စူပါပုရွက်ဆိတ်တွေရဲ့ ကျူးကျော်မှုကို တွန်းလှန်နေရတဲ့ ဥရောပနိုင်ငံများ

26.9.2024-yyl-1.jpg

ဂျာမနီ၊ ပြင်သစ်နဲ့ ဆွစ်ဇာလန် အစရှိတဲ့ ဥရောပနိုင်ငံတွေဟာ ရှင်းလင်းဖယ်ရှားဖို့ အင်မတန်ခက်ခဲတဲ့ စူပါပုရွက်ဆိတ် (apinoma magnum ants) တွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်တွန်းလှန်နေရပါတယ်။ ပုံမှန်အားဖြင့် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကတို့လို မြေထဲပင်လယ် ချိုင့်ဝှမ်းမှာသာ တွေ့ရလေ့ရှိတဲ့ ပုရွက်ဆိတ်တွေဟာ ပြီးခဲ့တဲ့နှစ်ပိုင်းကစပြီး ဥရောပတိုက်ကို ရောက်ရှိလာခဲ့တာပါ။

အရွယ်အစားအားဖြင့် ၃ မီလီမီတာထက် မပိုတဲ့ ပုရွက်ဆိတ်တွေဟာ ရာသီဥတုဒဏ် ခံနိုင်စွမ်းရှိပြီး နေရာဒေသ အနှံ့အပြားကို ကူးလူးပြန့်ပွားနိုင်စွမ်း ရှိပါတယ်။ တစ်ကောင်နဲ့ တစ်ကောင်တိုက်ခိုက်တာမျိုးမရှိဘဲ စည်းလုံးမှုအားကောင်းတာကြောင့် အကောင်ရေသန်းချီအထိ အချိန်တိုအတွင်း ပွားများလာနိုင်ပြီး နံရံတွေ၊ စင်္ကြံလမ်းတွေ၊ အင်တာနက်နဲ့ ဝါယာကြိုးတွေထဲမှာ ရှင်သန်နေထိုင်နိုင်စွမ်း ရှိပါတယ်။

” ရှင်းလင်းဖယ်ရှားဖို့ ကြိုးစားပေမဲ့ အခုချိန်ထိတော့ မရသေးဘူး။ ဒါက ဖြစ်စဉ်အသစ်ပါ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဘယ်သူမှ မသိကြသေးဘူး”လို့ ပြင်သစ်နိုင်ငံအနောက်မြောက်ပိုင်း အော်ဗက်မြို့မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စူပါပုရွက်ဆိတ်တွေဟာ ဆွစ်ဇာလန်နိုင်ငံမှတစ်ဆင့် ဥရောပတိုက်ကို စတင်ဝင်ရောက်လာတဲ့ အထောက်အထားတွေ တွေ့ရပြီး ဂျာမနီနိုင်ငံရဲ့ ခါးလ်၊ ဟိုင်ဒယ်ဘတ်၊ ကားလ်ရူဟဲမြို့တွေကို ရောက်ရှိလာကာ အခုနောက်ဆုံး စတုဂတ်မြို့အထိ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ခါးလ်မြို့မှာတော့ ဒေသခံတွေဟာ ပုရွတ်ဆိတ် ကိုက်ခံရတဲ့အကြောင်း သတင်းပို့တိုင်ကြားကြပြီး အာဏာပိုင်တွေကလည်း နှိမ်နင်းမရ ဖြစ်နေကြပါတယ်။

လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ကမ္ဘာပေါ်မှာ ရှိနေတဲ့ ပုရွတ်ဆိတ်တွေဟာ အန္တာတိကတိုက်ကလွဲပြီး ကမ္ဘာ့တိုက်ကြီးအားလုံးမှာ ရှိကြပေမဲ့ ဥရောပတိုက်မှာတော့ အရင်တုန်းက စူပါပုရွက်ဆိတ်တွေ မမြင်ဖူးပါဘူး။ ဒါဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်တယ်လို့ အင်းဆက်ပိုးမွှားပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

Ref: European Countries Struggle to Repel Invasion of Aggressive “Super Ants”
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top