တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး၏ ပထမဆုံးဘဏ်ခွဲ ဖွင့်လှစ်

Image_2.jpg

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး၏ ပထမဆုံး ဘဏ်ခွဲကို မန္တလေးမြို့၏ စီးပွါးရေးအချက်အချာကျသောနေရာ၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေးသည် Excellent Fortune Development Group (EFD Group) လက်အောက်ရှိ လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး၏ အမှုဆောင်အရာရှိချုပ် ဦးဝင်းလွင်က “စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးဖို့ အလေးထားဆောင်ရွက်နေတဲ့ ဘဏ်တစ်ခုအနေနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက စိုက်ပျိုးရေးသမားနဲ့ လယ်သမားတွေအတွက် အထူးချေးငွေအစီအစဉ်တွေ ပြုလုပ် ပေးသွားဖို့ရှိပါတယ်။

စီးပွားရေးလုပ်ငန်းကြီးတွေ၊ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ၊ လူတစ်ဦးချင်းစီရဲ့ ငွေကြေးဆိုင်ရာ လိုအပ်ချက်တွေဖြည့်ဆည်းပေးနိုင်ဖို့နဲ့ သူတို့ တွေရဲ့ လုပ်ငန်းအရင်းအနှီးလိုအပ်ချက်တွေ၊ ရင်းနှီးမြုပ်နှံဖို့နဲ့ လုပ်ငန်းချဲ့ထွင်ဖို့အတွက် ပံ့ပိုးပေးနိုင်တဲ့ ငွေကြေးဆိုင်ရာ အစီအစဉ်တွေကိုလည်း စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ပြောသည်။

တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်လီမိတက် – မန္တလေး၏ ဘဏ်ခွဲများကို ၂၀၂၂ ခုနှစ်အတွင်း၌ ပြည်နယ်နှင့် တိုင်းဒေသကြီး (၈) ခုရှိ မြို့ပေါင်း (၁၁) မြို့တွင် တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ် အကုန်ပိုင်းတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး (၁၂) ခုရှိ မြို့ပေါင်း အနည်းဆုံး (၂၀)မြို့ တို့တွင် တိုးချဲ့ဖွင့်လှစ်သွားနိုင်ရန် မျှော်မှန်းထားသည်။

မန္တလေးဘဏ်ခွဲတွင် ခေါ်ယူအပ်ငွေစာရင်း၊ ငွေစုစာရင်း၊ အချိန်ပိုင်းအပ်ငွေစာရင်း၊ ဘဏ်ချေးငွေဝန်ဆောင်မှု အစရှိသော ဝန်ဆောင်မှုအမျိုးမျိုး ရရှိပြီး ဧပြီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း ဘဏ်စာရင်းအသစ်ဖွင့်သူများအတွက် ဗလာမပါသော ဆုလက်ဆောင်များပေးအပ်သွားမည် ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top