နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ တွင်းနက်တစ်ခုတွေ့ရှိ

milkyway.jpg

သိပ္ပံပညာရှင်တွေက ကျွန်ုပ် တို့ရဲ့ နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ ပုန်းကွယ်ပြီး တည်ရှိနေတဲ့ တွင်းနက် (Black Hole) တစ်ခုကို အမှတ်မထင် တွေ့ရှိခဲ့ကြပါတယ်။

ထုထည်သိပ်သည်းတဲ့ ဒီတွင်းနက်ဟာ ဂလက်ဆီရဲ့အလယ် နားလောက်မှာ တည်ရှိနေပြီး အနီးအနားမှာ တွေ့ဖူးသမျှ တွင်းနက်တွေထဲ ဒုတိယအကြီးဆုံး တွင်းနက်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီရှာဖွေတွေ့ရှိမှုဟာ တွင်းနက်တွေရဲ့ ပဟေဠိကို ဖြေရှင်းနိုင်ဖို့ အရေးကြီးတဲ့ သဲလွန်စတစ်ခု ဖြစ်လာနိုင်ချေ ရှိပါတယ်။

သိပ္ပံပညာရှင်တွေဟာ ဂလက်ဆီ အလည်ဗဟိုနားလေးမှာ ရွှေ့လျားနေတဲ့ အဆိပ်ငွေ့ တိမ်တိုက်ကြီးတစ်ခုကို လေ့လာရင်း ဒီအရာဝတ္တုကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဓာတ်ငွေ့တွေရဲ့ ရွှေ့လျားမှုပမာဏနဲ့ သိပ်သည်းဆ ပုံစံကိုတွက်ချက်ပြီး ဒါဟာ တွင်းနက်တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ကြပါတယ်။

ဒီလို ပမာဏကြီးမားတဲ့ တွင်းနက်တွေဟာ ကြယ်တွေ ပေါက်ကွဲမှုကနေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ကြယ်တစ်လုံးဟာ သက်တမ်းစေ့တဲ့အခါ အရွယ်အစားပေါ် မူတည်ပြီး ပေါက်ကွဲမှု ပြင်းထန်တာ ကွဲပြားပါတယ်။ အရွယ်အစား အလွန်ကြီးမားတဲ့ ကြယ်တွေ ပေါက်ကွဲတဲ့အခါ တွင်းနက်တွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ တစ်ခါတစ်လေ တွင်းနက်အသေးစားတွေ အချင်းချင်းစုပေါင်းပြီး အရွယ်ကြီးမားတဲ့ တွင်းနက်တစ်ခု ဖြစ်စေပါတယ်။ ကြီးမား ကျယ်ပြန့်တဲ့ ဂလက်ဆီတွေမှာ ဒီလိုတွင်းနက်တွေ ရှိနေတတ်ပါတယ်။ ဒီတွေ့ရှိချက်ကို အသုံးချပြီး လေ့လာမှုတွေ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

Ref: Independent News : Huge black hole spotted lurking in our own galaxy

Sophia (ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top