စင်ကာပူနိုင်ငံသားများ၊ မလေးရှားနိုင်ငံသားများ၊ ပြည်ပအလုပ်သမားများ၊ နှင့် အလုပ်အကိုင်ဈေးကွက်

yyl-010-5.jpg

မလေးရှားနိုင်ငံသားများ၏ အကျပ်အတည်း တစ်ခုအဖြစ် စင်ကာပူနိုင်ငံသားများ မလုပ်ချင်သော အလုပ်များကို ပိုကောင်းသော ဝင်ငွေရရှိရန်သာ လုပ်ကိုင်နေရပြီး အလားတူပင် ပြည်ပလုပ်သားများအား သူတို့ မလုပ်ချင်သော အလုပ်များကို လုပ်စေသည်။ လုပ်ငန်းခွင်ပေါင်းစုံမှ များစွာသော မလေးရှားနိုင်ငံသား အလုပ်သမားများသည် အိမ်နီးချင်းနိုင်ငံမှ ပြည်တွင်းထက် ငါးဆလောက် များသော လုပ်ခလစာ ကမ်းလှမ်းသောကြောင့် ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်သူများပြားလာသည်။

ထိုများပြားသော ဝင်ငွေကြောင့်ပင် 3D Work ဟုခေါ်သော Dirty, Dangerous, Difficult ဖြစ်သော အလုပ်များကိုပင် ပြည်ပတွင် လိုလိုလားလား လုပ်ကိုင်ချင်ကြသည်။ တဖန် မလေးရှား ပြည်တွင်း ကုမ္ပဏီများ အနေဖြင့် ဒေသခံ အလုပ်သမားများ အလွန်ရှာရခက်သော အခြေအနေဖြင့် ပင် ရင်ဆိုင်လာရသည်။ အလုပ်အကိုင် ဈေးကွက်အခြေအနေအရ မလေးရှားနိုင်ငံ၏ စက်ရုံအလုပ်ရုံများတွင် အခြေခံအလုပ်သမားများ ရရှိရန်ကိုပင် ပြည်ပမှ အလုပ်သမားများ ရှာဖွေရသည်။

စက်မှုအလုပ်ရုံများ၌ပင် ဒေသခံ အလုပ်သမား သုံးပုံတစ်ပုံခန့်သာ ရှာဖွေနိုင်ပြီး ကျန်လုပ်သားများမှာ ပြည်ပအလုပ်သမားများ ဖြစ်ကြသည်။ ထိုအကြာင်းအရာကြောင့် စက်မှုအလုပ်ရုံများတွင် လုပ်သားလခများတက်ကာ ကုန်ပစ္စည်း ထုတ်လုပ် ဖြန့်ဖြူး ရောင်းချရေးတွင် ဈေးနှုန်းများ တရွေ့ရွေ့ တက်လျှက် ရှိသည်။

ထိုအလုပ်သမား ရှားပါးမှု ပြဿနာကို ဖြေရှင်းရန် ကြိုးစားသော်လည်း ပြည်ပအလုပ်သမားများ လုပ်ကိုင်နေသော အလုပ်အကိုင် နေရာများကို မလေးရှားနိုင်ငံသားများမှာ ယှဉ်ပြိုင်ရန်၊ ဝင်ရောက် လုပ်ကိုင်ရန် စိတ်မဝင်စားကြသောကြာင့် အကျိုးဖြစ်နိုင်ရန် နည်းပါးလွန်းလှသည်ဟု Master Builders Association Malaysia မှ ထုတ်ပြန်သည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top