ဒိန်းမတ် သတင်းစာတွင် တရုတ်နိုင်ငံအလံအား ဗိုင်းရပ်(စ်)ပုံစံ ကာတွန်းဖြင့် ဖော်ပြခြင်းကြောင့် တရုတ်နိုင်ငံရှိ အဖွဲ့အစည်းများ နှင့် ပြည်သူများ စိတ်ဆိုးနေကျ

yyl-011-19.jpg

ဒိန်းမတ် ပြည်တွင်း သတင်းစာတွင် ရေးသားဖော်ပြခဲ့သော သေစေနိုင်လောက်တဲ့ ရောဂါပိုး အသစ် ခေါင်းစဉ်ဖြင့် ဆောင်းပါးတွင် တရုတ်နိုင်ငံအလံအား ဗိုင်းရပ်(စ်)ပုံစံ ကာတွန်းဖြင့် ရေးဆွဲထည့်သွင်းခဲ့ခြင်း အပေါ် တောင်းပန်ရန် သက်ဆိုင်ရာ ဒိန်းမတ် သတင်းစာဌာန မှ ငြင်းဆန်ခဲ့သည်။

ထိုကာတွန်းအား ဒိန်းမတ် နေ့စဉ် သတင်းစာ Jyllands-Posten တွင် ယခုအပတ် တနလ်ာနေ့က ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဆောင်းပါးတွင် တရုတ်နိုင်ငံ ကိုယ်စားပြု နိုင်ငံတော်အလံတွင် ပါရှိသည့် ရွှေဝါရောင်ကြယ်များအစား ကိုရိုနာရောဂါပိုးမွှား ပုံစံ ကာတွန်းရုပ်များကို အစားထိုး ရေးချယ်ခဲ့သည်။

ယင်းထုတ်ဝေချက်အပေါ် ဒိန်းမတ်နိုင်ငံရှိ တရုတ်သံရုံးမှ “ဒါသည် တရုတ်နိုင်ငံကို စော်ကားခြင်းဖြစ်တယ်။ ‘ဒီလိုလုပ်ခြင်းက တရုတ်နိုင်ငံသားများ၏ စိတ်ခံစားချက်ကို ထိခိုက်စေတယ်” ဟု ပြောဆိုခဲ့သည်။ တရုတ်သံရုံး မှ “ကာတွန်းရုပ်ရေးဆွဲချက်သည် ကျင့်ဝတ်တရား နှင့် ညီသည့် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ရှိသော စည်းဘောင်မှ ကျော်လွန်နေသည်။” ဟု ဆိုပြီး ထိုကာတွန်းရေးဆွဲသူ ပညာရှင် Niels Bo Bojesen အား သူတို့၏လုပ်ဆောင်ချက်အပေါ် တရုတ်ပြည်သူများအား အများပြည်သူသိ တရားဝင်ပြန်လည် တောင်းပန်ရန် တောင်းဆိုခဲ့သည်။

အဂ်ါနေ့ ထုတ်ပြန်ချက်အရ ဝူဟန်တွင် ရောဂါပိုး ပျံ့ပွားခြင်းကြောင့် သေဆုံးသူဦးရေ ရာကျော်အထိ ရှိလာပြီး လူဦးရေ ၄၀၀၀ကျော် ကူးစပ်ခံနေရပြီ ဖြစ်ကြောင်း နှင့် အာရှတစ်ဝိုက်၊ ဥရောပ နှင့် အမေရိကမြောက်ပိုင်း ရှိနိုင်ငံများတွင် ကူးစပ်ခံရသူဦးရေ ၅၀ကျော်နေပြီ သိရှိရသည်။

ထိုနေ့တွင် Jyllands-Posten သတင်းစာတိုက်မှ chief editor, Jacob Nybroe မှ သတင်းစာတိုက် အနေဖြင့် သူတို့မှားတယ်လို့ မယူဆတဲ့ ကိစ္စရပ် တစ်ခုအပါ် သူတို့ တောင်းပန်သွားမည် မဟုတ်ကြောင်း နှင့် သူတို့ရေးဆွဲခဲ့သည့် ကာတွန်းသည် လှောင်ပြောင်လိုသည့် ရည်ရွယ်ချက်မရှိကြောင်း ဆိုခဲ့သည်။

အယ်ဒီတာချုပ် အနေဖြင့် ဒါသည် လူမျိုးကွဲ သည့်အလျှောက် နားလည်မှု သဘောထားကွဲခြင်းသာဖြစ်သည် ဟုယူဆသည်။ ဒိန်းမတ်နိုင်ငံတွင် သူတို့သည် လွတ်လပ်စွာပြောဆို ရေးသားခွင့် ရေးချယ်ခွင့် ရှိသည်ဟု Prime Minister Mette Frederiksen မှ ထပ်လောင်းပြောကြားခဲ့သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top