စောင်နဲ့ပတ်ပြီး ရေကန်ထဲပစ်ချခံထားရတဲ့ တောင်ကိုရီးယား livestreamer ရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားမှာ တွေ့ရှိ

13.6.23-yyl-5.jpg

စောင်နဲ့ပတ်ပြီး ရေကန်ထဲ ပစ်ချခံထားရတဲ့ တောင်ကိုရီးယားထိပ်တန်း livestreamer တစ်ယောက်ရဲ့ ရုပ်အလောင်းကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ တွေ့ရှိခဲ့ပါတယ်။ အသက် ၃၀ ဝန်းကျင်ရှိတဲ့ ဗြောင်အာယောင်းဟာ လူမှုကွန်ရက်ပေါ်မှာ follower ၂ သိန်းခွဲကျော်ရှိတဲ့ livestreamer တစ်ယောက်ပါ။ ဇွန်လ ၆ ရက်က ဖနွမ်းပင်မြို့အနီးက ရေကန်ထဲမှာ စောင်အနီနဲ့ပတ်ပြီး ပစ်ချခံထားရတဲ့ သူ့ရဲ့ ရုပ်အလောင်းကို ရွာသားတွေက တွေ့ခဲ့တာပါ။

ဗြောင်အာယောင်းဟာ တရုတ်လင်မယားနှစ်ဦး ဖွင့်ထားတဲ့ ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ အသိတစ်ဦးနဲ့အတူ ကမ္ဘောဒီးယားနိုင်ငံကို လာခဲ့တာပါ။ ဗြောင်အာယောင်းရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် တရုတ်လင်မယားကို ဖမ်းဆီးထားပါတယ်။ သူတို့ဟာ အပြစ်ပေးမခံရစေဖို့ အလောင်းဖျောက်ခဲ့တာလို့ သံသယရှိခံနေရပါတယ်။ ဗြောင်အာယောင်းဟာ သူတို့ဆေးရုံမှာ ကုသမှု ခံယူခဲ့ပြီးနောက် ဇွန်လ ၄ ရက်နေ့မှာ သေဆုံးခဲ့တာလို့ တရုတ်လင်မယားက ဆိုပါတယ်။

ဗြောင်အာယောင်း သေဆုံးရတဲ့အကြောင်းရင်းကို သိရအောင် သေမှုသေခင်း စစ်ဆေးဖို့ လိုအပ်တယ်လို့ ကမ္ဘောဒီးယားအာဏာပိုင်တွေက ဆိုပါတယ်။ ဒါပေမဲ့ ကျန်ရစ်သူ မိသားစုကတော့ ဈာပနအခမ်းအနားလုပ်ရမှာဖြစ်လို့ သေမှုသေခင်းစစ်ဆေးဖို့ ငြင်းဆန်ထားပါတယ်။

Ref: Wrapped in blanket, dumped in pond: Top South Korean livestreamer found dead in Cambodia

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top