သူ့သားနာမည်ကို အစ်ကို​ဖြစ်သူ ပေါလ်ဝေါ်ကာရဲ့အမည်ပေးခဲ့တဲ့ ကိုဒီ ဝေါ်ကာ

29.5.2023-yyl-2.jpg

အသက် ၃၄ နှစ်အရွယ် မင်းသားကိုဒီဝေါ်ကာဟာ အခုနှစ်မှာ မွေးဖွားခဲ့တဲ့ သားလေးကို လွန်ခဲ့တဲ့ ၁၀ နှစ်က ကားမ​တော်တဆမှုနဲ့ ​သေဆုံးခဲ့တဲ့ သူ့အစ်ကိုဖြစ်သူ မင်းသား ပေါလ်ဝေါ်ကာရဲ့နာမည် ပေးခဲ့ပါတယ်။ ကိုဒီနဲ့သူ့ဇနီးဟာ ဧပြီ ၃၀ ရက်နေ့က ၇ ပေါင် ၄ အောင်စနဲ့ မွေးဖွားလာခဲ့တဲ့ သားလေးကို ပေါလ် ဘာရက်တ် ဘဲယား ဝေါ်ကာလို့ နာမည်ပေးခဲ့တာပါ။

ကိုဒီမှာ ၅ နှစ်သမီးလေးနဲ့ ၂ နှစ်သားလေးလည်း ရှိပေမဲ့ အခုကလေးကျမှ သူ့အစ်ကိုရဲ့နာမည်ကို ပေးဖြစ်ခဲ့တာပါ။ အခုနှစ် နိုဝင်ဘာမှာ ပေါလ်ဝေါ်ကာ ကွယ်လွန်တာ ၁၀ နှစ်ပြည့်မြောက်မှာဖြစ်တဲ့အတွက် သားလေးကို အစ်ကို့နာမည်ပေးတာ အချိန်ကောင်းဖြစ်မယ်လို့ ကိုဒီက ယူဆခဲ့တာပါ။

“ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို ကာလက်ဘ်နှစ်ဦးလုံးက ကလေးရနေပါပြီ။ ကျွန်တော့်အစ်ကို ပေါလ်က ပေါလ်ဝီလျံဝေါ်ကာ(၄) ဖြစ်ပြီး အဲဒီနာမည်က မျိုးဆက် ၄ ဆက် ရှိနေပါပြီ။ မိသားစုထဲမှာ အစ်ကိုက အဖေ့ထက် အရပ်မြင့်ပေမဲ့ သူ့ကို ပေါလ်လေး (သို့) ပေါလ်လို့ ခေါ်ခဲ့ကြတာ။ ကျွန်တော့်အတွက် ဒီနာမည်ကို ဆက်လက်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်”လို့ ကိုဒီက ဆိုပါတယ်။

ကိုဒီက ဂီတနဲ့ မော်တော်ကားပွဲတော် FuelFest မှာ ပါဝင်ပြီးတော့ သူ့အစ်ကိုရဲ့အမှတ်တရတွေကို ထိန်းသိမ်းဖို့လည်း ကူညီနေပါတယ်။ ဒီပွဲက ၂၀၁၀ ခုနှစ်မှာ ပေါလ်ဝေါ်ကာ တည်ထောင်ခဲ့တဲ့ Reach Out Worldwide ပရဟိတအဖွဲ့အစည်းအတွက် ရန်ပုံငွေရှာပေးတာလည်းဖြစ်ပါတယ်။

ပေါလ်ဝေါ်ကာရဲ့သမီး မဲဒို ဝေါ်ကာကလည်း Paul Walker ဖောင်ဒေးရှင်းကို တည်ထောင်ထားပါတယ်။ ပေါလ်ဝေါ်ကာ သေဆုံးခဲ့ချိန်က Furious 7 ဇာတ်ကားရိုက်ကူးတာမပြီးသေးပါဘူး။

Ref: Paul Walker’s brother names newborn son after late actor

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top