Huawei မှ ထူးခြားကောင်းမွန်စွာထုတ်လုပ်ထားသည့် HUAWEI P30 နှင့် HUAWEI P30 Pro အား ပါရီမြို့တွင် ထုတ်ဖော်မိတ်ဆက်

image002.jpg

Huawei Consumer Business Group (BG) က HUAWEI P30 နှင့် HUAWEI P30 Pro ဖုန်းများအား Paris Convention Center ၌ ထုတ်ဖော်ပြသလိုက်ပြီး HAUWEI P30 Series များသည် HUAWEI P Series ၏ DNA ဖြစ်သည့်ဒီဇိုင်းနှင့် ဓာတ်ပုံပညာပိုင်းဆိုင်ရာ ထူးခြားကောင်းမွန်မှုအချက်များပေါ်တွင် အခြေခံပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ HUAWEI P30 Series ထုတ်ကုန်များသည် ကုမ္ပဏီ၏ အဆင့်မြင့်ဆုံးသော ကင်မရာများပါဝင်သည့် စမတ်ဖုန်းမော်ဒယ်များဟု ဆိုနိုင်ပြီး တီထွင်ဆန်းသစ်သည့် HUAWEI SuperSpectrum Sensor၊ လွန်စွာကောင်းမွန်သည့် optical HUAWEI SuperZoom Lens၊ Time of Flight (TOF) ကင်မရာ အသစ်နျင့် ပိုမိုကောင်းမွန်သည့် OIS နှင့် AIS Image Stabilization နည်းပညာများ ပါဝင်လာခဲ့သည်။

DxOMark တွင် အမှတ်ပေါင်း (၁၁၂) မှတ်ဖြင့် ထိပ်ဆုံးမှရပ်တည်နေသည့် HUAWEI P30 Pro တွင် HUAWEI SuperSpectrum Sensor ပါဝင်သည့် 40 MP အဓိက ကင်မရာ၊ 20 MP ultra-wide angel ကင်မရာ၊ 8MP telephoto ကင်မရာ နှင့် HUAWEI Tof ကင်မရာ များပါဝင်သည့် Leica Quad Camera System အသစ်လာပါဝင်သည်။ ထို့အပြင် 32 MP အရှေ့ကင်မရာများကြောင့် ကောင်းမွန်သည့် selfie များအား ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ အခြေခံကျသည့် ဆင်ဆာနည်းပညာတွင် ပြောင်းလဲမှုပြုလုပ်နိုင်ခဲ့ပြီး HUAWEI AIS ၊ OIS နှင့် HUAWEI P30 Pro ၏ f/1.6 wide aperture ကြောင့် ပိုမိုကောင်းမွန်သည့် ဓာတ်ပုံနှင့် ဗီဒီယိုအတွေ့အကြုံများအား မည်သည့်အခြေအနေ၊ အလင်းအနေအထားတွင် မဆို တိကျလှပစေမည်ဖြစ်သည်။

Periscope ဒီဇိုင်းအသစ်ကြောင့် SuperZoom Lens သည် optical zoom 5 ဆ၊ hybrid zoom 10 ဆ နှင့် digital zoom 50 ဆအထိ ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ ယခု Telephoto Camera တွင် ပါဝင်သည့် prism element သည် အလင်းအား (၉၀) ဒီဂရီ မှ ဝင်ရောက်စေခြင်းကြောင့် focal lengthအများဆုံးဖြစ်စေပြီး ကင်မရာ အမြင့်အနည်းဆုံးဖြစ်အောင် ပြုလုပ်နိုင်ခြင်းဖြင့် ကင်မရာ၏ ဒီဇိုင်းအား အနှောင့်အယှက်မရှိစေဘဲ လှပစွာ ရှိနေစေမည်ဖြစ်သည်။

စမတ်ဖုန်း ဗီဒီယိုရိုက်ကူးခြင်းအား အဓိပ္ပါယ်ပြန်လည်ဖော်ဆောင်စေခြင်း

HUAWEI P30 Series တွင် cinematic လုပ်ဆောင်ချက်များစွာ ပါဝင်လာခဲ့သည်။ HUAWEI P30 Series သည် စတူဒီယိုအဆင့်ရှိသည့် videography များ ရိုက်ကူးစေကာ ခေတ်သစ်တစ်ခုကို အစပြုစေမည်ဖြစ်သည်။ HUAWEI SuperSpectrum Sensor သည် အလင်းရောင်အားနည်းသည့် ညအချိန်မှာပင် ကြည်လင်ပြတ်သားသည့် ညပုံရိပ်များအား ရိုက်ကူးစေနိုင်မည်ဖြစ်သည်။ Huawei AIS နှင့် OIS သည် ဗီဒီယိုရိုက်ကူးသည့် မည်သည့် setting မျိုးကိုမဆို stabilization ပေးစွမ်းနိုင်မည်ဖြစ်သောကြောင့် အမြဲလှပ တည်ငြိမ်သည့်ရိုက်ကူးချက်များကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ထို့အပြင် SuperZoom Lens ကြောင့် နီးကပ်သည့် ပုံရိပ်များအား ရိုက်ကူးနိုင်စေမည်ဖြစ်ပြီး AI Video Editor မှ နောက်ခံသီချင်း နှင့် အထူးပြုလုပ်ချက်များအား ထည့်သွင်းစေနိုင်မှုကြောင့် HUAWEI P30 Series အား mobile production studio အဖြစ် အသုံးပြုနိုင်စေမည်ဖြစ်သည်။

