့သော် ငွေအကြွေးကျနေတတ်သည်။ ကျောက်ထုတ်လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ရတနာတန်းဝင် ကျောက်မျက်ရတနာတူဖော်ခြင်း လုပ်ငန်းများလည်း ရပ်တန့်နေတတ်သည်၊ ဖြစ်လိုက် မဖြစ်လိုက်နှင့် စိတ်ညစ်ရတတ်သည်။ ကုမ္ပဏီလုပ်ငန်းများ သတိထားလုပ်ကိုင်ပါ။

ကျန်းမာရေး။ ။ ခါး၊မေးရိုးနှင့်၊ဒူးတွင်ရှိသော အရိုးထိခိုက်မိခြင်း ဖြစ်တတ်သည်။ အထူးသဖြင့် ခါးနာပါက ကုသရန်ခက်မည်၊ခါးရိုးအတွင်း အာရုံကြောညတ်နေတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ပုံမှန်သာဖြစ်နေသော်လည်း လက်ထပ်ရန်မဖြစ်နိုင်သေးပါ။ အိမ်ထောင်ရေးအနေနှင့် နှစ်ဘက်မိဘတို့ အိမ်တွင်းရေးတွင် ပါဝင်ပါတ်သက်နေတတ်သည်။

ပညာရေး။ ။ ပညာရေးအနေနှင့် လက်မှု့ပညာတစ်ခုခုကို လိုက်စားလေ့လာပါ။

အထွေထွေ။ ။ ဝန်ထမ်းများအနေနှင့် ထီထိုးသင့်ပါသည်၊ ထီကံကောင်းမည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။

ယတြာ – ဂြိုဟ်ပြေနံပြေဘုရားရှိ အင်္ဂါနံဘုရားတွင် ဇီးယိုလှူပါ။ လမ်းသွားလမ်းလာသက်ကြီးနှင့် ကလေးများကို ဇီးယိုဒါနပြုပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့် –

စီးပွားရေး။ ။ ကုန်စည်ပို့ဆောင်ခြင်း၊ခရီးသွားလုပ်ငန်း၊ကားလုပ်ငန်း၊အကျိုးဆောင်လုပ်ငန်းများ အဆင်ပြေပါလိမ့်မည်။ ယခုအချိန်တွင် ဝိရိယအားစိုက်ထုတ်ပြီး လုပ်ငန်းများကို လုပ်ကိုင်ရမည့်အချိန်ဖြစ်သည်။လုပ်ငန်းများတွင် မိမိနှင့် လုပ်ဖော်ကိုင်ဘက်တို့နှင့် ငွေကြေးကိစ္စ ပြသနာရှိနိုင်သည်။ စာရင်းများသေချာလုပ်ရမည့်အချိန်ဖြစ်သည်။

ကျန်းမာရေး။ ။ ယောကျ်ားနှင့်ဆိုင်သောရောဂါ၊ဒူလရောဂါနှင့် အရိုးပွသောရောဂါများ ရတတ်သည်။ အရိုးသတိထားရမည်။ခါးနာမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံမကောင်းပါ။ မိမိအားအလွန်ချစ်တတ်သော ချစ်သူနှင့် ရေခြား၊မြေခြားခွဲခွာရလိမ့်မည်။ အိမ်ထောင်ဘက်များအနေနှင့် မိသားစုခရီးထွက်ရမည်၊ အဆင်ပြေပါလိမ့်မည်။

ပညာရေး။ ။ ပညာရေးအနေနှင့် အလုပ်နှင့်သင့်သော ပညာရပ်ကို လေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အိမ်ခြံမြေနှင့်ပါတ်သက်သော ကိစ္စရပ်များ အောင်မြင်မည်။ နိုင်ငံဝန်ထမ်းများအနေနှင့် အလုပ်များမည်၊ နေရာပြောင်းရတတ်သည်။

ရာဟု ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အထူးညံ့ပါလိမ့်မယ်။ အချစ်ရေးတွင်လည်း မိဘတို့ သဘောမတူသဖြင့် အသဲကွဲနေရတတ်သည်။ စီးပွားရေးတွင် ဆောက်လုပ်ရေးကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက မိမိကိုင်ရသော လုပ်ငန်းကို ကိုယ်တိုင်လုပ်ပါ။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ရေသန့်ဗူးများအား လမ်းသွားလမ်းလာများအား တတ်နိုင်သလောက် လှူပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် –

စီးပွားရေး။ ။ အထူးသဖြင့် အစိုးရနှင့်သက်ဆိုင်သော လုပ်ငန်းများအတွက ကန်ထရိုက်လုပ်နေသူဖြစ်ပါက စိတ်သောကရောက်ရတတ်သည်၊ ယုံကြည်ရသောသူတစ်ယောက်၏ သစ္စာဖောက်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အနည်းငယ် ထိခိုက်လာမည်။ စားသောက်ဆိုင်လုပ်ငန်း၊လက်ဖက်ရည်ဆိုင်လုပ်ငန်းနှင့် မုန့်လုပ်ငန်းများ ကောင်းသည်။

