မီးသတ်သမားတစ်ဦး အဝေးမှာတောမီးငြိမ်းသတ်နေတုန်း အိမ်မီးလောင်လို့ မိသားစုကိုဆုံးရှုံးခဲ့ရ

7-9-2020-yyl-001.jpg

မီးသတ်သမားတစ်ဦးဟာ တောမီးကို သွားရောက်ငြိမ်းသတ်နေစဉ်မှာ အိမ်မီးလောင်လို့ မိသားစုကို ဆုံးရှုံးလိုက်ရတဲ့ အဖြစ်အပျက်တစ်ခု ဝါရှင်တန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ကြုံတွေ့ခဲ့ရတာက ရာအူးလ် ဂါစီယာ ဆန်တို့စ် (Raul Garcia-Santos) ဆိုတဲ့ မီးသတ်သမားဖြစ်ပြီး သူက အိမ်မီးလောင်ခဲ့တဲ့အတွက် ကြေကွဲဝမ်းနည်းစရာကောင်းလောက်အောင် သူ့ရဲ့မိသားစုကို ဆုံးရှုံးခဲ့ရပါတယ်။ ဂါစီယာက ကနေဒါနယ်စပ်နားနီးလာနေတဲ့တောမီးကို သွားရောက်ငြိမ်းသတ်ပေးနေတုန်းမှာ သူ့အိမ်ကို မီးတောက်ကြီးက ဖျက်ဆီးပစ်ခဲ့တဲ့အပြင် သူ့ဇနီးနဲ့ ကလေး (၃) ယောက်ကို မီးက ဝါးမြိုပစ်ခဲ့ပါတယ်။ သူ့ဇနီး မာကာရီယာ ဂါစီယာ မာတင်ဇ်၊ အသက် (၁၇) နှစ် သမီးလေး၊ အသက် (၁၅) နှစ်အရွယ် သားလေး လူဝစ်၊ အသက် (၆) နှစ်အရွယ် သမီးလေးတို့ မီးထဲမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

မီးသတ်သမားရဲ့မိသားစုက မီးခိုးငွေ့ကြောင့် အသက်ရှုမဝဘဲ သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ ရောက်တဲ့အချိန်မှာ မိသားစုရဲ့နောက်တွဲခန်းကို မီးတွေက ဝါးမြိုသွားခဲ့ပါပြီ။ Benton County Fire Protection ရဲ့ခေါင်းဆောင် ရွန် ဒန်ဂန် (Ron Duncan) က ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး “စိတ်မကောင်းဖြစ်ရုံကလွဲလို့ ကျွန်တော်တို့လုပ်နိုင်တာ ဘာမှမရှိပါဘူး”လို့ ပြောပါတယ်။

မီးသတ်သမားတွေဟာ ဒုတိယအိမ်က လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် မီးက အရမ်းပူပြီး အခြားနောက်တွဲခန်းတွေကို လောင်ကျွမ်းခဲ့ပါတယ်။ မီးသတ်သမားအိမ်နဲ့ နီးတဲ့ အိမ်နီးနားချင်းတွေကတော့ ပေါက်ကွဲသံတွေကြောင့် အိပ်ရာကနိုးထလာခဲ့ပြီး အဲဒီနောက်မှာ လေထဲကို ပေ ၃၀ လောက်မြှင့်တက်နေတဲ့ မီးတောက်တွေကို မြင်တွေ့ခဲ့ရတဲ့အတွက် အပြင်ကို ပြေးထွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ အိမ်နောက်တွဲခန်းထဲမှာ ရှိနေကြတဲ့ ဂါစီယာရဲ့မိသားစုတွေက မီးထဲပါသွားခဲ့ရပါတယ်။ ဂါစီယာ ဆန်တို့စ်က သူ့အိမ်ကို မီးလောင်နေတဲ့အချိန်မှာ တောမီးငြိမ်းသတ်ဖို့ အိမ်နဲ့ မိုင် ၂၀၀ အဝေးမှာ ရောက်နေခဲ့တာပါ။ Benton County Fire Protection က Smoke Detector တပ်ဆင်ပေးတဲ့ ပရိုဂရမ်ရှိပေးမယ့် ဂါစီယာရဲ့နောက်ခန်းတွဲယာဉ်ပါတဲ့အိမ်က အဲဒါတပ်ဆင်လို့မရခဲ့ဘူးလို့ ဆိုပါတယ်။ မီးလောင်ရခြင်းအကြောင်းအရင်းက လျှပ်စစ်လျှော့ဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

ဂါစီယာရဲ့မိသားစုနာရေးအတွက် လူ (၆၀၀) ကျော်က အကူငွေလှူဒါန်းခဲ့တဲ့အတွက် ဒေါ်လာ ၃၂၀၀၀ ကျော်ရရှိခဲ့ပါတယ်။

Ref: Firefighter Loses Entire Family To House Fire While He Was Out Tackling Wildfires

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top