သခင်ဖြစ်သူနဲ့အတူ ဒီပလိုမာဘွဲ့ကို ရယူခဲ့တဲ့ ခွေးလေး

26.5.2023-yyl-4.jpg

နယူးဂျာစီပြည်နယ်က ဝန်ဆောင်မှုပေးတဲ့ခွေးလေးတစ်ကောင်ဟာ သူ့ရဲ့သခင်ဖြစ်သူနဲ့အတူ ဒီပလိုမာဘွဲ့ကို ရယူခဲ့ပါတယ်။ ဂျက်စတင်ဆိုတဲ့ အဲဒီခွေးလေးက ဝှီးချဲအသုံးပြုရတဲ့ သခင်ဖြစ်သူ ဂရေး မာရီယာနီနဲ့အတူ Seton Hall University ကနေ ပေးအပ်တဲ့ ဒီပလိုမာဘွဲ့ကို Prudential Center မှာ မေလ ၂၂ ရက်နေ့က ရယူခဲ့တာပါ။

ဘွဲ့ယူနေတဲ့ ဂရေးနဲ့ ဂျက်စတင်တို့ရဲ့ဗီဒီယိုကို Seton Hall University က မျှဝေပေးခဲ့ပါတယ်။ Seton Hall တက္ကသိုလ်ဥက္ကဌ ဂျိုဆက် အီနေးက မာရီယာနီကို ဘွဲ့အပ်နှင်းခဲ့ပြီး ဂျက်စတင်ကိုလည်း လိပ်ထားတဲ့ဘွဲ့လက်မှတ်ကို ပေးအပ်ခဲ့တာပါ။ ပေးအပ်တဲ့အချိန်မှာ အရင်ဆုံး ဘွဲ့လက်မှတ်ကို နမ်းရှုပ်ခဲ့ပြီး သူ့သခင်ကို ကြည့်ခဲ့တယ်။ ပြီးမှ သူ့ရဲ့ပါးစပ်နဲ့ ဂုဏ်ပြုဘွဲ့လက်မှတ်ကို ယူခဲ့တာပါ။

မာရီယာနီက ပညာရေးမှာ သိပ္ပံဘွဲ့ရရှိခဲ့တာပါ။ ဂျက်စတင်က သူ့သခင် အတန်းတွေတက်တိုင်း လိုက်ပြီး အဖော်ပြုပေးခဲ့တာလို့ တက္ကသိုလ်က ပြောပါတဘ်။ မာရီယာနီက မူလတန်းနဲ့အထူးပညာရေးကို သင်ကြားဖို့ စီစဉ်ထားပါတယ်။ ဂျက်စတင်ကလည်း သူ့ရဲ့ဘေးမှာ ရှိနေပေးသွားမှာပါ။

ဗီဒီယိုကြည့်ရှုရန်

Ref: Service dog receives diploma alongside owner for attending all classes with her

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top