အမျိုးသမီးတစ်ယောက်ကိုလက်ရောက်လို့ နစ်ကီဘတ် အဖမ်းခံခဲ့ရ

58383563_2281342035242369_3669528570604027904_n.jpg

မန်ယူအကယ်ဒမီ အကြီးအကဲ နစ်ကီဘတ်ဟာ အမျိုးသမီးတစ်ယောက်ကို လက်ရောက်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးခံခဲ့ရပေမဲ့ အာမခံရလို့ ပြန်လွတ်လာခဲ့ပါတယ်။ ဂရိတ်တားမန်ချက်စတာမြို့ရဲ့ ဟာလီမြို့က အိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းပေးပို့မှု ရရှိခဲ့ပြီးနောက် အသက် (၄၄) နှစ်အရွယ်ရှိတဲ့ နစ်ကီဘတ်ကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့တာပါ။

နောက်ပိုင်းမှာတော့ မန်ယူနဲ့ အင်္ဂလန်ကွင်းလယ်လူ နစ်ကီဘတ်ဟာ နောက်ထပ်စစ်ဆေးမေးမြန်းမှု ခံရပြီးနောက်မှာတော့ ပြန်လွတ်လာခဲ့ပါတယ်။ နစ်ကီဘတ်ဟာ မန်ယူကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ဖလား (၆) လုံးနဲ့ ချန်ပီယံလိဂ်ဖလား (၁) လုံး
ဆွတ်ခူးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top