သွားဖုံးသွေးထွက်တာကို ဒီနည်းတွေနဲ့ ကုသကြမယ်

yyl-018-3.jpg

လူသန်းပေါင်း (၆၀၀) လောက်က သူတို့ရဲ့ဘဝမှာ သွားဖုံးပြဿနာတွေနဲ့ ကြုံတွေ့ကြရပါတယ်။ ဒါပေမဲ့ ကောင်းတဲ့သတင်းကတော့ သူတို့တွေထဲက အများစုက သွားဖုံးပြဿနာတွေကို အိမ်မှာပဲ ကုသနိုင်ခဲ့ကြတာပါပဲ။ သွားဖုံးသွေးထွက်တာက သွားဖုံးရောဂါတွေရဲ့ပထမဆုံးလက္ခဏာရပ်ဖြစ်ပါတယ်။ သွားဖုံးသွေးထွက်တာတွေ ဖြစ်လာမယ်ဆိုရင် ကိုယ့်ကိုယ်တိုင် ဘယ်လိုကုသလို့ရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

ရေခဲအိတ်ကပ်ပါ

ရောင်ရမ်း၊ နာကျင်တဲ့နေရာကို ရေခဲအိတ်ကပ်ပါ (ဒါမှမဟုတ်) ရေခဲတုံးအသုံးပြုပေးပါ။ အဲဒီလိုလုပ်ပေးတာက သွားဖုံးသွေးထွက်တာတွေကို ရပ်တန့်သွားစေပါလိမ့်မယ်။ သွေးထွက်တာ ရပ်သွားတဲ့အထိ ရေခဲကပ်ထားပေးပါ။ တကယ်လို့ ရေခဲအိတ်ကပ်တာ (၁၀) မိနစ်ကြာတဲ့အထိ သွေးထွက်တာမရပ်ရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

ဆားရည်နဲ့ ပလုတ်ကျင်းပါ

ရေနွေးနွေးလေး (၁) ခွက်ခဲကို ပင်လယ်စာ (စားပွဲတင်ဇွန်း (၁) ဇွန်း) ထည့်ပြီး ဆားတွေ ပျော်ဝင်သွားအောင် မွှေပေးပါ။ စက္ကန့် (၃၀) လောက် ပါးစပ်ထဲမှာ ဆားရည်ကို ငုံထားပြီး ထွေးထုတ်ပစ်ရမှာဖြစ်ပါတယ်။ တစ်ခါကို (၄-၅) ကြိမ်လောက် ပြုလုပ်ပါ။ တစ်နေ့ကို နှစ်ခေါက်ပြုလုပ်ပေးပါ။ မနက်ခင်းတစ်ခေါက်၊ အိပ်ရာမဝင်ခင် တစ်ခေါက်ပြုလုပ်ပေးသင့်ပါတယ်။ ဆားရည်က သွားဖုံးရောင်ရမ်းတာတွေကို သက်သာစေပြီး သွေးထွက်တာကို ရပ်တန့်အောင် ကူညီပေးပါတယ်။

အယ်လ်ကိုဟော မပါဝင်တဲ့ပါးစပ်သန့်ဆေးရည်ကို အသုံးပြုပါ

ပါးစပ်သန့်ဆေးရည်အသုံးပြုတာက သွားဖုံးသွေးထွက်တာကို ဖြစ်စေတဲ့ သွားဖုံးရောင်ရမ်းခြင်းကို ဖယ်ရှားပေးနိုင်သလို ပါးစပ်အတွင်းထဲက ဘတ်တီးရီးယားပိုးမွှားတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

လက်ဖက်ခြောက်အိတ်ကို အသုံးပြုပါ

ရေနွေးပူပူထဲကို လက်ဖက်ခြောက်အိတ်ကို စိမ်ထားလိုက်ပြီး (၂) မိနစ်လောက်ကြာရင် လက်ဖက်ခြောက်အိတ်ကို ရေနွေးထဲကထုတ်လိုက်ပြီး အေးသွားအောင်လုပ်လိုက်ပါ။ သွေးထွက်တဲ့သွားဖုံးနေရာမှာ အဲဒီလက်ဖက်ခြောက်အိတ်ကို (၅) မိနစ်လောက် ကပ်ထားရမှာဖြစ်ပါတယ်။ လက်ဖက်ခြောက်က သွားဖုံးပြဿနာတွေကို သက်သာသွားစေနိုင်တဲ့ တန်နင် (tannic) အက်ဆစ်ပါဝင်ပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်ကို စားသုံးပါ

ဗီတာမင် ကေဓာတ်မလုံလောက်ရင်လည်း အချိန်အကြာကြီး သွေးထွက်စေနိုင်ပါတယ်။ ဒါက သွားဖုံးက ပုံမှန်ထက်ပိုပြီး သွေးထွက်ရတဲ့အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ ဒေါက်ခွရွက်၊ ကိုက်လန်၊ ဆလတ်ရွက်တွေလို အရွက်တွေက ဗီတာမင် ကေကြွယ်ဝစွာပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။

ပျားရည်သုံးပါ

ပါးစပ်ကို ရေနွေးနွေးလေးနဲ့ သန့်စင်လိုက်ပြီး မနက်တိုင်း သွားဖုံးကို (၁၀) မိနစ်လောက်နှိပ်နယ်ပေးဖို့အတွက် ပျားရည်ကို အသုံးပြုပေးပါ။ ပျားရည်က အန်တီဘတ်တီးရီးယားဂုဏ်သတ္တိတွေ ပါဝင်တာတာကြောင့် သွားဖုံးသွေးထွက်ခြင်းအတွက် အကူအညီဖြစ်ပါတယ်။ ဒါပေမဲ့ ပျားရည်ကို သွားအတွက်မဟုတ်ဘဲ သွားဖုံးအတွက်ပဲ အသုံးပြုပေးရမှာဖြစ်ပါတယ်။

Ref: Brightside “Expert Tips for How to Treat Bleeding Gums”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top