လှပကျော့ရှင်းသည့် ဒီဇိုင်းအမွေဆက်ခံမှု

သဘာဝနျင့် နည်းပညာသဘောတရားများပေါ်တွင် အခြေပြုဖန်တီးထားသည့် HUAWEI P30 Series များသည် Huawei P Series တို့၏ အစဉ်အလာအတိုင်း လှပကြော့ရှင်းလျက်ရှိသည်။ ၆.၄၇ လက်မအရွယ် HUAWEI P30 Pro နှင့် ၆.၁ လက်မ အရွယ်ရ HUAWEI P30 တို့အား Breathing Crystal၊ Amber Sunrise၊ Aurora၊ Pearl White နှင့် Black ဟူပြီး ထုတ်လုပ်ထားသည်။ သို့သော် မြန်မာနိုင်ငံအတွင်းသို့ Breathing Crystal နှင့် Aurora အရောင် နှစ်မျိုးတည်းသာ လက်ရှိ တည်သွင်းမည်ဖြစ်သည်။ HD+ (2340×1080) Dewdrop Display သည် လွန်စွာသေးငယ်ပြီး ဖုန်းမျက်နှာပြင်အား အကြီးမားအကျယ်ပြန့်ဆုံး နှင့် အချိုးညီညီ ကြည့်ရှုစေနိုင်မည်ဖြစ်သည်။ ဘေးဘောင်မပါသည့် အရှေ့ဖန်မျက်နှာပြင် အောက်တွင် In-Screen Fingerprint Sensor အား ထည့်သွင်းထားပြီး ၎င်းမှာ မြန်ဆန်စွာနှင့် လုံခြုံစိတ်ချစွာ သုံးစွဲစေနိုင်မည်ဖြစ်သည်။ HUAWEI P30 Pro တွင် HUAWEI Acoustic Display နည်းပညာပါဝင်ပြီး အရည်အသွေးကောင်းမွန်သည့် အသံထွက်အား ပေးစွမ်းနိုင်မည်ဖြစ်သည်။

အကောင်းမွန်ဆုံးသော တီထွင်ဆန်းသစ်မှု

တီထွင်ဆန်းသစ်မှုသည် Huawei ၏ အဓိက DNA ဖြစ်သည်။ အဆိုပါ အစဉ်အလာအား Huawei P30 Series တွင်လည်း ဆက်လက် အကောင်အထည်ဖော်ခဲ့ကြသည်။ P30 နှင့် P30 Pro များသည် စမတ်ဖုန်းဈေးကွက်တွင် ဦးဆောင်နေသည့် လုပ်ဆောင်ချက်အသစ်များထည့်သွင်းထားပြီး ဈေးကွက်ထဲတွင်ရှိသော ပြိုက်ဘက်များတွင်ပါဝင်သည့် ပါဝါ ၊ လုပ်ဆောင်ချက် နှင့် ထိရောက်မှုများ နှင့် ယှဉ်လျှင် သွေကွဲနေသည်မှာ အမှန်ပင်ဖြစ်သည်။

Huawei P30 Series အား မတ် (၂၇) ရက်၊ ၂၀၁၉ ခုနှစ်မှ ဧပြီလ (၆) ရက်နေ့ အထိ Pre-Order စနစ်ဖြင့် မှာယူနိုင်မည့်ဖြစ်ပြီး Huawei P30 ၊ Huawei P30 Pro များအပြင် Huawei P30 Lite ကိုပါ မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ တင်သွင်းရောင်းချသွားမည်ဖြစ်သည်။ ဈေးနှုန်အားဖြင့် Huawei P30 Pro အား မြန်မာငွေကျပ် (၁,၄၉၉,၀၀၀) ၊ Huawei P30 အား မြန်မာငွေကျပ် (၁,၀၉၉,၀၀၀) နှင့် Huawei P30 Lite အားး မြန်မာငွေကျပ် (၃၉၉,၀၀၀) ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။

Huawei P30 Pro အား Pre-Order Period အတွင်းမှာယူသူများအတွက် FreeBuds Lite နှင့် Wireless Charger များ လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။ Huawei P30 အား Pre-Order Period အတွင်း ဝယ်ယူသူများအား FreeBuds Lite ၊ Wireless Charger နှင့် Wireless Charging Case များအား လက်ဆောင်ပြန်လည် ပေးအပ်သွားမည်ဖြစ်သည်။ Huawei P30 Lite အား Pre-Order Period အတွင်း မှာယူသူများအား Bluetooth Speaker အား လက်ဆောင်အဖြစ်ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။

Huawei P30 Series ၏ First Sales အား ဧပြီလ (၇) ရက်နေ့တွင် ပြုလုပ်သွားမည်

အဆိုပါ နေ့တွင် ပစ္စည်းလာရောက်ထုတ်ယူသူများထဲမှ Huawei P30 နှင့် Huawei P30 Pro မှာယူသူများအား သတ်မှတ်ထားသည့်လက်ဆောင်များအပြင် Huawei Watch GT (သတ်မှတ်ထားသည့် အလုံးအရေအတွက်အထိ) ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် Huawei P30 Lite လာရောက်ထုတ်ယူသူများအား သတ်မှတ်ထားသည့်လက်ဆောင်များအပြင် Power Bank လည်းထပ်မံ ပေးအပ်သွားမည်ဟု သိရပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top