ဖိနပ်အစုတ်ကြောင့် ခြေထောက်နာခဲ့တဲ့ အန်ဆူဖာတီကို ဗစ်တာဗဲဒက်စ်က ဖိနပ်အသစ် ဝယ်ပေးခဲ့

hotsport04.jpg

ဘက်တစ်ကို ၅-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားခဲ့တဲ့ လူငယ်ကစားသမား အန်ဆူဖာတီက ဘာစီလိုနာအသင်းသမိုင်းမှာ ဒုတိယအသက်အငယ်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ လာမာစီယာလူငယ်အကယ်ဒမီထွက် ကစားသမား အန်ဆူဖာတီဟာ ပွဲချိန်(၇၈)မိနစ်အရောက်မှာ အကယ်ဒမီထွက် တခြားကစားသမားတစ်ယောက်ဖြစ်တဲ့ ပီရက်ဇ်နေရာမှာ အစားဝင်ကစားခဲ့တာပါ။ အန်ဆူဖာတီဟာ မကြာသေးခင်အချိန်အထိ လူငယ်အသင်းမှာ ကစားခဲ့သူပါ။

ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ လူငယ်ဘောလုံးပြိုင်ပွဲမှာ အန်ဆူဖာတီက ခြေထောက်နာတယ်ဆိုပြီး အမြဲတမ်းပြောနေလို့ လူငယ်အသင်း နည်းပြအဖွဲ့ဝင်တွေ ဗျာများခဲ့ရဖူးပါတယ်။ အန်ဆူဖာတီ ခြေထောက်နာနေတဲ့ ပြဿနာကို အဖြေရှာတွေ့ခဲ့သူကတော့ ဘာစီလိုနာဂိုးသမား ဗစ်တာဗဲလ်ဒက်စ် ဖြစ်ပါတယ်။ ဘာစီလိုနာ လူငယ်အသင်း နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေတဲ့ ဗစ်တာဗဲဒက်စ်က အန်ဆူဖာတီရဲ့ဖိနပ်တွေကို ယူကြည့်ခဲ့ပြီး ဖိနပ်အသစ် လိုက်ဝယ်ပေးခဲ့ပါတယ်။

”ဖိနပ်တွေယူလာခဲ့ဖို့ သူ့ကို ပြောတယ်။ အဲဒီဖိနပ်တွေက ဂြိုဟ်ဆိုးဝင်တာပါ။ ဖိနပ်တွေကြောင့် သူ့ခြေထောက်နာခဲ့တာပါ။ ဘယ်သူကမှ ဖိနပ်ကြောင့်ဖြစ်မယ်လို့ မထင်ခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလိုထင်မိခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်တို့ ဖိနပ်အသစ် သွားဝယ်ခဲ့ပါတယ်”လို့ ဗစ်တာဗဲဒက်စ်က ပြောပါတယ်။ လူစားဝင်ကစားခွင့်ရခဲ့တဲ့ အန်ဆူဖာတီကို ဥမင်လိုဏ်ခေါင်းထဲမှာ ဘာစီလိုနာဂန ္ထဝင်ကစားသမား မက်ဆီက ပွေ့ဖက်ဂုဏ်ပြုခဲ့ပါတယ်။ အသက် ၁၆ နှစ်၊ ၂၉၈ ရက်အရွယ်မှာ ဘာစီလိုနာအတွက် ကစားခွင့်ရတဲ့ အန်ဆူဖာတီဟာ ၁၉၄၁ ခုနှစ်နောက်ပိုင်း ဘာစီလိုနာအတွက် အသက်အငယ်ဆုံး ကစားသမားဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top