ဥရောပရွှေတံဆိပ်ဆု ရခဲ့တဲ့ ဒေါင်းဆင်ဒရုန်းရှိသူ ဗြိတိန်အလေးမသမား

17.8.23-yyl-2.jpg

European Bench Press Championship အလေးမပြိုင်ပွဲမှာ ဒေါင်းဆင်ဒရုန်း(Down Syndrome) ရှိတဲ့ ဗြိတိန်အလေးမသမားက ရွှေတံဆိပ် နှစ်ဆု ရရှိခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိတဲ့ မက်ဂေါ်လေဟာ အော်တစ်ဇင် အခြေအနေရှိသူဖြစ်ပြီး ဘယ်ဘက်နားကလည်း မကြားရပါဘူး။ လမ်းလျှောက်တတ်ခါစ အရွယ်မှာ နှလုံးခွဲစိတ်မှု နှစ်ကြိမ် လုပ်ခဲ့ရပြီး ဘီးတပ်ကုလားထိုင် အသုံးပြုရသူလည်း ဖြစ်ခဲ့ဖူးပါတယ်။

အခက်အခဲအမျိုးမျိုးကို ကျော်လွှားခဲ့ရတဲ့ မက်ဂေါ်လေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကစပြီး ဝိတ်ကျချင်လို့ အလေးမရင်း အလေးမ အားကစားသမားဖြစ်လာခဲ့တာပါ။ ၂၀၁၅ ခုနှစ်က ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ကျင်းပခဲ့တဲ့ ဓနသဟာယအလေးမပြိုင်ပွဲမှာ ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့တာပါ။ မက်ဂေါ်လေက ကမ္ဘာ့ချန်ပီယံ၊ ဓနသဟာယချန်ပီယံ ၄ ကြိမ်၊ ဗြိတိန်ချန်ပီယံဆုတွေလည်း ဆွတ်ခူးခဲ့ဖူးသူပါ။

ဥရောပပြိုင်ပွဲရဲ့ ၅၉ ကီလိုတန်းမှာ မက်ဂေါ်လေက အကူဝတ်စုံ ကိရိယာမပါ ၇၀ ကီလို၊ အကူဝတ်စုံ ကိရိယာအပါ ၉၀ ကီလို မနိုင်ခဲ့တာပါ။

အသက်ရှင်သန်ဖို့ အခက်အခဲမျိုးစုံ ကျော်ဖြတ်ခဲ့ရပေမဲ့ မက်ဂေါ်လေက Gym မှာ အမြဲပြုံးရွင်စွာနဲ့ အလေးမ လေ့ကျင့်နေတာကို မြင်တဲ့အခါ တခြားလူတွေလည်း သူတို့ရဲ့ စိတ်ညစ်စရာတွေ၊ ပူပင်သောကတွေကို မေ့သွားကြတယ်။ သူတို့အတွက် မက်ဂေါ်လေက စံနမူနာယူစရာ ဖြစ်နေတယ်လို့ မက်ဂေါ်လေရဲ့မိခင်က ဆိုပါတယ်။

Ref: Powerlifter with Down Syndrome Hailed an Inspiration After Overcoming His Challenges to Win Double European Gol

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top