ဂျက်လီရဲ့လက်မောင်းကို ချိုးခဲ့တယ်လို့ လူသိများခဲ့တဲ့ ကိုယ်ခံပညာမင်းသားဟောင်း ဘီလီချောင် အသက် ၆၅ နှစ်အရွယ်မှာ ခန္ဓာကိုယ်တောင့်တင်းသန်မာနေဆဲ

3.5.24-yyl-1.jpg

၈၀ ပြည့်နှစ်နဲ့ ၉၀ ပြည့်နှစ်ဝန်းကျင်က ဟောင်ကောင်မှာ အက်ရှင်ဇာတ်ကားတွေနဲ့ အက်ရှင်သရုပ်ဆောင်များစွာ ကျော်ကြားခဲ့ပါတယ်။ အဲ့ဒီအက်ရှင်မင်းသားတွေထဲမှာ ဟောင်ကောင်-ကနေဒါမင်းသား ဘီလီချောင်လည်း ပါဝင်ပါတယ်။

အက်ရှင်အကျော်အမော ဂျက်ကီချမ်း၊ ဂျက်လီ၊ ဒွန်နီယန်းတို့လောက် ဘီလီချောင်က တန်းတူမကျော်ကြားခဲ့ပေမဲ့ သူ့အရည်အချင်းနဲ့သူ ရပ်တည်ခဲ့ပါတယ်။ ကစ်ဘောက်ဆင်သမားဟောင်းလည်းဖြစ်တဲ့ ဘီလီချောင်က Fist of Legend (1994) ၊ Tai Chi Boxer (1996) လို နာမည်ကြီးဇာတ်ကားတချို့မှာ ဗီလိန်အနေနဲ့ ပါဝင်ခဲ့ပြီး ဂျက်လီရဲ့လက်ကို ချိုးခဲ့တယ်လို့တောင် ပြောကြပါတယ်။

သူဟာ အသက် ၄၈ နှစ်မှာ ရုပ်ရှင်လောကကနေ ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့နောက်ဆုံးဇာတ်ကားက ၂၀၀၆ ခုနှစ်ရဲ့ Dragon in Fury ပါ။ အခုဆို သူဟာ ၆၅ နှစ်ရှိနေပြီး မကြာသေးခင်ကမှ အပေါ်ပိုင်းအင်္ကျီချွတ်ထားတဲ့ ပုံတချို့ကို လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက တင်ခဲ့ပါတယ်။

အသက် ၆၅ နှစ်အရွယ်မှာ သူ့ရဲ့ခန္ဓာကိုယ်တောင့်တင်းသန်မာနေဆဲဖြစ်တဲ့အတွက် လူမှုကွန်ယက်အသုံးပြုသူတွေက ချီးကျူးပြောဆိုခဲ့ကြပါတယ်။ သူ့ရဲ့ရုပ်ရည်ကတော့ မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားပေမဲ့ ခန္ဓာကိုယ်ကတော့ တောင့်တင်းသန်မာနေတုန်းပါပဲ။

Ref: Ex Martial Arts Star Billy Chow, Known For Breaking Jet Li’s Arm, Is Still Really Ripped At 65

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top