အူရီဒူးမြန်မာမှ လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးမြှင့်တင်သည့်အနေဖြင့် ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ကို စတင်ဖော်ဆောင်

19.2.24-yyl-4.jpg

အူရီဒူးမှ အဆင့်မြင့်ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား သင်ကြားမှုစနစ် ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပံ့ပိုးကူညီ

ထိပ်တန်းနိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးသည် မြန်မာနိုင်ငံတစ်ဝန်း ရှိ လိုအပ်သည့်နေရာများတွင် ပညာသင်ကြားရေးစနစ် ပိုမိုထိရောက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ “ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်” ဖြင့် ပံ့ပိုးမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။ ၎င်းအစီအစဉ်ဖြင့် ပံ့ပိုးမှုများ လိုအပ်နေသည့် လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးအတွက် အဓိကမှီခိုအားထားနေရသည့် ဘုန်းတော်ကြီးသင် ပညာရေး‌‌ကျောင်းများတွင် ဒစ်ဂျစ်တယ်ပညာရေးစနစ်ကို အသုံးပြု၍ သင်ကြားပေးနိုင်ရန် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

အဆိုပါအစီအစဥ်၏ ပထမခြေလှမ်းအနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ပျဉ်းမနားမြို့ အပါအဝင် တိုင်းဒေသကြီး ၆ ခုရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၁ ကျောင်းတွင် ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ် ဖော်ဆောင်ပံ့ပိုးပေးထားပြီး ဖြစ်ပါသည်။ ၎င်းအစီအစဉ်ဖြင့် ကျောင်းသားများ၏ ပညာသင်ယူလေ့လာမှု အတွေ့အကြုံကို မြှင့်တင်ပေးနိုင်မည်သာမက ဆရာ၊ ဆရာမများအနေဖြင့်လည်း ဒစ်ဂျစ်တယ်ပလက်ဖောင်းမှ ခေတ်မီပညာသင်ကြားရေးနည်းစနစ်များကို အသုံးပြုကာ ပိုမိုလွယ်ကူချောမွေ့စွာ သင်ကြား နိုင်မည်ဖြစ်ပါသည်။

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် လိုအပ်နေသည့် လူမှုအသိုင်းအဝိုင်းများ၏ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေပါသည်။ ရှေးယခင်တည်းကပင် ဘုန်းတော်ကြီးကျောင်းများသည် မြန်မာနိုင်ငံ၏ပညာရေးအတွက် အဓိကကျသည့် အခြေခံ အုတ်မြစ်တစ်ခုအဖြစ် အချိန်ကာလကြာမြင့်စွာ ရပ်တည်လျက်ရှိပါသည်။ အဆိုပါ ကျောင်းများအား ဆရာတော်များ၊ သီလရှင်များမှ ဦးဆောင်ကွပ်ကဲပြီး ပံ့ပိုးမှုလိုအပ်နေသည့် လူမှုဝန်းကျင်မှ ကလေးငယ်များအတွက် အခမဲ့ ပညာသင်ကြားပေးရန် ပံ့ပိုးလှူဒါန်းမှုများအပေါ် အမှီပြုနေရပါသည်။

အူရီဒူးအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပံ့ပိုးမှုများ လိုအပ်နေသော လူမှုအသိုင်းအဝိုင်းများ၏ ပညာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်‌ရေးကို ပံ့ပိုးကူညီရန် ရည်ရွယ်၍ သုံးစွဲသူများ ဖုန်း “ ၁မိနစ် ပြောတိုင်း အူရီဒူးက ၁ကျပ်လှူပေးသည့်” အစီအစဥ်ကို ၂၀၁၇ ခုနှစ် ကတည်းက စတင် လုပ်ဆောင်ခဲ့ပြီး ကလေးငယ်များ အခမဲ့ပညာသင်ကြားရေးအတွက် အဓိကလိုအပ်သည့် အခြေခံကျောင်းအဆောက်အအုံပေါင်း ၄၂ ဆောင်အပါအဝင် သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများနှင့် အင်တာနက်ဆက်သွယ်ရေးစသဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၄,၀၀၀ ခန့် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအနေဖြင့် များပြား လာသည့် ကလေးငယ်များကို ပညာသင်ကြားရန် အရင်းအမြစ်များမလုံလောက်ခြင်း၊ ဆရာဆရာမအင်အား မလုံလောက်ခြင်းနှင့် နည်းပညာအထောက်အပံ့နည်းပါးခြင်း စသည့် စိန်ခေါ်များ ကြုံတွေ့ရလျက်ရှိပါသည်။ ၎င်းအခက်အခဲများကို အူရီဒူးမှ လေ့လာ တွေ့ရှိရသည့်အတွက် ကျောင်းအခြေခံအဆောက်အအုံ လှူဒါန်းမှုများအပြင် ပိုမိုထိရောက်စွာ ပညာသင်ကြားပေးနိုင်ရေးအတွက် ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ဖြင့် စတင်ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Chris Peirce က “အူရီဒူးမြန်မာအနေနဲ့ ပညာရေးနဲ့ ပတ်သက်လို့ လူတိုင်းအခက်အခဲမရှိပဲ ကောင်းမွန်စွာ သင်ယူလေ့လာတတ်မြောက်နိုင်တဲ့ အနာဂတ် တစ်ခုကို ပုံဖော်ဖန်တီးပေးချင်တာဖြစ်ပြီး ယခုစတင်‌ဆောင်ရွက်လိုက်တဲ့ “ဒစ်ဂျစ်တယ် ပညာရေးအစီအစဉ်”က ခေတ်မီဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြု၍ သင်ယူ လေ့လာရင်း ပိုမိုတိုးတက်ကောင်းမွန်တဲ့လူနေမှုဘဝတွေကို ရရှိပိုင်ဆိုင်နိုင်အောင် ပံ့ပိုး မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီကနဦးအစီအစဥ်ကနေ နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၁ ကျောင်းမှာ သူငယ်တန်းကစပြီး Grade-12 အထိ ကျောင်းသား ကျောင်းသူဦးရေ ၃,၀၀၀ ခန့်ရဲ့ ပညာသင်ယူမှုဆိုင်ရာအတွေ့အကြုံကို နှစ်စဥ်‌ မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အူရီဒူးမြန်မာအနေနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ပညာရေးနဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံတွေသာမက ထပ်မံအဆင့်မြှင့်တင့်ပြီး အဆင့်မြင့်ဒစ်ဂျစ်တယ်ပညာရေးကို ပံ့ပိုးပေးနိုင်လို့ အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်“ ဟု ပြောကြားခဲ့ပါသည်။

အူရီဒူးမှ ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ကို စတင်မိတ်ဆက်ရာတွင် ဒစ်ဂျစ်တယ်ပညာရေး ပလက်‌ဖောင်းနှင့်အတူ လိုအပ်သော သင်ထောက်ကူပစ္စည်းများဖြစ်သည့် TV ၊ WiFi Router နှင့် အင်တာနက်ချိတ်ဆက်မှု အစရှိသည်တို့ကို တပ်ဆင်လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် စာသင်ကြားချိန်တွင် လျှပ်စစ်မီးလိုအပ်မှုအခြေအနေများအတွက် ဘက်ထရီနှင့် အင်ဗာတာများ ကိုလည်း တပ်ဆင်လှူဒါန်းပေးခဲ့ပါသည်။ လျှပ်စစ်ဓာတ်အားမရရှိသည့် ဒေသအချို့တွင်လည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများကိုလည်း လှူဒါန်းခဲ့ပါသည်။ အူရီဒူးမြန်မာမှ လှူဒါန်းထားသည့်ပစ္စည်းများကို ကူညီတပ်ဆင်ပေးသည့်အပြင် ဆရာဆရာမများအနေဖြင့် ဒစ်ဂျစ်တယ်ပညာရေးပလက်ဖောင်းကို အဆင်ပြေလွယ်ကူချောမွေ့စွာ အသုံးပြုနိုင်ရန် သင်တန်းများ သွားရောက် ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

အဆိုပါ ကနဦးအစီအစဥ်၏ အကျိုးရလဒ်ကောင်းများပေါ်တွင်မူတည်ပြီး အူရီဒူးမြန်မာအနေဖြင့် ၎င်းဒစ်ဂျစ်တယ်ပညာရေးအစီအစဉ်ကို နိုင်ငံတစ်ဝန်းရှိ လိုအပ်တဲ့နေရာဒေသများစွာသို့ ပိုမိုတိုးချဲ့ ပံ့ပိုးပေးခြင်းဖြင့် လူနေမှုဘဝများကိုပံ့ပိုးမြှင့်တင်ပေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top