ရှန်ဟိုင်းရုပ်ရှင်ပွဲတော်မှာ နုပျိုနေဆဲ မင်းသားကြီးချောင်ယွန်ဖက်ကို မီချဲလ်ယိုနဲ့အတူ မြင်တွေ့ခဲ့ရ

13.6.23-yyl-6.jpg

ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်က အခုနှစ်မှာ နှစ် ၃၀ ပြည့်မြောက်သွားခဲ့ပါပြီ။ နှစ် ၃၀ ပြည့်မြောက်တဲ့ ဒီပွဲကို ဂုဏ်ပြုဖို့အတွက် တရုတ်ရုပ်ရှင်ဒါရိုက်တာ ချန်ခိုင်ခဲ (အသက် ၇၀)၊ ဟောင်ကောင်မင်းသားကြီး ချောင်ယွန်ဖက် (အသက် ၆၈) နဲ့ အော်စကာဆုရှင် မီချဲလ်ယို (အသက် ၆၀) တို့က ဧည့်သည်တွေအဖြစ် တက်ရောက်ခဲ့ပါတယ်။

မင်းသမီးကြီး မီချဲလ်ယိုက လှပကြော့ရှင်းနေပေမဲ့ ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားခဲ့တာက မင်းသားကြီးချောင်ယွန်ဖက်ပါ။ အခုပွဲမှာ ချောင်ယိုဖက်က အနောက်တိုင်းဝတ်စုံကို စတိုင်ကျကျဝတ်ဆင်လာခဲ့ပြီး ဒီရက်ပိုင်း သူ ဝတ်ဆင်နေကျ အားကစားဝတ်စုံနဲ့ အခုပုံစံက ကွဲထွက်နေတာကြောင့်ပါ။

မီချဲလ်ယိုက ပွဲအခမ်းအနားပြီးတဲ့နောက် ရိုက်ခဲ့တဲ့ ချောင်ယွန်ဖက်နဲ့တွဲရိုက်ထားတဲ့ ပုံတွေကို တင်ခဲ့တာပါ။ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အလှတရားကို ချီးကျူးခဲ့ကြပေမဲ့ ချောင်ယွန်ဖက်က သူတို့ရဲ့ကောင်းတဲ့ကွန်မန့်တွေ ပိုရရှိခဲ့တာပါ။ “ချောင်ယွန်ဖက်က အရမ်းဟော့နေတုန်းပဲ”၊ “အရမ်းမိုက်နေတယ်”၊ “အသက်လည်းကြီးမသွားဘူး” စတဲ့ ကွန်မန့်တွေ ပေးခဲ့ကြတာပါ။

ပရိသတ်တော်တော်များများက မီချဲလ်ယိုနဲ့ ချောင်ယွန်ဖက်တို့နှစ်ဦးကို ဇာတ်ကားတစ်ကားမှာ ထပ်ပြီးမြင်တွေ့ချင်နေကြပါတယ်။ အော်စကာဆုရ Crouching Tiger, Hidden Dragon မှာ သူတို့အတူ ပါဝင်သရုပ်ဆောင်ကတည်းကဆိုရင် အတူတူသရုပ်မဆောင်ဖြစ်တာ ၂၃ နှစ်ရှိပါပြီ။

Ref: “Fat Gor Is Still So Hot!”: Chow Yun Fat, 68, Looked So Stylish At The Shanghai Film Festival With Michelle Yeoh

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top