ဘာသာစကား (၆) မျိုးနဲ့ (၁၀၀) အထိ ရေတွက်နိုင်တဲ့ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ဝင် (၄) နှစ်သားလေး

23-1-2023-yyl-185.jpg

(၂) နှစ်သားအရွယ်မှာ သူ့ဘာသူ စပြီးစာဖတ်ခဲ့တဲ့ ကလေးငယ်တစ်ဦးဟာ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ဝင်ဖြစ်တဲ့ အငယ်ဆုံးလူတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ အသက် ၄ နှစ်ရှိပြီးဖြစ်တဲ့ တယ်ဒီ ဟော့ဘ်ဆိုတဲ့ အဲဒီကလေးလေးဟာ ကိုဗစ်ကပ်ရောဂါကြောင့် Lockdown ချထားတဲ့ကာလအတွင်း စပြီး စာဖတ်ခဲ့တာပါ။ တယ်ဒီက သူ့မိဘတွေဖြစ်တဲ့ ဘတ်သ်နဲ့ ဝီလ်တို့ကို စာအုပ်တစ်အုပ် ကျွမ်းကျွမ်းကျင်ကျင်ဖတ်ပြနိုင်ခဲ့ပါတယ်။

အဲဒီနောက် ကလေးလေးက မန်ဒရင်းဘာသာနဲ့ ၁၀၀ အထိ ရေတွက်နည်းကို သင်ယူလာခဲ့ပါတယ်။ အခုဆို တယ်ဒီက ၁၀၀ အထိကို မန်ဒရင်း၊ ဝဲ့လ်ရှ်၊ ပြင်သစ်၊ စပိန်၊ ဂျမန်အပါအဝင် ဘာသာစကား (၆) မျိုးနဲ့ ရေတွက်နိုင်နေပါပြီ။ ဘတ်သ်နဲ့ ဝီလ်တို့က ငယ်ငယ်လေးနဲ့ သူတို့ရဲ့သား အခုလိုအရည်အချင်းရှိနေတာကို မယုံကြည်နိုင်ဖြစ်ခဲ့ရတာကြောင့် တယ်ဒီရဲ့ကျွမ်းကျင်မှုအဆင့်ကို သိရဖို့အတွက် အကဲဖြတ်ဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့က တယ်ဒီအတွက် ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ (MENSA) ဆီက လမ်းညွှန်မှုရယူခဲ့ပါတယ်။

တယ်ဒီ အသက် (၃) နှစ်နဲ့ ၇ လအရွယ်မှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ (၁) နာရီကြာတဲ့ အွန်လိုင်းအကဲဖြတ်မှုကို လုပ်ဆောင်ခဲ့ရပါတယ်။ တယ်ဒီရဲ့အိုင်ကျူစစ်ဆေးမှုရမှတ်က ၁၆၀ မှာ ၁၃၉ (၉၉.၅ ရာခိုင်နှုန်း) ဖြစ်ခဲ့တာပါ။ တယ်ဒီက အသက် ၈ နှစ်နဲ့ ၁၀ လအရွယ် ကလေးတစ်ယောက်ရဲ့ အက္ခရာနဲ့စကားလုံးတွေမှတ်သားနိုင်စွမ်းရှိတယ်လို့လည်း နောက်ထပ်အကဲဖြတ်မှုတွေက ဖော်ပြပါတယ်။

တယ်ဒီက အဖွဲ့ဝင်အဖြစ် MENSA ရဲ့အသိအမှတ်ပြုလက်မှတ်ကို ရရှိခဲ့ပြီး ဗြိတိန်မှာ အသက်အငယ်ဆုံးအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်။ ရေကူးတာနဲ့ ကျွမ်းဘားကစားတာကို နှစ်သက်တဲ့ တယ်ဒီက သူ့ညီမဖြစ်သူကို စာဖတ်ပြရတာလည်း သဘောကျပါတယ်။

Ref: Boy becomes UK’s youngest accepted in MENSA and can count to 100 in six languages

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top