ဟက်ကာတွေကြောင့် အွန်လိုင်း အရောင်းလုပ်ငန်းမှာ ဒေါ်လာသောင်းချီ ဆုံးရှုံးသွားတဲ့ စင်္ကာပူ လုပ်ငန်းရှင်

64641924_1366745986810477_7481185687866179584_n.jpg

နာမည်ကြီး E-Commerce platform တစ်ခုဖြစ်တဲ့ Shopify ကို ဟက်ကာ (hackers) တွေ တိုက်ခိုက်ခဲ့တဲ့အတွက် ကမ္ဘာပေါ်က လုပ်ငန်းရှင် တော်တော်များများရဲ့ အကောင့်တွေလည်း ပါသွားခဲ့ပါတယ်။ ကနေဒါအခြေစိုက် အွန်လိုင်း ရောင်းဝယ်ရေး ပလက်ဖောင်းဖြစ်တဲ့ Shopify မှာ အရောင်းအဝယ် ပြုလုပ်နိုင်ဖို့ ဝန်ဆောင်ခကြေးငွေ ပေးဆောင်ထားတဲ့ လုပ်ငန်းရှင်ပေါင်း (၅) သိန်း ကျော် ရှိတယ်လို့ သိရပါတယ်။

လုပ်ငန်းရှင်တွေရဲ့ ကိုယ်ပိုင်အကောင့်နဲ့ ကုမ္ပဏီအကောင့်ကို ချိတ်ဆက်ပြီးသားဖြစ်လို့ Shopify မှာ တင်ရောင်းလို့ ရလာတဲ့ ရောင်းရငွေတွေက လုပ်ငန်းရှင်တွေရဲ့ ဘဏ်အကောင့်ထဲ ရောက်ပါတယ်။ စင်္ကာပူနိုင်ငံက အွန်လိုင်း ပန်းအလှဆိုင် ပိုင်ရှင် ဝမ်ဒီဟန် (Wendy Han) က ကိုယ်ပိုင်အကောင့်ထဲဝင်ပြီး ရောင်းရငွေ ကြည့်တဲ့အချိန်မှာ မေလအတွက် ရောင်းရငွေက သုညပဲ ပြနေတာကို တွေ့လိုက်ရပါတယ်။

တစ်လချင်းစီမှာ ပျမ်းမျှရောင်းရငွေက ဒေါ်လာ ခုနစ်သောင်းနဲ့ ကိုးသောင်းကြား ရှိတာမို့ ဝမ်ဒီကတော့ မယုံနိုင် ဖြစ်ခဲ့ရပါတယ်။ ၂၀၁၈ တည်းက လုပ်ငန်းလည်ပတ်လာသူ တစ်ယောက်ဖြစ်လို့ အဓိက အကြောင်းရင်းက ဟက်ကာတွေ လက်ချက်ပဲ ဆိုတာကို ဝမ်ဒီတစ်ယောက် ရိပ်မိလိုက်ပါတယ်။ ဟက်ကာတွေက Shopify အကောင့်ထဲဝင်ပြီး ကုမ္ပဏီ ဘဏ်အကောင့်မှာ သူတို့ရဲ့ ကိုယ်ပိုင်အကောင့် အစားထိုးလိုက်တာ ဖြစ်လို့ ရောင်းရငွေတွေ အကုန်လုံးက ဟက်ကာတွေဆီပဲ ရောက်ကုန်တာပါ။

ဒီအကြောင်းအရာကို Shopify ဆီ ဆက်သွယ်ပြီး ပြောပြချိန်မှာတော့ မေလ (၂၈) ရက်နေ့တည်းက အကောင့် အဟက်ခံရတာဖြစ်ပြီး ဒီပြဿနာကို အီးမေးလ်ကနေ တဆင့် အသိပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝမ်ဒီကတော့ လက်ခံရရှိခဲ့ခြင်း မရှိဘူးလို့ အခိုင်အမာ ငြင်းဆိုခဲ့ပါတယ်။

အွန်လိုင်းပေါ်ကနေ ဈေးရောင်းရတာ မလုံခြုံတော့တာဖြစ်လို့ စိုးရိမ်နေရသလို ဒီဖြစ်ရပ်ကို သေချာစုံစမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ဆက်သွယ်ထားတယ်လို့လည်း သိရပါတယ်။

Mycarforum “Singapore florist shop loses $24,000 to hackers on Shopify, a popular e-commerce platform”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top