လိုက်ဝိတ်(၅၇ – ၆၀)ကီလို ၄ ချီ

yyl-008-2.jpg

လင်းထက်နိုင်(သုဝဏ္ဏဘူမိ)- ဇင်ဘို(Yangon Fight Club)

ဝါနုသေးတဲ့ ဇင်ဘိုက ပထမအချီမှာ ခြေကန်ချက်တွေ အားကိုးခဲ့ပြီး လင်းထက်နိုင်က ဇင်ဘိုရဲ့ကန်ချက်တွေကို ကိုယ်ယို့ရှောင်ပြီး လက်သီးချက်တွေ ပစ်သွင်းနိုင်ခဲ့လို့ ဇင်ဘို အထိနာခဲ့ပါတယ်။ လင်းထက်နိုင်ရဲ့ ဘယ်ထောက်လက်သီးချက်ကြောင့် ဇင်ဘို လဲကျခဲ့ပါသေးတယ်။

ဒုချီမှာ ဇင်ဘိုက ခြေကန်ချက်သိပ်မသုံးတော့ဘဲ လက်သီးချက်တွေ ပိုထုတ်လာခဲ့ပြီး ဆိုင်ထိုး၊ ပြိုင်ထိုး အခြေအနေ ဖြစ်ခဲ့ပါတယ်။ လင်းထက်နိုင်ရဲ့လက်သီးချက်တွေ ထိချက်ပိုမှန်ခဲ့ပေမဲ့ ပါဝါနည်းခဲ့လို့ ဇင်ဘို မဖြုံခဲ့ပုံပါပဲ။ လင်းထက်နိုင်ရဲ့ ဘယ်ထောက်လက်သီးတွေက ဇင်ဘိုကို ထိခဲ့သလို ဇင်ဘိုရဲ့ ဘယ်လက်သီးချက်ကြောင့် ညာမျက်ကွင်း ဖူးရောင်ခဲ့ပါတယ်။ ၄ ချီ ပြီးဆုံးတဲ့အထိ ပွဲမပြတ်ခဲ့လို့ အမှတ်နဲ့ ဆုံးဖြတ်ရာမှာ လင်းထက်နိုင်က အနိုင်ရခဲ့ပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top