သမ္မတကတော်ရဲ့ ဒုတိယဝန်ထမ်းဦးစီးချုပ်ကို အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိအဖြစ်ရွေးချယ်

65314716_2451198271577745_6580709952757694464_n.jpg

သမ္မတကတော် မီလာနီယာထရမ့်ရဲ့ ဒုတိယဝန်ထမ်းဦးစီးချုပ်ကို အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိနဲ့ ဆက်သွယ်ရေးဒါရိုက်တာအဖြစ်ခန့်အပ်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပါတယ်။ စတီဖန်နီဂရီရှမ်ဟာ ဆာရာဆန်းဒါးစ်ရဲ့နေရာကို အစားထိုးတာဝန်ယူမှာပါ။ ဆာရာဆန်းဒါးစ်ဟာ ဇွန်လအကုန်မှာ အိမ်ဖြူတော်သတင်းပြန်ကြားရေးအရာရှိအဖြစ်ကနေ နုတ်ထွက်မယ်လို့ အခုလအစောပိုင်းမှာ ကြေညာထားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့နဲ့ အမေရိကန်နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးဖို့ စတီဖန်နီဂရီရှမ်ထက် ပိုတော်တဲ့သူကို စဉ်းစားမရဘူးလို့ မီလာနီယာထရမ့်က ပြောပါတယ်။ စတီဖန်နီဂရီရှမ်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ဒေါ်နယ်ထရမ့်မိသားစုအတွက် အလုပ်လုပ်ခဲ့သူပါ။ လာမယ့်တစ်ပတ်အတွင်း ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကိုသွားရောက်မယ့် ဒေါ်နယ်ထရမ့်ရဲ့ခရီးစဉ်မှာ စတီဖန်တီဂရီရှမ် လိုက်ပါလိမ့်မယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top