တင်ပါးမှာ အဆီစုထားပြီး အပူဒဏ်ကို အံတုတဲ့ သိုးမျိုးစိတ်

13.8.2024-yyl-3.jpg

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမျိုးစိတ်ဖြစ်တဲ့ သိုးမျိုးစိတ်တစ်ခုဟာ အပူဒဏ်ကို အံ့တုနိုင်ဖို့အတွက် တင်ပါးနှစ်ဖက်မှာ အဆီစုထားလို့ ထူးခြားတဲ့သွင်ပြင် ရှိပါတယ်။ ဘီစီ ၅ ရာစုမှ ဂရိသမိုင်းပညာရှင် ဟီရိုဒိုတက်စ်က တင်ပါးမှာ အဆီစုနေတဲ့ သိုးတွေအကြောင်း ရေးသားခဲ့ဖူးပါတယ်။ တင်ပါးနှစ်ဖက်မှာ အဆီစုထားတဲ့ သိုးတွေဟာ သိုးမျိုးစိတ်အားလုံးရဲ့ ၂၅ ရာခိုင်နှုန်းအထိ ရှိနေပြီး ရှားပါးမျိုးစိတ်လည်း မဟုတ်ပါဘူး။

ခက်ထန်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေထိုင်နိုင်တဲ့ အဲဒီသိုးတွေဟာ တင်ပါးမှာ စုထားတဲ့ အဆီတွေကြောင့် အစားအစာ ကောင်းကောင်းမစားရဘဲနဲ့လည်း ရက်ပေါင်းများစွာ ရှင်သန်နိုင်သလို ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဒဏ်ကိုလည်း ခံနိုင်စွမ်း ရှိပါတယ်။

သိုးတင်ပါးကို ဟင်းလျာအဖြစ်လည်း ချက်ပြုတ်စားသောက်လေ့ရှိပြီး တင်ပါးသားက အရည်ပိုရွှမ်းပြီး Omega-3 ၊ Omega-6 ပါဝင်မှုတွေ မြင့်မားလို့ ကျန်းမာရေးအတွက်လည်း သင့်လျော်တယ်လို့ ဆိုကြပါတယ်။

Ref: Fat-Tailed Sheep Have Some Serious Junk in the Trunk
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply