ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

29.5.2023-yyl-10.jpg

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်း ဒီကိစ္စတွေကို ပိုမိုအလေးထားလာပြီး တဖြေးဖြေးနဲ့ ရေရှည်တည်တံ့သောထုပ်ပိုးမှုပုံစံကို ပြောင်းလဲအသုံးပြုဖို့ ကြိုးပမ်းလာတာကို တွေ့ရပါတယ်။

အချိုရည်ဈေးကွက်ရဲ့ ဦးဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ The Coca-Cola Company ရဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Sprite® အချိုရည်ကလည်း ရေရှည်တည်တံ့သောထုပ်ပိုးမှုပုံစံအသစ်ကို ပြည်တွင်းမှာ စတင်မိတ်ဆက် လာတာကို တွေ့ရပါတယ်။ အဓိကကျတဲ့ ခြေလှမ်းတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ် သြဂုတ်လကနေစတင်ပြီး သောက်သုံးသူတွေရင်းနှီးကျွမ်းဝင်ခဲ့တဲ့ အစိမ်းရောင်ဘူးပုံစံကနေ Recycling process (ပြန်လည်အသုံးပြုခြင်းလုပ်ငန်းစဉ်) ပိုမိုလွယ်ကူစေမယ့် အကြည်ရောင်ဘူး ပုံစံအသစ်ကို ပြောင်းလဲထုပ်ပိုး ရောင်းချခဲ့ပါတယ်‌။ ဒီပြောင်းလဲမှု ကနေ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတစ်ခုဖန်တီး နိုင်မယ်လို့ ယုံကြည် ပါတယ်။

ဘူးအကြည်နဲ့ ထုပ်ပိုးမှုအသွင်ပြောင်းလဲလိုက်ပေမဲ့ Sprite® ရဲ့ စွဲမက်ဖွယ် လန်းဆန်းချိုမြိန်တဲ့ ရှောက်-သံပုရာအနံ့နဲ့အရသာ မွှေးမွှေးလေးကတော့ ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒါ့အပြင် ဒီအကြည်ရောင်ဘူးက Sprite® အချိုရည်ရဲ့ အေးမြလန်းဆန်းမှုအမြင်ကို ပိုမိုခံစားရရှိစေမှာ အမှန်ပါ။ ကြည်လင်လန်းဆန်းစေတဲ့ Sprite® အချိုရည် အေးအေးလေးတစ်ခွက်က နေပူပူမှာ ရေငတ်ပြေစေတဲ့ အကောင်းဆုံးအချိုရည်တစ်ခုဆိုတာ ငြင်းပယ်လို့မရနိုင်တဲ့ အမှန်တရားပါပဲ။

လန်းဆန်းချိုမြပြီး ရှောက်-သံပုရာသီးအနံ့အရသာရှိတဲ့ Sprite® အချိုရည် အစစ်အမှန်အကန် ဟုတ်မဟုတ်ကို အောက်ပါအချက်တွေနဲ့ ကိုက်ညီပြီး စစ်ဆေးဝယ်ယူနိုင်ပါတယ်။

(၁) သိသာထင်ရှားတဲ့ ပထမအချက်ကတော့ Sprite® အချိုရည်အစစ်အမှန်ကို ဘူးအကြည်နဲ့ ထုပ်ပိုးထားပါတယ်။

(၂) Sprite® အား The Coca-Cola Company ၏ ခွင့်ပြုချက်ဖြင့်လုပ်ကိုင်ခွင့်ရရှိထားတဲ့ Coca-Cola Pinya Beverages Myanmar Limited မှ တရားဝင်ထုတ်လုပ်ပြီး ဘူးပေါ်တွင် ထုတ်လုပ်သူအနေနဲ့ ဖော်ပြထားပါတယ်။

(၃) ဒါ့အပြင် ဘူးပေါ်မှာ FDA ခွင့်ပြုချက်အမှတ် စ၄/၁၂၀၇၅/ထလ ကိုလည်းရိုက်နှိပ်ထားပါတယ်။
ဒီအချက်တွေကို သတိထားလိုက်မယ်ဆိုရင်တော့ ရေရှည်တည်တံ့သောထုပ်ပိုးမှုနဲ့ ပြောင်းလဲထုပ်ပိုးလိုက်တဲ့ မူလစွဲမက်ဖွယ်အရသာနဲ့ Sprite® အချိုရည်စစ်စစ်ကို ခံစားသောက်သုံးနိုင်မှာ အမှန်ပါပဲ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top