Ballon d’Or ဆုကို မက်ဆီရသွားတာ မမျှတပါဘူးလို့ ရော်နယ်ဒိုရဲ့အေးဂျင့် ပြော

yyl-001-10.jpg

ရော်နယ်ဒိုသာ ရီးရဲလ်မှာ ဆက်ကစားနေရင် ၂၀၁၉ ခုနှစ်အတွက် Ballon d’Or ဆု ရလိမ့်မယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က ပြောပါတယ်။ အခုလအစောပိုင်းက ကျင်းပခဲ့တဲ့ Ballon d’Or ဆုပေးပွဲမှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက (၆)ကြိမ်မြောက် ဆွတ်ခူးခဲ့လို့ Ballon d’Or ဆုရရှိမှုမှာ ရော်နယ်ဒိုထက် တစ်ကြိမ်ပိုများခဲ့ပါတယ်။ Ballon d’Or ဆုကို မက်ဆီ ဆွတ်ခူးသွားတာ တရားမျှတမှုမရှိဘူးလို့ ဂျော့မန်ဒက်စ်က ပြောပါတယ်။

”ရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ရော်နယ်ဒိုခေတ် မတိုင်ခင်မှာ ပေါ်တူဂီအသင်း ဆုဖလားအောင်မြင်မှု တစ်ခုမျှ မရခဲ့ပါဘူး။ ရော်နယ်ဒိုနဲ့ကျမှ ယူရိုဖလား၊ UEFA Nations League ဖလားတွေ ဆွတ်ခူးခဲ့တာပါ။ သူက ကမ္ဘာ့ဘောလုံးလောကကို ပုံစံပြောင်းခဲ့သူပါ။ ပေါ်တူဂီအကြောင်းပြောရင် နိုင်ငံငယ်တစ်ခုကို ပြောကြတာကို ရော်နယ်ဒိုက ပြောင်းလဲပစ်ခဲ့ပါတယ်။ လာမယ့်နှစ်ကျရင် ပေါ်တူဂီအတွက် သွင်းဂိုး ၁၁၀ ပြည့်မြောက်ပြီး Ballon d’Or ဆု ဆွတ်ခူးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်အတွက်တော့ Ballon d’Or ဆုကို မက်ဆီ ဆွတ်ခူးသွားတာ မမျှတပါဘူး။ ရော်နယ်ဒိုက UEFA Nations League ဖလား ဆွတ်ခူးထားသူပါ။ ဒါပေမဲ့ ဘဝဆိုတာ အဲဒီလိုပါပဲ။ ကျွန်တော့်အထင်တော့ သူသာ ရီးရဲလ်မှာ ဆက်ကစားနေရင် Ballon d’Or ဆုရမှာပါ။ သူက ချန်ပီယံပါ။ ၂၀၂၀ မှာ Ballon d’Or ဆုရဖို့ ဘာလုပ်ရမလဲဆိုတာ သူသိပါတယ်”လို့ ဂျော့မန်ဒက်စ်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top