မိခင်ဘဝကိုမြတ်နိုးလို့ ကိုယ့်ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းကိုတောင် ထုတ်လှူပေးခဲ့သူ

11343146-0-image-a-18_1553293042106.jpg

ပန်ဆယ်လ်ဗေးနီးယားပြည်နယ်က ကလေးသုံးယောက်မိခင် အသက် (၃၁) နှစ်အရွယ် ဟယ်သာဘန်ကို့စ် (Heather Bankos) ဟာ ဘေလာတက္ကသိုလ်ဆေးသိပ္ပံဌာနမှာ သူ့ရဲ့သားအိမ်ကို လှူဒါန်းမှုပြုလုပ်ခဲ့ပါတယ်။ သူ့လို မိခင်ဘဝကိုပိုင်ဆိုင်ချင်သူ မွေးရာပါ သားအိမ်မဖွံ့ဖြိုးတဲ့အမျိုးသမီးတစ်ဦးအတွက် စာနာနားလည်စိတ်နဲ့ ပေးလှူခဲ့တာပါ။

အငှားကိုယ်ဝန်ဆောင်ပေးဖို့ အခက်အခဲရှိလာတဲ့အချိန် ဘေလာတက္ကသိုလ်ဆေးသိပ္ပံဌာနနဲ့ အဆက်အသွယ်ရပြီး အခုလို သားအိမ်လှူပေးနိုင်ခဲ့

အစကတော့ ဒီလိုဝေဒနာရှင်အမျိုးသမီးတွေအတွက် အငှားကိုယ်ဝန်ဆောင်ပေးဖို့ သူက စိတ်ကူးခဲ့တာပါ။ နောက်ပိုင်းမှာ သူရဲ့အလုပ်က လေယာဉ်နဲ့ကူးသန်းသွားလာနေရတဲ့သူနာပြုအလုပ်ဖြစ်လာတာကြောင့် အငှားကိုယ်ဝန်ဆောင်ပေးဖို့ အခက်အခဲရှိလာတဲ့အချိန် ဘေလာတက္ကသိုလ်ဆေးသိပ္ပံဌာနနဲ့ အဆက်အသွယ်ရပြီး အခုလို သားအိမ်လှူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်းဖြစ်သူကလည်း ဒီခွဲစိတ်မှုအတွက် အားပေး ကူညီခဲ့တယ်လို့ သိရပါတယ်။

မိခင်ဘဝကိုပိုင်ဆိုင်ချင်သူ မွေးရာပါသားအိမ်မဖွံ့ဖြိုးတဲ့အမျိုးသမီးတစ်ဦးအတွက် စာနာနားလည်စိတ်နဲ့ ပေးလှူခဲ့

ဟယ်သာရဲ့ သားဥပြွန်နဲ့သားအိမ်ကို ခွဲစိတ်ထုတ်ယူပြီး သားအိမ်မဖွံ့ဖြိုးတဲ့အမျိုးသမီးထံမှာ အစားထိုးထည့်သွင်းပေးမှုအောင်မြင်ခဲ့ပြီးတဲ့နောက် ဟယ်သာက ” ကျွန်မက ကိုယ်ဝန်ဆောင်ရတဲ့ခံစားချက်ကို တကယ်နှစ်ခြိုက်မြတ်နိုးတာပါ။ ကလေးသုံးယောက်လုံးကို ကိုယ်ဝန်ဆောင်ခဲ့ရတာကလည်း အတော်လေး စိတ်ချမ်းသာပြီးပျော်ရွှင်ခဲ့ရပါတယ်။ တခြားသူတွေက ကျွန်မ ဘာလို့များ ဒီလောက်တောင်ပျော်ရွှင်နေရသလဲလို့ အံ့သြကြရတဲ့အထိပါပဲ”

“သူနာပြုအလုပ်လုပ်နေတော့ မိဘတွေမှာ သူတို့ကလေးငယ်တွေကို ဆုံးရှုံးရတဲ့အခါတိုင်း ဘယ်လောက် ရင်ကွဲမတတ်ခံစားရသလဲ ကျွန်မ တွေ့နေရပါတယ်။ ဒါကြောင့် ကလေးလိုချင်တဲ့အမျိုးသမီးတစ်ယောက်အတွက် အခုလိုကူညီပေးမယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့တာပါ” ဟယ်သာက ဆိုပါတယ်။

Ref: Time “I Love Being a Mom. So I Donated My Uterus to Help Someone Else Become One”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top