“Top Gun: Maverick” ကို ကျော်ပြီး ၂၀၂၂ ခုနှစ်ရဲ့ဝင်ငွေအမြင့်ဆုံးရုပ်ရှင်ကားဖြစ်လာခဲ့တဲ့ Avatar 2

6-1-2023-yyl-46.jpg

ဒါရိုက်တာဂျိမ်းစ်ကာမရွန်ရဲ့ “Avatar: The Way of Water” ရုပ်ရှင်ကားသစ်ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ငွေ ဒေါ်လာ ၁.၅ ဘီလျံကျော်သွားခဲ့ပါပြီ။ အခုဆို ၂၀၂၂ ခုနှစ်က နံပါတ် (၁) ဖြစ်ခဲ့တဲ့ “Top Gun: Maverick” ဇာတ်ကားကို ကျော်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်သွားခဲ့ပါတယ်။

ဒါတင်မကသေးပဲ ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးဇာတ်ကား (၁၀) ကားစာရင်းမှာလည်း “Furious 7” ဇာတ်ကားကို ကျော်တတ်ပြီး နံပါတ် ၁၀ နေရာရောက်ရှိသွားခဲ့ပါတယ်။ နံပါတ် (၉) နေရာမှာ ရှိနေတဲ့ ၂၀၁၂ ခုနှစ်ရဲ့ “The Avengers” ဇာတ်ကားကိုလည်း ကျော်တတ်နိုင်ခြေရှိပါသေးတယ်။

The 20th Century Studios/Disney က “Avatar: The Way of Water” ဇာတ်ကားအတွက် အကြမ်းဖျင်းအားဖြင့် ဒေါ်လာ သန်း ၃၅၀ ခန့်သုံးစွဲခဲ့ပြီး ဈေးကွက်တင်ဖို့ အနည်းဆုံးဒေါ်လာ သန်း ၁၀၀ သုံးစွဲခဲ့တယ်လို့ Variety ရဲ့ဖော်ပြချက်အရ သိရပါတယ်။ ဒီဇာတ်ကားသာ ရုံတင်ငွေ ၂ ဘီလျံအထိ ရောက်ရှိသွားမယ်ဆိုရင် ဂျိမ်းစ်ကာမရွန်က Avatar (ဒေါ်လာ ၂.၉ ဘီလျံ)၊ Titanic (ဒေါ်လာ ၂.၂ ဘီလျံ) အပါအဝင် ကမ္ဘာ့ဝင်ငွေအမြင့်ဆုံးဇာတ်ကား (၃) ကားကို ရိုက်ကူးခဲ့တဲ့ ပထမဆုံးဒါရိုက်တာဖြစ်မှာဖြစ်ပါတယ်။

Ref: ‘Avatar: The Way of Water’ Passes ‘Top Gun: Maverick’ To Become Highest Grossing Film Of 2022

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top