ထိုင်းလူမှုကွန်ရက်မှာ လူပြောများနေတဲ့ ငါးမျှားခရီးစဉ်

21-10-2022-yyl-02.jpg

ဝတ်လစ်စလစ် အမျိုးသမီးတွေနဲ့အတူ ငါးမျှားထွက်ရမယ့် ခရီးစဉ်ကတော့ ထိုင်းနိုင်ငံရဲ့ လူမှုကွန်ရက်မှာ လူပြောများနေပါတယ်။ ”ငါးမျှားမယ်+ နို့သောက်မယ်+ ကမာခွံတွေကြားမှာ ၄ နာရီ ပျော်ပါးမယ်။ ဆာရှီမီ( ဂျပန်ငါးအသားလွှာ)နဲ့ သောက်စရာတွေလည်း ပါမယ်။ လူတစ်ယောက်ကို ဘတ် ၃၀၀၀”ဆိုတဲ့ အွန်လိုင်းကြော်ငြာမှာ ဝတ်လစ်စလစ်အမျိုးသမီး တော်တော်များများရဲ့ ဓာတ်ပုံတွေ ထည့်သွင်းထားတာပါ။

ချုံဘူရီခရိုင်က လူတော်တော်များများကတော့ ဒီဈေးကွက်ထိုးဖောက်မှုပုံစံက ခရီးသွားလုပ်ငန်းပုံရိပ် ကျဆင်းအောင် လုပ်နေတာ၊ တရားဝင် ခရီးသွားလုပ်ငန်းကို ထိခိုက်အောင် လုပ်နေတာလို့ ဝေဖန်နေကြပါတယ်။ ဒီအကြောင်းကို ထိုင်းနိုင်ငံရဲ့ သတင်းဌာနကြီးတွေမှာတောင် ဖော်ပြခဲ့ကြပါတယ်။ အာဏာပိုင်တွေကတော့ ဒီခရီးစဉ် စီစဉ်နေသူတွေကို မေးမြန်းစုံစမ်းနေပြီး ထိုင်းရဲတပ်ဖွဲ့ကတော့ ကြော်ငြာဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီး ၂ ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။

တမူကွဲပြားတဲ့ ပရိုမိုးရှင်းအစီအစဉ်မှာ ပါဝင်ခဲ့တယ်လို့ အမျိုးသမီးနှစ်ယောက်က ဝန်ခံခဲ့ပေမဲ့ ငါးမျှားခရီးစဉ်မှာ ပါဝင်ဖို့ ဘယ်သူကမှ သူတို့ကို အမှန်တကယ်ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒီအမျိုးသမီးတွေဟာ မဖွယ်မရာ ကိုယ်ဟန်အပြုအမူကြောင့် ထောင်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ Thai Post က ဖော်ပြပါတယ်။

Ref: Entrepreneur Sparks Controversy by Offering Fishing Trip in the Company of Naked Women

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top