ဆိုင်ကယ်စီးသူတွေ အန္တရာယ်ကင်းစေမယ့် ကမ္ဘာ့ပထမဆုံး လေအိတ်ဝတ်စုံ

27.2.2023-image-1.jpg

SEE SWNS STORY SWNAairbag --- Motorcyclists can now be safe and chic thanks to the world's first airbag JEANS. The £420 garments, set to launch later this month, are made from the strongest denim on the planet and activate if the rider falls from their bike. The trigger mechanism is a tether connecting the jeans to the motorcycle and works as a dead man’s switch.

ဆွီဒင်ကုမ္ပဏီ Mo’cycle က ကမ္ဘာ့အတောင့်တင်းဆုံးဂျင်းသားကို အသုံးပြုပြီး ကမ္ဘာ့ပထမဆုံးလေအိတ်ဝတ်စုံကို ဖန်တီးခဲ့ပါတယ်။ ယာဉ်မတော်တဆမှုတွေမှာ ဆိုင်ကယ်စီးသူတွေ အန္တရာယ်ကင်းစေဖို့ ရည်ရွယ်ပြီး အခုလို ထုတ်လုပ်ခဲ့တာပါ။

ဒီဝတ်စုံဟာ ဆိုင်ကယ်နဲ့ချိတ်ဆက်ထားတဲ့ ကြိုးတစ်ချောင်း ရှိပါတယ်။ ဆိုင်ကယ်စီးသူတွေ ဆိုင်ကယ်ပေါ်က ပြုတ်ကျသွားတဲ့အခါ ချိတ်ဆက်ထားတဲ့ ကြိုးက အဆို့တိုင်ကို ဆွဲဖြုတ်လိုက်သလိုဖြစ်စေပြီး လေအိတ် ပွင့်ထွက်လာမှာ ဖြစ်ပါတယ်။ အဲဒီလို မတော်တဆမှု ကြုံပြီးရင်တော့ အဆို့တိုင်ကိုတော့ ပြန်လဲလှယ်အသုံးပြုရမှာပါ။

စမ်းသပ်မှုတွေအရ တစ်နာရီ ၄၅ မိုင်နှုန်းအရှိန်နဲ့ မောင်းနှင်နေတုန်း ဆိုင်ကယ်ပေါ်ကနေ လွင့်စင်ထွက်ကျတာမျိုး ဖြစ်ရင်တောင် Mo’cycle ဂျင်းသားဝတ်စုံက မဆိုသလောက်ပဲ ပွန်းတယ်လို့ Airbag Inside ကုမ္ပဏီက ဆိုပါတယ်။

ကမ္ဘာ့ပထမဆုံး လေအိတ်ဝတ်စုံတစ်စုံကိုတော့ အမေရိကန်ဒေါ်လာ ၅၂၈ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Ref: Motorcyclists Can Now Be Safe Thanks to World’s First Airbag Pants to Protect Riders

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top