ဥရောပတောင်ပိုင်းမြို့တွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ မြူခိုးတွေ ဖုံးလွှမ်းနေ

yyl-057-1.jpg

ပူပြင်းခြောက်သွေ့ချိန် ကြာမြင့်ပြီး လေပြေညှင်းပဲ တိုက်ခတ်နေလို့ ဥရောပတိုက် တောင်ပိုင်းမြို့တွေမှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ မြူခိုးတွေ ဖုံးလွှမ်းနေပါတယ်။ အီတလီနိုင်ငံမြို့တော် ရောမမြို့နဲ့ အီတလီနိုင်ငံရဲ့ အဓိကမြို့ကြီးတွေမှာ လေထုညစ်ညမ်းမှု လျှော့ချနိုင်ဖို့ ဒီဇယ်ကားတွေကို ယာယီပိတ်ပင်ဖို့ ညွှန်ကြားထားပါတယ်။ ဘော့စ်နီးယားနိုင်ငံမှာတော့ ဓာတ်ငွေ့မျက်နှာဖုံးစွပ်ထားသူတွေက လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး အစိုးရဘက်ကနေ တုံ့ပြန်လှုပ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါဟာ မြူခိုးဖုံးလွှမ်းတဲ့ အရေးပေါ် အခြေအနေဖြစ်တယ်လို့ သဘာဝပတ်ဝန်းကျင်သမားတွေက မှတ်ချက်ပေးခဲ့ပါတယ်။

ရောမမြို့ရဲ့ ယာဉ်အသွားအလာ စည်ကားချိန်တွေမှာ ဒီဇယ်ကားတွေ၊ ဗန်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လေထုညစ်ညမ်းစေတဲ့ တခြားယာဉ်တွေ အသုံးပြုခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ လာမယ့် ၃ ရက်အထိ အကျုံးဝင်ဖွယ်ရှိတဲ့ ကန့်သတ်ချက်တွေကြောင့် ယာဉ်အစီးရေ တစ်သန်းနီးပါး ထိခိုက်ဖို့ရှိပါတယ်။ ရောမမြို့မှာ PM10 (လေထုထဲတွင် ပါဝင်သည့်အမှုန်)စောင့်ကြည့်တဲ့နေရာ ၁၃ ခုရှိတဲ့အနက် အနည်းဆုံး တည်နေရာ ၉ ခုမှာ PM10 ပါဝင်မှုက တရားဝင်သတ်မှတ်ထားတဲ့ ပမာဏထက် ပိုများနေပါတယ်။ လေထုညစ်ညမ်းမှု ကြုံတွေ့နေရချိန်မှာ ရောမမြို့တော်ကောင်စီရဲ့ တုံ့ပြန်မှုက နှေးလွန်းတယ်လို့ သဘာဝပတ်ဝန်းကျင်သမားတွေက စောဒကတက်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top