ကျောက်ကပ်အလှူရှင်ကြောင့် သမီးဖြစ်သူ ရှင်သန်ခွင့်ရပြီးနောက်မှာ ဖခင်က သူစိမ်းအတွက် ကျောက်ကပ်ပေးလှူ

18-1-2023-yyl-146.jpg

အလှူရှင်တစ်ယောက်ရဲ့ ကျောက်ကပ် ပေးလှူမှုကြောင့် သမီးဖြစ်သူ အသက်ရှင်သန်ခွင့် ရခဲ့ပြီးနောက်မှာတော့ သူ့ဖခင်ကလည်း တခြားသူစိမ်းတစ်ယောက်ကို ကျောက်ကပ်လှူခဲ့ပါတယ်။ သူကတော့ ဝေးလ်နိုင်ငံမှာ နေထိုင်သူ အာဖွန်ဂျုံးစ်ပါပဲ။ အာဖွန်ဂျုံးစ်ရဲ့ ၁၉ နှစ်အရွယ် သမီးငယ် ဆီရင်ဟာ နာမကျန်းဖြစ်ပြီး ကျောက်ကပ်နှစ်လုံးလုံး ဖယ်ရှားခဲ့ရပါတယ်။

သူ(မ)ဟာ ညစဉ်ညတိုင်း ၁၀ နာရီကြာ ကျောက်ကပ်ဆေးနေရပြီး ပြီးခဲ့တဲ့ဧပြီလမှာတော့ အလှူရှင်တစ်ဦးထံကနေ ကျောက်ကပ် ရရှိခဲ့ပါတယ်။ သမီးဖြစ်သူက ကျောက်ကပ်အလှူရှင်ကို စောင့်မျှော်နေချိန်မှာပဲ အာဖွန်ဂျုံးစ်က သူ့ကျောက်ကပ်ကို လှူဒါန်းဖို့ ဗြိတိန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုယ်အင်္ဂါလှူဒါန်းမှုအစီအစဉ်မှာ စာရင်းပေးသွင်းခဲ့တာပါ။

အာဖွန်ဂျုံးစ်ရဲ့ ကျောက်ကပ်ဟာ သူ့သမီးမှာ အစားထိုးထည့်သွင်းဖို့ ကိုက်ညီမှုမရှိတာကြောင့် တခြားသူတွေကို လှူဒါန်းပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အာဖွန်ဂျုံးစ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျောက်ကပ်ခွဲထုတ်ခဲ့ပြီး သူ့ကျောက်ကပ်ကို အစားထိုးခွဲစိတ်မှု ခံယူခဲ့သူကလည်း ကျန်းမာရေးတိုးတက်နေတယ်လို့ ဆိုပါတယ်။

Ref: Father Donates Own Kidney To Stranger After Teenage Daughter Saved By Transplant

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top