ကျန်းမာရေး။ ။ အာရုံကြောနှင့်ပါတ်သက်ပြီး စစ်ဆေးသင့်ပါသည်။အမျိုးသမီးများ သားအိမ်ရောဂါသတိပြုသင့်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် ရေခြားမြေခြား ဝေးကွာနေတတ်သည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။ အဆင့်မြင့်ပညာရေးရရှိမည်။ ပါရဂူဘွဲ့ကိစ္စ၊စာတမ်းကိစ္စမျာအောင်မြင်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း နိုင်ငံဝန်ထမ်းများအနေနှင့် သင်တန်းတက်ရမည်။

အကျိုးပေးဂဏန်း – ၅ ၊ ၆ ၊ ၉။

ယတြာ – သက်ကြီးလူအိုတစ်ဦးကို ဆေးလှူပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် –

စီးပွားရေး။ ။ ပရိဘေဂနှင့် သံထည်ပစ္စည်း၊အလူမီနီယံလုပ်ငန်း၊ မှန်လုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းသော ကာလဖြစ်သည်။ ရေလုပ်ငန်း၊သင်္ဘောလုပ်ငန်းဈငါးလုပ်ငန်းလုပ်ကိုင်သူများ အနည်းငယ် သတိပြုရမည့်အချိန်ဖြစ်သည်၊ ယခုအချိန်တွင် လုပ်ငန်းကောင်းသော်လည်း လူမှု့ရေးကိစ္စကြောင့် လုပ်ငန်းပျက်တတ်သည်၊ လူလိမ်မိတတ်သည်။

ကျန်းမာရေး။ ၊ ခြေထောက်နှင့်ဆိုင်သောရောဂါ၊အူမကြီးနှင့် အူတို့တွင်ရောဂါရတတ်သည်။ သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ချစ်သူနှင့် ဘာမဟုတ်သည့်ကိစ္စအတွက် လမ်းခွဲစာကားပြောရတတ်သည်။အိမ်ထောင်သည်များအနေဖြင့် း စန်းပွင့်ပြီး အခြားတစ်ယောက်ကို တွေ့နေတတ်သည်။သတိထားပါ။

ပညာရေး။ ။ ပညာရေးအနေနှင့် အစိုးရလက်နက်ကိုင်ဝန်ထမ်းများ လက်နက်နှင့်ပါတ်သက်သော သင်တန်းတက်ရောက်ရတတ်သည်၊သင်တန်းတက်ရောက်ခွင့်ရပါက တက်လိုက်ပါ၊ ရာထူးတိုးပါလိမ့်မည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ စိတ်သောကရောက်ရမည်၊ အထက်လူကြီးနှင့် မိမိအောက်လက်ငယ်သား၏အကြား စိတ်ညစ်ရမည်။မိမိတာဝန်ယူထာသောနေရာတွင် မီးသတိပြုပါ။

strong>အကျိုးပေးဂဏန်း – ၂ ၊ ၃ ၊ ၇။

ယတြာ – သောကြာနေ့တွင် ရဟန်းတပါးအား ဆွမ်းနှင့် အလှူပစ္စည်းများ တတ်နိုင်သလောက်လှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် –

စီးပွားရေး။ ။ ပြည်ပမှ စားသောက်ကုန်၊လျှပ်စစ်ပစ္စည်း စသည်တို့ တင်သွင်းပါက ကံကောင်းနေပါလိမ့်မည်။ ယာဉ်၊ကား ပြင်ဆင်ခြင်းနှင့်ပါတ်သက်သော အပိုပစ္စည်းတင်သွင်းသူများ စီးပွားတက်မည့်ကာလဖြစ်သည်။ အလုပ်ရုံ၊ ဝေါက်ရှောက်လုပ်ငန်း၊ အင်ဂျင်နှင့် သက်ဆိုင်သည့်အပိုပစ္စည်းများ ရောင်းချခြင်းကောင်းပါသည်။ ကျောက်မျက်ရတနာလုပ်ငန်းနှင့် ရွှေထူးခြင်း လုပ်ငန်းများ အခြေအနေမကောင်းဖြစ်မည်၊ အလုပ်သမားကြောင့် စိတ်သောကရောက်ရမည်။

ကျန်းမာရေး။ ။ သာမန်နေမကောင်းဖြစ်မည်၊ အရေပြားနှင့်ဆိုင်သော ရောဂါများ ဖြစ်တတ်သည်။ မီးပူလောင်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူ၏ မိသားစုနှင့်နှင့်ပါက်သက်သော လုပ်ကိုင်ရန်ကိစ္စများအား မိမိက ကိုယ်တိုင် လိုက်ပါဆောင်ရွက်ပေးရမည်။ အဆင်ပြေသည့် အချစ်ရေးဖြစ်မည်။ အိမ်ထောင်သည်များအနေနှင့် အိမ်ပြောင်းခြင်းဖြစ်မည်၊ကောင်းသောပြောင်းခြင်းဖြစ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် စီးပွားရေးနှင့်သက်ဆိုင်သော ဘွဲ့လွန်ပညာရေးကို သင်ယူလေ့လာသင့်သည်။

အထွေထွေ။ ။ ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၄။၅။၉ ၊

ယတြာ – ဆင်းရဲနွမ်းပါးသည့် သက်ကြီးဝါကြီး ပုဂ္ဂိုဟ်တစ်ဦးအား ဖိနပ်လှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Ph.D-Palmistry. (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top