သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုထိန်းချုပ်ဖို့ ခြင် ၅ ကောင် ဖမ်းပြီးယူလာတိုင်း ၁ ပီဆို ပေးတဲ့ ဖိလစ်ပိုင်ကျေးရွာ

25.2.2025-yyl-5.jpg

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့နားမှာ တည်ရှိတဲ့ Addition Hills လို့ အမည်ရတဲ့ ကျေးရွာလေးဟာ မကြာသေးခင်ကမှ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ပြင်းထန်စွာ ကြုံတွေ့ခဲ့ရတာပါ။ ဒါကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကျေးရွာအကြီးအကဲ ကာလီတို ဆာနယ်က သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို သယ်ဆောင်လာတဲ့ ခြင်အရေအတွက်ကို လျှော့ချဖို့ အလွန်စိတ်ဝင်စားကောင်းတဲ့ နည်းလမ်းတစ်ခုကို ထုတ်ခဲ့ပါတယ်။

ကျေးရွာအကြီးအကဲက ရွာသူ/သားတွေကို ခြင် ၅ ကောင် ဖမ်းပြီးယူလာတိုင်း ငွေသား ၁ ပီဆိုပေးမှာဖြစ်ပါတယ်။ သူတို့ ဖမ်းလာတဲ့ ခြင်က သေသေ၊ ရှင်ရှင် ဆုငွေပေးအပ်မှာပါ။

အနည်းဆုံး ၁ လ ကြာမြင့်မယ့် ဒီအစီအစဉ်ကို ရွာမှာ သွေးလွန်တုပ်ကွေးနဲ့ ကျောင်းသား ၂ ဦး သေဆုံးပြီးနောက် ဖေဖော်ဝါရီ ၁၈ နေ့မှာ စတင်အကောင်အထည်ဖော်ခဲ့တာပါ။ လူ ၂၁ ဦးက ခြင်အကောင်ရေ ၇၀၀ နဲ့အတူ သူတို့တွေရဲ့ဆုငွေကို ထုတ်ပြီးသွားပြီးလို့သိရပါတယ်။ ခြင်တွေကို ခရမ်းလွန်ရောင်ခြည်အသုံးပြုပြီး သတ်ခဲ့တယ်လို့လည်း သိရပါတယ်။ ရွာအကြီးအကဲက နောက်ထပ်အစီအမံအနေနဲ့ ဆုကြေးငွေနဲ့အတူ ခြင်ပေါက်ဖွားနိုင်တဲ့ရေမြောင်းတွေသန့်ရှင်းအောင်လုပ်တာလည်းပါဝင်ပါတယ်။

Ref: Filipino Village Will Pay 2 Cents For Every 5 Mosquitoes Caught To Curb Dengue Cases

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply