ကင်ဆာရောဂါကို သတ္တိရှိစွာ ကြံ့ကြံ့ခံ တွန်းလှန်နိုင်ခဲ့တဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ်

48398309_397856840958284_6734611052018794496_n.jpg

ကင်ဆာရောဂါကို ခံစားနေရပြီး ရိုးတွင်းခြင်ဆီကို အစားထိုးခဲ့ရတဲ့ အသက် ၄ နှစ်အရွယ် ကောင်လေးဟာ အခုဆိုရင် ကင်ဆာ ပျောက်ကင်းသွားပြီမို့လို့ ခရစ်စမတ်ပွဲတော်အမီ အိမ်ပြန်နိုင်တော့မှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ၊ တဲစ်မေးနီးယား (Tasmania) က နက်ဒ် အီရှန် (Nad Isham) ဟာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက သွေးကင်ဆာရောဂါကို ခံစားနေခဲ့ရသူလေး ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ နက်ဒ်ဟာ ကင်ဆာရောဂါကြောင့် ကြာကြာမနေရတော့ဘူးလို့ သိလိုက်ရတဲ့အခါ သူတို့မိသားစုဟာ ထိတ်လန့် ကြောက်ရွံ့သွားခဲ့ရပါသေးတယ်။

‘သားလေးဟာ ရောဂါဆိုးကနေ သက်သာလာပြီး ခန္ဓာကိုယ် ပြင်းထန်စွာ ထိခိုက်မှုမရှိဘဲ ဆေးရုံက ဆင်းလာရတာက အရမ်းအံ့ဩစရာ ကောင်းပါတယ်…’ လို့ နက်ဒ်ရဲ့အမေ အီမလီက ပြောပါတယ်။ နက်ဒ်ဟာ ပြည်တွင်းမှာပဲ ခွဲစိတ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရပါတယ်။ မိသားစုဝင်တွေနဲ့အတူ သူငယ်ချင်းတွေက ထောက်ပံ့ပေးတဲ့ ဒေါ်လာ ၆၀၀,၀၀၀ နဲ့ သူတို့ရဲ့သားလေးကို အမေရိကန်နိုင်ငံမှာ အထူးကုသမှုတွေနဲ့ ကုသနိုင်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ နက်ဒ်ကို CAR-T ဆဲလ်ကုထုံးနဲ့ ကုသတာဟာ အောင်မြင်ခဲ့ပါတယ်။

CAR-T ဆဲလ်ကုထုံးဆိုတာ ဆေးပညာနည်းအရ ကင်ဆာဆဲလ်တွေကို အပြီးတိုင် တွန်းလှန်နိုင်တဲ့ ကုထုံးတစ်မျိုး ဖြစ်ပါတယ်။ နက်ဒ်ဟာ ကင်ဆာရောဂါကနေ ပျောက်ကင်း သက်သာသွားပြီမို့လို့ အခု အိမ်ပြန်နိုင်တော့မှာပါ။ ဒီတစ်ကြိမ်မှာတော့ မဲလ်ဘုန်းမြို့ရဲ့ တော်ဝင် ကလေးဆေးရုံမှာ တက်ခဲ့ရတဲ့ ၁၈ လ အတောအတွင်း ပထမဆုံး ဆေးရုံဆင်းရခြင်းပဲ ဖြစ်ပါတယ်။ ဆေးရုံကဆင်းပြီး သူ့မိသားစုနဲ့အတူ တိရစ္ဆာန်ဥယျာဉ်ကိုပါ သွားရောက် လည်ပတ်ခဲ့သေးတယ်။

နက်ဒ်ဟာ ကင်ဆာရောဂါသည်ဘဝကြီးကို စွန့်လွှတ်ပြီးတော့ ခရစ်စမတ်ပွဲတော်အတွက် အိမ်ပြန်ဖို့ မစောင့်နိုင်တော့ပါဘူး။ ‘တဲစ်မေးနီးယားက အိမ်ကို ပြန်ပြီးတော့ လက်ဆောင်ဗူးတွေကို အရမ်းပဲဖွင့်ကြည့်ချင်နေပါပြီ’ လို့ သူ့ဆန္ဒကို ပြောပြခဲ့ပါတယ်။

Ref: www.elitereaders.com “Brave boy, 4, is told he is cancer-free and can go home for Christmas after radical surgeries and 18 months in hospital”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top