လည်ပင်းနဲ့ ကျောနာတာတွေမဖြစ်အောင် ဒီလိုလဲလျောင်းမှုမျိုးကို ရှောင်ပါ

yyl-23.jpg

ကျွန်တော်တို့ တစ်နေ့ကုန်အလုပ်လုပ်ပြီး အိမ်ပြန်ရောက်တာနဲ့ အိပ်ရာပေါ် (ဒါမှမဟုတ်) ဆိုဖာပေါ်မှာ လဲလျောင်းပြီး အနားယူမိကြပါတယ်။ တချို့ဆို ဖုန်းသုံးပြီး အနားယူကြပေမဲ့လည်း အဲဒီအချိန်ဆို ဘယ်အရာမျိုးကမှ ကျွန်တော်တို့ကို စိတ်ဝင်စားအောင် မလုပ်နိုင်ကြပါဘူး။ ကျွန်တော်တို့က ပင်ပန်းလာလို့ အနားယူဖို့သာ တွေးကြပြီး ဘယ်လိုအနေအထားမျိုးနဲ့ လဲလျောင်းတာက ကျွန်တော်တို့ရဲ့လည်ပင်းနဲ့နောက်ကျတွေကို ထိခိုက်စေနိုင်တယ်ဆိုတာကို သတိမပြုမိကြပါဘူး။ လဲလျောင်းတဲ့အနေအထား၊ ထိုင်တဲ့အနေအထားတွေကလည်း သင့်ရဲ့အိပ်စက်မှုကို သက်ရောက်စေရုံသာမက နောက်ကျောနာကျင်တာ၊ လည်ပင်းနာကျင်တာ မျိုးတွေလို ကျောရိုးပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အူကျန်းမာရေး၊ အသက်ရှုလမ်းကြောင်းတို့ကို ထိခိုက်စေနိုင်တဲ့ သင်လဲလျောင်းပြီး မအိပ်သင့်တဲ့ အနေအထားတစ်ခုရှိပါတယ်။

ကျွန်တော်တို့ စာအုပ်ဖတ်တဲ့အခါ၊ လက်တော့စ်သုံးတဲ့အခါ၊ အိပ်စက်တဲ့အခါမျိုးမှာ မှောက်ခုံ လဲလျောင်းတတ်ကြပါတယ်။ အဲဒီအနေအထားက ကျောရိုးနဲ့ အူကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ မှောက်လျက်လဲလျောင်းတာက နဂိုကျောရိုးပုံစံကို ပြောင်းလဲသွားနိုင်ပြီး လည်ပင်းနာတာ၊ နောက်ကျနာတာတွေဖြစ်လာနိုင်ပါတယ်။ အဲဒီလိုမကြာခဏလဲလျောင်းရင် သင့်ခန္ဓာကိုယ်ကို ပိုပြီးအာစိုက်ရတာကြောင့် ထိခိုက်နိုင်ပါတယ်။ ဘာကြောင့် အဲဒီလိုအနေအထားမျိုးနဲ့ မလဲလျောင်းသင့်လဲလို့ ပြောရတဲ့အကြောင်းအရင်းတွေရှိပါတယ်။ အဲဒီအကြောင်းအရင်းတွေကတော့

သင့်ကျောရိုးကို ဒဏ်ထိခြင်း

မှောက်လျက်အနေအထားက သင့်ကျောရိုးကို ဒဏ်ထိစေနိုင်ပြီး နောက်ကျောနာကျင်တာ၊ လည်ပင်းနာကျင်တာ၊ အဆစ်အမြစ်နာကျင်တာတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ကျောရိုးက သင့်ခန္ဓာကိုယ်ရဲ့အမျိုးမျိုးသောလုပ်ဆောင်ချက်တွေအားလုံးကို ထိန်းချုပ်ပေးတဲ့ အာရုံကြောဖွဲ့စည်းမှုစနစ်ကို ကာကွယ်ပေးပါတယ်။ အာရုံကြောဖွဲ့စည်းမှုစနစ်မှာ ထိခိုက်မှုတွေရှိလာရင် ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို မူမမှန်သလိုဖြစ်လာစေနိုင်ပါတယ်။

အူကျန်းမာရေးအတွက် အန္တရာယ်ရှိခြင်း

ခါးအောက်ဘက်ခြမ်းကို အရမ်းအားစိုက်တာက တင်ပါးရိုးကိုက်ခဲနာကျင်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် မှောက်ခုံလဲလျောင်းတာကြောင့် အူနဲ့ပတ်သက်ပြီး ထိခိုက်လာနိုင်ပြီး ဝမ်းချုပ်တာ၊ အူသိမ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

အသက်ရှုပြဿနာတွေဖြစ်လာနိုင်ခြင်း

မှောက်ခုံလဲလျောင်းတာက တကယ်တော့ ဗိုက်ကိုဖိပြီးလဲလျောင်းတာ၊ အသက်ရှုရှိုက်ရတဲ့ကြွက်သားတွေနဲ့ ရင်ဝမ်းခြားကြွက်သားတွေကို ဖိမိပြီးလဲလျောင်းနေတာဖြစ်ပါတယ်။ အဲဒီအစိတ်အပိုင်းတွေကို အရမ်းအားထည့်ပြီးဖိထားတာက အသက်ဝဝရှုလို့မရအောင် ဖြစ်စေပါတယ်။

အနေအထားမှန်မှန်နဲ့ ထိုင်ဖို့နဲ့ အလုပ်လုပ်ဖို့အတွက် သင် မှတ်ထားသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီအရာတွေကို အောက်မှာဖော်ပြပေးလိုက်ရပါတယ်။
– လက်တော့စ်၊ ဖုန်း တစ်ခုခုအသုံးပြုတဲ့အခါ ထိုင်ခုံပေါ်၊ အိပ်ရာပေါ်တွေမှာ သက်တောင့်သက်သာဖြစ်အောင် ထိုင်ပါ။
– သင့်ကျောရိုးမတ်နေအောင် ကျောမှီလို့ရတဲ့အရာတစ်ခုခုကို အမြဲတမ်းအသုံးပြုပါ။ သင်က အိပ်ရာပေါ်မှာ ထိုင်နေရင် နံရံ (ဒါမှမဟုတ်) ကုတင်တို့ကို ခေါင်းအုံးခံပြီး ကျောပေးမှီပါ။
– အလုပ်လုပ်နေစဉ် သင့်လည်ပင်းမငုတ်ရအောင်၊ မကွေးရအောင် လက်တော့စ်၊ ဖုန်းတွေကို မြင့်မြင့်ထားပြီး အသုံးပြုပါ။

Ref: Lying down in this position can be harmful for your back

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top