အိမ်မှာထိုင်ပြီး အင်စတာဂရမ်မှာ ဓာတ်ပုံတင်လို့ရတဲ့ငွေက UFC ထိုးကြေးထက် ပိုများပါတယ်ဆိုတဲ့ ပေ့ချ်ဗန်ဇန်

hotsport02.jpg

အိမ်မှာထိုင်ပြီး အင်စတာဂရမ်မှာ ပို့စ်တင်လို့ရတဲ့ငွေက UFC ထိုးကြေးထက် ပိုများတယ်လို့ UFC တိုက်ခိုက်ရေးအားကစားမယ် ပေ့ချ်ဗန်ဇန့်က ပြောပါတယ်။ UFC ဖလိုင်းဝိတ်တန်းမှာ နာမည်ကျော်ကြားတဲ့ အမေရိကန် တိုက်ခိုက်ရေးအားကစားမယ်
ပေ့ချ်ဗန်ဇန့်ဟာ ရုပ်သံစီးရီးတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ ပေ့ချ်ဗန်ဇန့်ဟာ ပွဲစဉ်တစ်ပွဲထိုးပြီးရင် UFC နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။ အခုထက်ပိုများတဲ့ ထိုးကြေးရမှ UFC နဲ့ စာချုပ်သက်တမ်းတိုးမယ်လို့
ပေ့ချ်ဗန်ဇန့်က ဆိုပါတယ်။

”အိမ်မှာထိုင်ပြီး အင်စတာဂရမ်ပေါ်ဓာတ်ပုံတင်လို့ရတဲ့ပိုက်ဆံက UFC ထိုးကြေးထက် ပိုများပါတယ်။ စာချုပ်သက်တမ်းတိုးဖို့ နောက်ဆုံးတစ်ခေါက် ဆွေးနွေးတုန်းက ”အမျိုးသမီးချန်ပီယံထက်တော့ ထိုးကြေးပိုပေးလို့မရဘူးလေ”လို့ ဒါနာဝှိုက်က ပြောခဲ့ပါတယ်။
ဟုတ်ပါပြီ။ ကျွန်မကို ဘာလို့ တခြားအမျိုးသမီးဖိုက်တာတွေနဲ့ ယှဉ်နေတာလဲ။ ကျွန်မတို့ အမျိုးသမီးဖိုက်တာအားလုံး ထိုးကြေးပိုရသင့်ပါတယ်”လို့ ပေ့ချ်ဗန်ဇန့်က ဆိုပါတယ်။

UFC ပြိုင်ပွဲရဲ့ထိုးကြေးဟာ မျက်မှောက်ခေတ်မှာ လူပြောများတဲ့ အကြောင်းအရာတစ်ခုဖြစ်နေပါတယ်။ ထိုးကြေးနည်းလို့ ဖိုက်တာတွေ တရားစွဲတာ၊ တခြားအဖွဲ့အစည်းတွေကို ပြောင်းသွားတာမျိုး ကြုံရလေ့ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top