CANAL+ မှထုတ်လွှင့်ပြသမည့် Traveller’s Note ရုပ်သံစီးရီးကို မန္တလေးမြို့တွင် မိတ်ဆက်ပေးခဲ့

IMG-979ec93031e777d6ebb98a5df4c43b24-V.jpg

CANAL+ ရဲ့ အောင်မြင်နေတဲ့ရုပ်သံစီးရီးဖြစ်တဲ့ ခရီးသွားကောက်ကြောင်း (Traveller’s Note) မိတ်ဆက်ပွဲကို မန္တလေးမြို့ရဲ့ Skywalk မှာ ဇွန်လ (၁၀) ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီရုပ်သံစီးရီးမှာသရုပ်ဆောင်ထားကြတဲ့ နာမည်ကျော်သရုပ်ဆောင်၊ မော်ဒယ် သဉ္ဇာဝင့်ကျော်နဲ့ မော်ဒယ် ပိုင်တံခွန်တို့လည်း ပွဲကိုတက်ရောက်ခဲ့ကြပြီး သူတို့ကိုချစ်တဲ့ မန္တလေးကပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

နာမည်ကျော်သရုပ်ဆောင်၊ မော်ဒယ် သဉ္ဇာဝင့်ကျော်နဲ့ မော်ဒယ် ပိုင်တံခွန်တို့လည်း ပွဲကိုတက်ရောက်ခဲ့

CANAL+ ZAT LENN ရုပ်သံလိုင်းမှာထုတ်လွှင့်သွားမယ့် ခရီးသွားကောက်ကြောင်းစီးရီးနဲ့ ပတ်သက်ပြီး CANAL+ Communication Director မဟေမာနဲ့ ဒါရိုက်တာ မအမ်မာတို့က ရှင်းလင်းပြောကြားခဲ့ကြသလို သဉ္ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့ကလည်း သရုပ်ဆောင်ခဲ့စဉ်ကအမှတ်တရတွေကို ပြန်ပြီးမျှဝေပေးခဲ့ပါတယ်။

CANAL+ Communication Director မဟေမာနဲ့ ဒါရိုက်တာ မအမ်မာ

သဉ္ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့ကလည်း သရုပ်ဆောင်ခဲ့စဉ်ကအမှတ်တရတွေကို ပြန်ပြီးမျှဝေ

ဒီပွဲရဲ့ MC အဖြစ် သရုပ်ဆောင် ဇေယျက ဆောင်ရွက်ပေးခဲ့ပြီး သဉ္ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့ကို ပရိသတ်တွေက မေးလာကြတဲ့မေးခွန်းတွေကို ကူညီမေးမြန်းပေးသွားခဲ့ပါတယ်။

ပွဲကိုလာရောက်ကြတဲ့ပရိသတ်တွေအတွက် Canal+ ရုပ်သံလိုင်းဖမ်းစက် (၃) လုံးကို Canal+ က မဲဖောက်ကံစမ်းပေးခဲ့ပါသေးတယ်။

ပရိသတ်တွေအတွက် Canal+ ရုပ်သံလိုင်းဖမ်းစက် (၃) လုံးကို Canal+ က မဲဖောက်ကံစမ်းပေးခဲ့

 

ပရိသတ်တွေအတွက် Canal+ ရုပ်သံလိုင်းဖမ်းစက် (၃) လုံးကို Canal+ က မဲဖောက်ကံစမ်းပေးခဲ့

အဲဒီနောက်မှာတော့ သဉ္ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့က ပရိသတ်တွေကို အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံတွေ ရိုက်ကူးပေးကာ မန္တလေးမိတ်ဆက်ပွဲကို အဆုံးသတ်ခဲ့ပါတယ်။

ပရိသတ်တွေကို အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့ကြပြီး ပျော်ပျော်ရွှင်ရွှင်ဓာတ်ပုံတွေရိုက်ကူးပေး

အခုမိတ်ဆက်ပွဲအပြင် ဇွန်လ (၁၁) ရက်နေ့၊ ညနေ (၄) နာရီခွဲကနေ ညနေ (၆) နာရီခွဲအထိအချိန်မှာလည်း တောင်ကြီးမြို့၊ City Square Shopping Center မှာ တောင်ကြီးပရိသတ်တွေနဲ့ တွေ့ဆုံသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top