ပရဟိတ အဖွဲ့အစည်းတွေအတွက် ရန်ပုံငွေကို မြှင့်တင်တဲ့အနေနဲ့ တကယ့်လယ်သမားတွေနဲ့ ရိုက်ထားတဲ့ ပြက္ခဒိန်

yyl-019-10.jpg

ပြက္ခဒိန်တော်တော်များများဟာ တစ်နှစ်နဲ့တစ်နှစ် မတူတဲ့ရည်ရွယ်ချက်တွေနဲ့ ထွက်ရှိလာတတ်ပါတယ်။ ဒါပေမဲ့ ပြက္ခဒိန်တွေကို မိန်းကလေးမော်ဒယ်တွေနဲ့ ရိုက်တာရှိသလို ယောကျာ်လေးမော်ဒယ်တွေနဲ့ ရိုက်တာတွေလည်းရှိပါတယ်။ တချို့ပြက္ခဒိန်တွေကျတော့လည်း သဘာဝတရားကို အခြေခံပြီး ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ပုံတွေပါဝင်ပါတယ်။

အခုနောက်ပိုင်းမှာကျတော့ ယောကျ်ားလေးတွေပုံတွေနဲ့ ပြက္ခဒိန်တွေကို ထုတ်လာသလို သူတို့ရဲ့ခန္ဓာကိုယ်ကို အသားပေးထားတဲ့ပုံတွေနဲ့ ပြက္ခဒိန်ကို ရိုက်နှိပ်ထုတ်ဝေလာကြပါတယ်။ နှစ်တိုင်း ထွက်ရှိတဲ့ အိုင်ယာလန် လယ်သမားပြက္ခဒိန်က ၂၀၂၀ခုနှစ်အတွက် ထွက်ရှိပါပြီ။ ဒီပြက္ခဒိန်ကဆိုရင် တော်ဝင်လယ်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ အိုင်ယာလန်ကျေးလက်ဒေသမှာ အလုပ်လုပ်နေကြတဲ့ လယ်သမားတွေရဲ့ပုံရိပ်တွေနဲ့ ဒီပြက္ခဒိန်ကို ဖန်တီးထားတာဖြစ်ပါတယ်။ ဒီလိုစိတ်ကူးနဲ့ ပြက္ခဒိန်ကို ၁၉၉၁ခုနှစ်က စတင်ခဲ့ပြီး ပြက္ခဒိန်ရောင်းရမှုကရရှိတဲ့ ငွေတွေကို ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ပေးနေတဲ့ ပရဟိတကို တိုက်ရိုက်လှူဒါန်းတာဖြစ်ပါတယ်။

ပြက္ခဒိန်မှာ ပါဝင်ဖို့ ရွေးချယ်ခြင်းခံရတဲ့ တကယ့်လယ်သမားတွေက သူတို့ရဲ့ချစ်စရာကောင်းမှုနဲ့အတူ ဟာသနည်းနည်းရောပြီး Pose ပေးခဲ့ကြတာပါ။ ဒီပြက္ခဒိန်က သေချာပေါက် မိန်းကလေးတွေရဲ့အာရုံကို ဆွဲဆောင်ထားနိုင်မယ်ထင်ပါတယ်။
ပြက္ခဒိန်မှာ ပါဝင်တဲ့ တကယ့်လယ်သမားတွေရဲ့ပုံတွေကို ကြည့်လိုက်ကြရအောင်…။

ဇန်နဝါရီလ

ဖေဖော်ဝါရီလ

မတ်လ

ဧပြီလ

မေလ

ဇွန်လ

ဇူလိုင်လ

သြဂုတ်လ

စက်တင်ဘာလ

အောက်တိုဘာလ

နိုဝင်ဘာလ

ဒီဇင်ဘာလ

Ref: Calendar Makes Fun Photo Shoot With Real Farmers To Raise Funds For Charitable Organizations

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top